Author: Salai

စစ်ကောင်စီထံ ဖက်ပြောင်းသွားသော ရဲဘော်(၄)ဦးကြောင့် အညာမြေတပ်ပေါင်းစု စခန်းခွဲတစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီး တော်လှန်ရေးရဲဘော် ၃ဦးကျဆုံး

  စက်တင် ၃၀ The Kaladan Post   ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၈ရက်နေ့ ညနေတွင် အညာမြေတပ်ပေါင်းစု စခန်းခွဲတစ်ခုကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၃ဦး ကျဆုံးခဲ့ကြောင်း အညာ မြေတပ်ပေါင်းစုက ယမန်နေ့ စက်တင်ဘာလ ၂၉ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန် ချက်နှင့် ပတ်သက်ပြီး အညာမြေတပ်ပေါင်းစုရဲ့ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့တပ်ပေါင်းစု စခန်း ခွဲတစ်ခုကို ဗုံးကျဲတိုက်ခိုက်သွားတဲ့လေကြောင်းက ပခုက္ကူတပ်မ ၁၀၁ကနေတက်လာတဲ့ ပါရာမော်တာ ဖြစ်ပါတယ် ဗုံးနစ်လုံးကျဲချသွားတော့ ယခုလိုပြည်သူ့ ရဲဘော်နှစ်ဦး မြင့်မြတ်စွာကျဆုံးသွားတာပေါ့ဗျ ဒီလို အတိအကျကို ဗုံးကြဲချမှုဟာလည်း ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်နေ့က အကြမ်းဖက်စကစ ထံ ဝင်သွားတဲ့ ယခင်က ကျွန်တော်တို့ရဲဘော်ဟောင်း ၄ယောက်က သတင်းအတိအကျပေးလို့ဗုံးကြဲခံ လိုက်ရပါ “ဟု The Kaladan Post သို့ပြောဆိုသည်။ ၎င်း လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ တော်လှန်ရေးရဲဘော် အညာမြေတပ်ပေါင်းစုမှာ တာဝန်ထမ်းဆောင်နေသူ ရဲဘော် သေမင်း ၊တာဝန် စခန်းမှူး၊ တပ်စိတ်မှူး၊ အသက်( ၂၀)နှစ်၊  ရဲဘော် ဗလ ၊အသက် (၁၈) God of myaing နှင့် ရဲဘော် နိုင်ကြီး၊ အသက် (၃၄)နှစ်၊ PI pdf ရဲဘော်သုံးဦး ကျဆုံးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါဖြစ်စဥ်သည် တော်လှန်ရေး တပ်ဖွဲ့တွေအနေဖြင့် မိမိတို့တပ်ဖွဲ့ကနေ အကြမ်းဖက် စကစထံ ဖက်ပြောင်းသွားတဲ့ ရဲဘော်တွေရှိပါက  အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုပြုလုပ်မှာ အသေအခြာပင်ဖြစ်သောကြောင့် မလိုအပ် ဘဲ တော်လှန်ရေးရဲဘော်တွေ ကျဆုံးထိခိုက်မှုမရှိလေအောင် တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေ အနေဖြင့် အထူးသတိထားရဖြစ်ပြီး မိမိတို့တပ်အထိုင်ချစခန်းများအား အမြန်ဆုံးပြောင်းရွှေ့သွားရန် လိုအပ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ ထို့အပြင် အဖိုးတန်လှသော ဤဆုံးရှူံး မှုများအတွက် အညာမြေတပ်ပေါင်းစုမှ ဖော်မပြနိုင် အောင် ကြေကွဲခံစားရပါကြောင်းနှင့် တော်လှန် ရေးအတွက်၊ ရဲဘော်များ၏ မိဘများအတွက် အညာမြေ တပ်ပေါင်းစုမှ ဒီဆုံးရှုံးမှုများကို ပြန်လည်တောင်းယူ ကုစားပါသွားမည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ဤသို့ ကျဆုံးခဲ့ကြသော ရဲဘော်များ၏ မျက်နှာကို ထောက်ရှူသောအားဖြင့် တော်လှန်ရေးတွင် ရိုးသားစွာ၊ ယုံကြည်စွာ၊ ခိုင်မာစွာ၊ လမ်းစဉ်မှန်စွာ ပါဝင်ပေးကြပါရန် ရဲဘော်များနှင့် ပြည်သူများအား အညာမြေတပ်ပေါင်းစုမှ လေးစားစွာ ထပ်လောင်း...

