Author: Salai

ဇူလိုင် (၁၆) သတင်းတိုပေါင်းချုပ်

၁။ ညောင်လေးပင်ခရိုင်တွင် ၆ လအတွင်း တိုက်ပွဲ ၃၀၀ ဖြစ်ပွားပြီး စစ်သား ၂၄၂ ဦး သေဆုံး ဇူလိုင် ၁၆ The Kaladan Post ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ၆ လအတွင်း တိုက်ပွဲအကြိမ် ၃၀၀ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ၂၄၂ ဦး သေဆုံးကာ လက်နက် ၂၀၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၈၉ ဦး ဒဏ်ရာရရှိ၊ ၇ ဦး လက်နက်ချ အလင်းဝင်ရောက်ပြီး ၂၅ ဦးကို အရှင်ဖမ်းမိခဲ့သည်။ KNU ဘက်မှ ရဲဘော် ၄၄ ဦး သေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီသည် ကျေးရွာနေ ပြည်သူများကို လေကြောင်းနှင့် လက်နက်ကြီးများဖဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၄၉ ဦး သေဆုံးပြီး ၁၈၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ပြည်သူ ၁၇ ဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ စာသင်ကျောင်း ၈ လုံး၊ ဘုရားကျောင်း ၂၁ လုံးနှင့် နေအိမ် ၁၆၈ လုံး အပါအဝင် ဆိုင်ကယ်၊ လယ်ထွန်စက်များ ပျက်စီးခဲ့သည်။       ၂။ ကုန်စည်တင်ပို့မှု လာဘ်ငွေယူမှုအတွက် အရာရှိကြီးများကို ထောင်ဒဏ်နှင့် သေဒဏ်ချမှတ်...

Read More

ဂိတ်ကြေးကောက်နေသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၄ကောင်သေဆုံး

ဇူလိုင် ၁၆ The Kaladan Post ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းရဲစခန်း အနီးတွင် ဂိတ်ကြေးကောက်ခံနေသော စစ်ကောင်စီလက်အောက်ခံ စစ်သား ၄ ဦး၊ ရဲ ၁ ဦးနှင့် ပျူ စောထီး ၁ ဦး၊ စုစုပေါင်း ၆ ဦးတို့ကို ခြေလျင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြေင်း Aung San’s Land Notinduk အောင်တန်းမြေတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး Aung San’s Land Notinduk အောင်တန်းမြေတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက “ကျွန်ုပ်တို့ Aung San’s Land Notinduk အောင်တန်းမြေတပ်ဖွဲ့မှ ရဲဘော် ၅ ဦးဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာပါ ပြီးတော့ ဒီဂိတ်ဟာဆိုရင် ဂိတ်ကြေးကောက်ခံမှုတွေကြောင့် ဒေသခံပြည်သူများအား ခရီသွားပြည်သူများ ကြောက်လန့်မှု ဖြစ်ပေါ်စေပြီး စစ်တပ်ရှိနေတာဟာ လုံခြုံမှုမရှိဟု ခံစားနေကြရပါတယ် ဒါကြောင့် ဂိတ်ကြေးကောက်ခံမှုတွေ ရပ်တန့်စေရန်နှင့် ပြည်သူအားလုံး လွတ်လပ်အေးချမ်းစွာ ဖြတ်သန်း သွားလာ နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤတိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်”ဟု The Kaladan Post သို့ပြော ဆိုသည်။ ဤတိုက်ပွဲတွင် ဗိုလ်ဆရာစံ ၁ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြ သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ထံမှ MA-1 သေနတ် ၃ လက် (၁ လက်ပျက်စီး)၊ 5.56 မမ ကျည်ဆံ ၆၄ တောင့်၊ ခရီးသွားပြည်သူများထံမှ အဓမ္မကောက်ခံထားသော ဂိတ်ကြေး ငွေ ကျပ်တစ်သိန်း ရှစ်သောင်းငါးရာ(၁၈၀၅၀၀)ကျပ်တိတိ နှင့် ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။ တိုက်ပွဲသည် ၂မိနစ်သာ ကြာမြင့်ခဲ့ပြီး  စစ်ကောင်စီဘက်မှ ရဲ ၁ ဦးနှင့် ပျူစောထီး ၁ ဦးတို့သည် လက်နက်များယူဆောင်ကာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး  တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်များအားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြသည်။ ဤသတင်းထုတ်ပြန်မှုကို နယ်မြေလုံခြုံရေးအတွက် တမင်နောက်ကျမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအဖွဲတွေ၏ သတင်းတွေကို စစ်ကောင်စီဘက်မှ နောက်ကျမှ သိလေလေ ကောင်းလေလေ ဖြစ်‌တယ်ဟု...