Read More

စကစတပ်သား ထက်မြတ်ထွန်း လက်နက်အပြည့်စုံဖြင့် မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်းထံ အလင်းဝင်

  စက်တင် ၃၀ The Kaladan Post   စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ နွယ်တမယ် တံတားရှိဂိတ်တွင် တာဝန်ကျစဥ် ခ.လ.ရ(၂၅၄)မှ တပ်သား ထက်မြတ်ထွန်းသည် လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်းက သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်းမှူး ကိုမိုးကြိုးက “ ကျွန်တော်တို့ထံအလင်းဝင်လာသူ တပ်သား ထက်မြတ်ထွန်းသည် ယခင်က မြင်းခြံဘက်က တော်လှန်ရေးအဖွဲ့အစည်းတစ်ခုမှာ ထောက်ပို့တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါ တယ် သူဟာ စလင်းတပ်နယ် ခလရ ၂၅၄ရောက်ကာ ဆင်ဖြူမြို့နွယ်တမယ် တံတားမှာတာဝန်ကျခဲ့ပြီး သူညီနဲ့ ချိတ်ဆက်ရခဲ့ပါတယ် သူတို့ညီအစ်ကို အချိတ်ဆက်ရရှိချိန်ကတည်းက အခွင့်သာတာနဲ့ အမျှ လက်နက်ယူဆောင်ပြီး အလင်းဝင်ရန် ဆုံးဖြတ်သူဖြစ်ပါတယ်။ သူ့ညီမှ တဆင့်ကြားခံ တစ်ယောက်က နယ်မြေခံတပ်ရင်းဖြစ်တဲ့ ကျွန်တော်တို့ မင်းဘူးခရိုင်တပ်ရင်း ၅က တာဝန်ရှိသူ တစ်ဦးကို ချိတ်ဆက်ကာ  သူထွက်ပြေးလာပြီး ကျွန်တော်တို့က သွားကြိုပေးရပါတယ်”ဟု The Kaladan Post သို့ ပြောဆိုသည်။ စစ်ကောင်စီတပ်သား ထက်မြတ်ထွန်းသည် ကိုယ်ပိုင်အမှတ် ပစ/၁၅၃၄၆၅ စစ်ပညာသင်တန်း အပါတ် စဉ် ၁/၂၀၂၄ သည် မင်းဘူးခရိုင်တပ်ရင်း (၅)တပ်ဖွဲ့ထံ MA-၂ (၁)လက်၊ ကျည်ဘောက် (၃)ခု၊ ဘောက်ဝိုင်း (၁)ခု ၊လက်ပစ်ဗုံး ( ၁)လုံး ၊ ၅.၅၆ ကျည် (၁၄၅)တောင့် ယူဆောင်ကာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် အလင်းဝင်ခဲ့ခြင်းဖြစ်သည်။ ထက်မြတ်ထွန်းသည် ယခင်က မြင်းခြံဘက်မှာ ထောက်ပို့ ရဲဘော်ဟောင်းတစ်ဦးဖြစ်ပြီး ထောက်ပို့လုပ်ငန်းလုပ်ဆောင်စဥ် ၂၀၂၃ခုနှစ်၇ လပိုင်းတွင် လမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့တွေ၏ ပေါ်တာဆွဲခံခဲ့ရသူဖြစ်သည်။  ပြင်ဦးလွင် – မန္တလေး​ကြား မန္တလေးစုဆောင်း ရေးတပ် ၉၁၀တွင် ၃လ သင်တန်းတက်ခဲ့ပြီးနောက် တောင်ကြီး ဟိုပုံးမြို့တွင် ၆လ သင်တန်းတက် ရောက်ခဲ့သူဖြစ်သည်။  ထိုသို့ အလင်းဝင်လာသူ တပ်သား ထက်မြတ်ထွန်းကို မင်းဘူး ခရိုင်၊ အမှတ်(၅) တပ်ရင်းမှ သိန်း(၁၀၀)ကျပ်တိတိကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့ပြီး ၎င်းဖြစ်ချင်သည့် ဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ထို့အပြင်ယခုလို အကြမ်းဖက်စစ်တပ်၏ လက်အောက်မှ ရုန်းထွက်ကာ တော်လှန်ရေးတပ်ဖွဲ့များထံ ပူးပေါင်းပါဝင်လိုသူများကို မင်းဘူးခရိုင်ရှိ တော်လှန်ရေးတပ်ဖွဲ့များမှ ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုလျှက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင်...

Read More

စက်တင် (၂၉) သတင်းတိုပေါင်းချုပ်

ကြို့ပင်ကောက်ရွာ ဒရုန်းဗုံးကြဲ တိုက်ခိုက်မှုတွင် ကျောင်းသားတစ်ဦး သေဆုံး စက်တင် ၂၉ The Kaladan Post ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျဉ်ကြီးရွာကို စစ်တပ်က တိုက်ပွဲ မဖြစ်ပွားဘဲ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ နေအိမ်တွင် စာကျက်နေသည့် အသက် ၁၈ နှစ်အရွယ် ၁၀ တန်းကျောင်းသား မောင်အိုင်စတိုင်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ စက်တင်ဘာ ၂၈ ရက် ညနေပိုင်းတွင် အလယ်ကုန်းရဲစခန်းမှ စစ်သားများက အဆိုပါ ရွာကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဗုံးစ ရင်ဘတ်ကို ထိမှန်ခဲ့သဖြင့် ကျောင်းသားမှာ ချက်ချင်း သေဆုံးခဲ့ပြီး နေအိမ်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။ စာမေးပွဲ ကာလ ဖြစ်သဖြင့် အိမ်ပေါ်တွင် စာကျက်နေချိန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဒေသခံ တစ်ဦးက စစ်သားများ၏ တိုက်ခိုက်မှုကြောင့် ရွာသားများ ထိတ်လန့်ခဲ့ရကြောင်း ပြောဆိုသည်။ အဆိုပါ အလယ်ကုန်းရဲစခန်းမှ စစ်သားများသည် စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင်လည်း ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ် အစပ်ရှိ ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒေါင်စပါးကွင်ရွာ၊ မြို့ကိုင်ရွာ၊ ဖလံပင်ရွာနှင့် ရွာသစ်ရွာတို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ နေအိမ်များ ပျက်စီးခဲ့သည်။ ရွာသားများ မှာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။ ဒေသတွင်...

Read More

မင်းတုန်းမြို့နယ်တွင် စစ်ကောင်စီ၏ အိမ်စီးကားကို ဗမာပြည်ကာကွယ်‌ရေးတပ်က ပစ်ခတ်ဖမ်းဆီးပြီး လက်နက်ပစ္စည်းများ သိမ်းဆည်းရမိ