Read More

မုံရွာမြို့အခြေစိုက် နမခ မှစစ်ကောင်စီ တပ်သား(ပစ) ၃ ယောက်အလင်းဝင်

ဇူလိုင် ၁၅ The Kaladan Post မုံရွာမြို့အခြေစိုက် နမခမှစစ်ကောင်စီ တပ်သား(ပစ) ၃ ယောက်သည် မုံရွာမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့၊ တိုက်နယ် ၂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ရေးအဖွဲ့နှင့်ချိတ်ဆက်ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ရက်နေ့တွင် အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန် ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မုံရွာမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “ ယခုလိုအလင်းဝင်လာတဲ့သူတွေရဲ့ အချက်အလက်တွေကို မဖော်ပြတာက သူတို့မိသားစုရဲ့ လုံခြုံရေးအခြေနေကြောင့် ဖြစ်ပါတယ် ပြီးတော့ ကျွန်တော်တို့ တော်လှန်ရေးတွေ အတွက် အဲ့ဒီလိုအလင်းဝင်လာသူတွေများလေလေ တော်လှန်ရေးအောင်လေလေပါပဲဗျ ဒါ့အပြင် သွေးထွက် သံယိုမှုလည်း နည်းလာမည်”ဟု The Kaladan Post သို့ပြောဆိုသည်။  မုံရွာမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့က အလင်းဝင်လာသူများကို နွေးထွေးစွာကြိုဆိုပြီး ၎င်းတို့သည် စစ်ဆေးချက်အရ စစ်ရာဇဝတ်မှုများနှင့် ပတ်သက်မှုမရှိတဲ့ သူတွေဖြစ်သောကြောင့် သူတို့ဖြစ်စေ ချင်တဲ့ အတိုင်းအတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးနေပါတယ်ဗျဟု ဆက်လက်ပြောဆိုသည်။ ထို့အတူ ယခုနှစ် ဇူလိုင် ၃ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခံရသူ တပ်သား ၄ ဦးသည် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) တိုက်နယ် ၂ တိုက်ခိုက်ရေးအဖွဲ့နှင့် ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့ကြသည်။ ၎င်းတို့ သည် စစ်ကောင်စီမှ ပေါ်တာအစားထိုးအဖြစ် စစ်မှုထမ်းခိုင်းခံရသူများဖြစ်ပြီး အောက်ခြေအုပ်ချုပ် ရေးမှူးများက ငွေကြေးရှိ သူများ၏ သားသမီးများအစား ၎င်းတို့ကို စစ်မှုထမ်းရန် အတင်းအကြပ်  စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အလင်းဝင်လာသူများကို စစ်ကောင်စီက ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) ထံသို့ထွက်ပြေးပါက ပစ္စည်းများသိမ်းဆည်းပြီး သတ်ဖြတ်မည်ဟု ခြိမ်းခြောက် ခဲ့သော်လည်း၊ ၎င်းတို့သည် သတ္တိရှိရှိ ထွက်ပြေးလာခဲ့ကြသည်။ ပကဖအဖွဲ့က ၎င်းတို့အားနွေးထွေး စွာကြိုဆိုကြပြီး၊ စစ်ကောင်စီ၏ လိမ်ညာမှုများကို သိရှိခဲ့ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ အလင်းဝင်လာ သူများအား အမြဲကြိုဆိုထားပြီး၊ လုံခြုံမှုနှင့် ပြည်သူ့ချစ်ခြင်းကို ခံစားလိုသူများအား ချက်ချင်းဆက် သွယ်ရန် တိုက်တွန်းထားသည်။ ယခုအလင်းဝင်လာသူများသည် သူတို့၏လုံခြု့ရေးအခြေနေ ကြောင့် လက်နက်များမယူဆောင်နိုင်ခြင်း ဖြစ်ကြောင်းသိရသည်။...