စက်တင် ၂၉ The Kaladan Post မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာလမ်းပိုင်းတွင် စစ်ကောင်စီတပ်များ လိုက်ပါလာသည့် အနက်ရောင်အိမ်စီးကားတစ်စီးကို ဗမာပြည်ကာကွယ်‌ရေးတပ်ဖွဲ့က စစ်ဆေးရန် တားဆီးချိန်  မောင်းပြေးသဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာ စစ်လက်နက်ပစ္စည်းများ သိမ်းဆည်းရမိပြီး ကားကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း ဗမာပြည်ကာကွယ်ရေးတပ်မှ တာဝန်ခံ ကိုဗဟိန်းက The Kaladan Post သို့ ပြောကြားသည်။ ဗမာပြည်ကာကွယ်ရေးတပ်မှ တာဝန်ခံ ကိုဗဟိန်းက “ ကျွန်တော်တို့ ပစ်ခတ်ခဲ့တဲ့ ကားထဲမှာ စကစတပ် ၃ဦးပါတယ်ဗျ ဒီလမ်းစည်းကမ်းကို ကျွန်တော်တို့က ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ လမှာ နောက်ဆုံးအနေဖြင့် ထုတ်ပြန်ထားတာဖြစ်ပါတယ် အဲ့မတိုင်ခင်ကလည်း မကြာခဏ ထုန်ပြန် ပြီးသားဖြစ်ပါတယ် ဒီထုတ်ပြန်ချက်ဟာ စစ်ကောင်စီအုပ်စုရဲ့ ထောက်ပံ့ပို ဆောင်ရေးတွေအတွက် ပြည်သူယောင်ဆောင်ပြီး ရောထွေးသွားလာနေသရွေ့ ဒီလမ်းစည်းကမ်းက ထားထားဦးမှာဖြစ်ပါ တယ်” ဟု ထပ်လောင်းပြောဆိုသည်။ ဒါ့အပြင် ၎င်းကားသည် တော်လှန်ရေးတပ်ဖွဲ့ဖက်မှ စစ်ဆေး ရန်တားမြစ်ချိန် စစ်ကောင်စီတပ်ဖက်မှ အရင်ပစ်သွားသွားသဖြင့် ၎င်းကားသည် စစ်ကောင်စီတပ် တွေပါလာသည် ကားဖြစ်ကြောင်းသိရသည်ဟု ဆိုသည်။စက်တင်ဘာလ ၂၈ ရက်၊ ည ၁၁ နာရီခန့် တွင် မင်းတုန်းမြို့ဘက်မှ ပုသိမ်-မုံရွာလမ်းအတိုင်း ကျောက်တိုင်စစ်တပ်အထိုင်စခန်းဘက်သို့ မောင်းနှင်လာသည့် အနက်ရောင်အိမ်စီးကားတစ်စီးကို ကျောက်တိုင်ကျေးရွာအနီးတွင် တော်လှန် ရေးတပ်ဖွဲ့ဝင်များက ရပ်တန့်ရန် အချက်ပြခဲ့သည်။ သို့သော် ယာဉ်ပေါ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ရပ်တန့်ခြင်းမပြုဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပစ်ခတ်ပြီး မောင်းပြေးခဲ့သည်။ ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များက ပြန်လည်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ပစ်ခတ်မှုအပြီးတွင် တော်လှန်ရေးတပ်ဖွဲ့များက အဆိုပါကား ကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ကားပေါ်မှ ၄၀ မမ ဗုံးသီး ၅ လုံး၊ စစ်အသုံးအဆောင်ပစ္စည်း ၁ စုံ၊ ဖုန်း ၁ လုံး၊ ပိုက်ဆံအိတ် ၁ လုံး၊ ငွေကျပ် ၂ သိန်းနှင့် ၆ သောင်း၊ လက်ထိပ် ၁ စုံ၊ ဖိနပ် ၁ ရံ၊ ထီး ၁ ချောင်း၊ ဘေးလွယ်အိတ် ၁ လုံး၊ အဆောင် ယတြာ ၁ မျိုး၊ ကွန်ဒုံး ၂ ခု၊ ရွှေဝယ်ယူထားသည့် ပြေစာ ၁ ခု၊ သံပုရာသီး ၁ လုံး၊အားသွင်းခေါင်း ၁ ခု၊ ဆိုင်ကယ်သော့ ၁ ချောင်း၊ Ruby ဆေးလိပ် ၂ လိပ်နှင့် မီးခြစ် ၁ လုံး၊ စာအိတ်အလွတ် ၂၃ လုံး၊ ကားရေမွှေး ၁ ပုလင်း၊ အချိုရည် ၂ ဗူး များကို သိမ်းဆည်း ရမိခဲ့သည်။ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို စက်တင်ဘာလ ၂၈ ရက်၊ ည ၁၂ နာရီခန့်တွင် မင်းတုန်းမြို့မှ စစ်အင်အားအပြည့်ပါဝင်သည့် လိုက်ထရပ်ကားတစ်စီးဖြင့် စမ်းကြီးကျေးရွာအနီးသို့ လာရောက်ကြိုဆိုသွားခဲ့ကြောင်း သိရသည်။ တော်လှန်ရေးတပ်ဖွဲ့များက မင်းတုန်းမြို့နယ်တွင် ညနေ ၆ နာရီမှ စတင်ကာ မော်တော်ယာဉ်ဖြတ်သန်းမှုကို ပိတ်ပင်ထားပြီး၊ စစ်ပွဲကာလအတွင်း ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် လမ်းစည်းကမ်းများကို လိုက်နာရန် တစ်နှစ်ကျော်ကြာ ပညာပေးထုတ်ပြန်ချက်များ အကြိမ်ကြိမ်ထုတ်ပြန်ထားခဲ့သည်။ သို့သော် ခရီး သွားပြည်သူများ၏ လိုက်နာမှုမှာ အားနည်းနေဆဲဖြစ်သည်။ ယခုဖြစ်စဉ်တွင်လည်း ပြည်သူ့ကားဖြစ် မည်ကို စိုးရိမ်သဖြင့် ညအမှောင်ထဲ မောင်းလာသည့် ရန်သူမိတ်ဆွေမခွဲတတ်သည့် ယာဉ်ကို လက် ပြတားဆီးခဲ့ရသည့်အတွက် လုံခြုံရေးတာဝန်ကျရဲဘော်များ အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ လွတ်မြောက်သွားခဲ့သည်။ ပြည်သူတွေအနေနဲ့ ထုတ်ပြန်ထားတဲ့...

Read More

လူငယ် ၁၀ကျော် ဖမ်းဆီးပြီး စကစတပ်ထဲဝင်ခိုင်းသူ ရာအိမ်မှူး မြင့်အောင် ပစ်ခတ်ခံရပြီး သေဆုံး

  စက်တင် ၂၉ The Kaladan Post ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ရှမ်းကုန်းရွာ ရာအိမ်မှူး ဦးမြင့်အောင်အား ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၇ရက်နေ့ မွန်းတည့် ၁၂နာရီ ၁၅မိနှစ်ခန့်တွင် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂တပ်ခွဲ Black Tiger  ပျောက်ကြားတပ်ဖွဲ့က ၎င်းနေအိမ်တွင် သွားရောက်ပစ်ခတ်သွားကြောင်း ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်နေ့က သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂တပ်ခွဲ Black Tiger  ပျောက်ကြားတပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ပစ်ခတ်သွားတဲ့ မြင့်အောင်ဟာ ခမရ(၆)နှင့် သူနေတဲ့အိမ်သည် (၄ )ဖာလုံခန့်သာ ကွာဝေးတယ် အဲ့ဒီအထိကိုသွားပြီးတော့ ပစ်ခတ်သွားတာဖြစ်ပါတယ် သူဟဟာ လက်ပစ်ဗုံးကိုင် ဆောင်ထားပါတယ် သူ့ကြောင့်လူငယ် ၁၀ဦးထက်မနည်း စစ်ကောင်စီတပ်ထဲ ရောက်သွားရတယ် ဒါကြောင့် အရှင်ဖမ်းဆီးစစ်ဆေးခြင်းမျိုးမလုပ်ဘဲ သူ့ကို စစ်ရေးပစ်မှတ်ပြီး ချက်ချက်ပစ်ခတ်ရခြင်း ဖြစ်တယ် ဒါ့အပြင် ၎င်းမြင့်အောင်သည် စကစ ယန္တရားလည်ပတ်နိုင်အောင်လုပ်ပေး နေသူလည်း ဖြစ်ပါတယ် အခုနောက်ပိုင်းဆိုရင် သာမန်ပြည်သူမဟုတ်တဲ့ ပြည်သူများကို ဒုက္ခပေးတာ အချက်အလက် သေချာသူများအားလုံးကို သတိပေးတာတွေ မလုပ်တော့ပါဘူး “ဟု The Kaladan Post သို့ ပြောဆိုသည်။ ၎င်း မြင့်အောင်သည် စစ်မှူးထမ်းဟောင် တစ်ဦးဖြစ်သလို အကြမ်းဖက် စစ်ကောင်စီ၏ အာမခံထောက်တိုင်ဖြစ်ပြီး စစ်မှုထမ်းကြေးဟုဆိုကာ ပြည်သူများထံမှ ငွေကြေးများ အတင်းအကြပ်ကောက်ခံခြင်း၊ စစ်မှုထမ်းကြေးမပေးသူများအား စစ်တပ်ခေါ်ကာ ဖမ်းဆီးခိုင်းခြင်း များနှင့် လူငယ်များအား စစ်မှုထမ်းရန် အတင်းအကြပ် စုဆောင်းခြင်းများ လုပ်ဆောင်နေသူ ဖြစ်ကြောင်းသိရသည်။ ထိုသို့လုပ်ဆောင်ချက်များကြောင့် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂တပ်ခွဲ ၅  Black Tiger တပ်ဖွဲ့ ရဲဘော်များက ၎င်းနေအိမ်သို့သွားရောက်ကာ သေနတ်ဖြင့် ၄ချက် ပစ်ခတ်ခဲ့ရာ ရင်ဘတ်ကို ၃ချက် ထိမှန်သဖြင့် နေရာတွင် သေဆုံးခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်တွင်ဖော်ပြထား...

Read More
en_USEnglish