Read More

ဇူလိုင် (၁၅) သတင်းတိုပေါင်းချုပ်

၁။ တောင်ဒဂုံတွင် ပျူစောထီးများကို မိုင်းခွဲတိုက်ခိုက်မှု ၃ ဦးဒဏ်ရာရ ဇူလိုင် ၁၅ The Kaladan Post ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ၇၁ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ ဆိုင်ကယ်များဖြင့် ထွက်လာသည့် ပျူစောထီးများကို မြို့ပြကြွက်ကွန်ရက်မှ UG ရဲဘော်များက မိုင်းခွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။ ယမန်နေ့ ဇူလိုင် ၁၄ ရက် ည ၁၀ နာရီခန့်က ဆိုင်ကယ် ၅ စီးဖြင့် ထွက်လာစဉ် အဝေးထိန်းမိုင်း ၂ လုံးနှင့် လက်ပစ်ဗုံး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုကြောင့် ဆိုင်ကယ် ၂ စီး မီးလောင်ပျက်စီးခဲ့ပြီး ဒဏ်ရာရသူများကို မြောက်ဥက္ကလာပ ဆေးရုံတွင် အရေးပေါ်ကုသမှု ခံယူနေရသည်။ မြို့ပြကြွက်ကွန်ရက်မှ တာဝန်ရှိသူတစ်ဦးက ပျူစောထီး ၃ ဦး၏ ဒဏ်ရာမှာ သေဆုံးနိုင်ဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။ ဤတိုက်ခိုက်မှုသည် အကြမ်းဖက်စစ်ကောင်စီ၏ တရားမဝင်ရွေးကောက်ပွဲနှင့် ပြည်သူများကို မတရားစစ်သားစုဆောင်းမှုကို ဆန့်ကျင်သည့်အနေဖြင့် မြို့ပြကြွက်ကွန်ရက်က လုပ်ဆောင်ခဲ့ ခြင်းဖြစ်သည်။ ၎င်းတို့က စစ်ကောင်စီ၏ ဒေါက်တိုင်များဖြစ်သည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး များ၊ ပျူစောထီးများနှင့် စစ်ကောင်စီထောက်တိုင်များကို ရန်သူအဖြစ် သတ်မှတ်ထားပြီး အချိန်မရွေး တိုက်ခိုက်မည်ဟု သတိပေးထားသည်။ ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် မပါဝင်ရန်နှင့် ၎င်းတို့၏ လုပ်ဆောင်မှုများနှင့် အနီးကပ်မနေရန် မြို့ပြကြွက်ကွန်ရက်က တိုက်တွန်းထားသည်။ စစ်ကောင်စီနှင့် ပူးပေါင်းလုပ်ကိုင်နေသူများ အား အမြန်နှုတ်ထွက်ရန်နှင့် ငွေကြေးထောက်ပံ့မှု မပြုလုပ်ရန်လည်း...

Read More

“မြေပြင်တော်လှန်ရေးခေါင်းဆောင်များ၏ အောင်မြင်ရေးဗျူဟာ- NUG အပါအဝင် ပြောင်းလဲရန်လိုအပ်သည်များ” Exclusive Interview/ The Kaladan Post/ Episode-007

“မြေပြင်တော်လှန်ရေးခေါင်းဆောင်များ၏ အောင်မြင်ရေးဗျူဟာ- NUG အပါအဝင် ပြောင်းလဲရန်လိုအပ်သည်များ” Exclusive Interview/ The Kaladan Post/ Episode-007

Read More
en_USEnglish