“အမျိုးသမီးနိုင်ငံရေးသမားတစ်ဦးရဲ့ အမြင်နဲ့ တော်လှန်ရေးရဲဘော်တစ်ဦးရဲ့ ကြုံတွေ့ရတဲ့ ရှေ့တန်းစိန်ခေါ်မှုများ”
“အမျိုးသမီးနိုင်ငံရေးသမားတစ်ဦးရဲ့ အမြင်နဲ့ တော်လှန်ရေးရဲဘော်တစ်ဦးရဲ့ ကြုံတွေ့ရတဲ့ ရှေ့တန်းစိန်ခေါ်မှုများ”
Read MoreSep 12, 2025 | Youth and Women | 0 |
“အမျိုးသမီးနိုင်ငံရေးသမားတစ်ဦးရဲ့ အမြင်နဲ့ တော်လှန်ရေးရဲဘော်တစ်ဦးရဲ့ ကြုံတွေ့ရတဲ့ ရှေ့တန်းစိန်ခေါ်မှုများ”
Read MoreSep 12, 2025 | Daily News | 0 |
ငါးဖမ်းသမားအသွင်ယူပြီး AA တပ်ဖွဲ့ဝင်နှစ်ဦးကို သတ်ဖြတ်မှု စက်တင် ၁၂ The Kaladan Post ရခိုင်ပြည်ရေပိုင်နက်တွင် ငါးဖမ်းသမားများအဖြစ် ဟန်ဆောင်ထားသော အကြမ်းဖက်သမား များက အာရက္ခတပ်တော် (AA) လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးနှင့် ကမ်းခြေစောင့်တပ်ဖွဲ့ဝင် တစ်ဦးကို သတ်ဖြတ်ကာ လက်နက်များ လုယူပြီး ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်သို့ ထွက်ပြေး သွားခဲ့သည်။ စက်တင်ဘာ ၁၀ ရက်၊ နေ့လယ် ၁ နာရီခန့်တွင် ရသေ့တောင်မြို့နယ်၊ ကိုးတန် ကောက်နှင့် ချိန်ခါလီရွာအနောက်ဘက်တွင် ငါးခိုးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းဘုတ်များကို AA က ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသည့် ငါးဖမ်းဘုတ် ၅ စီးအနက် တစ်စီးမှ အကြမ်းဖက်သမားများက ဤလုပ်ရပ်ကို ကျူးလွန်ခဲ့ခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူ များကို ဥပဒေအရ စစ်ဆေးရန် ကမ်းစပ်သို့ ညနေ ၇ နာရီခန့်တွင် ခေါ်ဆောင်လာခဲ့သည်။ ဘင်္ဂလားဒေ့ရှ်မှ ငါးဖမ်းဘုတ်အစီး ၈၀ ခန့်သည် အာရက္ခရေပိုင်နက်အတွင်း တရားမဝင် ကျူးကျော်ဝင်ရောက် ငါးခိုးဖမ်းနေခဲ့ပြီး AA က ၎င်းတို့ကို အကြိမ်ကြိမ် ဖမ်းဆီးစစ်ဆေးကာ သတိပေးခဲ့ဖူးသည်။ ယခုဖြစ်ရပ်တွင် တရားမဝင် ငါးခိုးဖမ်းရုံသာမက တပ်ဖွဲ့ဝင်များကို သတ်ဖြတ်ပြီး လက်နက်လုယူမှုသည် အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း AA က ထုတ်ပြန် သည်။ ထို့ကြောင့် အာရက္ခတပ်တော်က ဤလုပ်ရပ်ကို ထိထိရောက်ရောက် ကိုင်တွယ်သွား မည်ဟု သတိပေးထားသည်။ ကျောက်တော်တွင် စစ်တပ်လေကြောင်းဗုံးကြဲမှု ပြည်သူ ၁၈ ဦးသေဆုံး စက်တင် ၁၂ The Kaladan...
Read MoreSep 12, 2025 | Daily News | 0 |
—————————————————————————— စက်တင် ၁၂ The Kaladan Post ညောင်ဦး ခရိုင်တွင်း တစ်နေရာ၌ စစ်ကြောင်းထိုးလျက်ရှိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက် ခဲ့ကြောင်း ပုပ္ပါးပြောက်ကြားတပ်ဖွဲ့မှ စက်တင်ဘာလ ၁၀ရက်နေ့က သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါ စစ်ကြောင်းနှင့်ပတ်သက်ပြီး ပုပ္ပားပြောက်ကြားတပ်ဖွဲ့၏ တာဝန်ရှိသူတစ်ဦးက “ဒီစစ်ကောင်စီ စစ်ကြောင်းဟာ တပ်အင်အား ၁၀၀ခန့်ဖြစ်ပါတယ် ဒီစစ်ကောင်စီ စစ်ကြောင်းဟာဆိုရင် တပ်ပေါင်းစုစစ်ကြောင်းလို့ ပြောလို့ရပါတယ် သူတို့က ကျောက်ပတောင်းတပ်၊ ညောင်ဦးတပ်နှင့် ချောက်ဦးတပ် တို့ဖြစ်ပါတယ် ဟု “ The Kaladan Post သို့ပြောဆိုသည်။ ထို့အပြင် ၎င်းစစ်ကောင်စီ စစ်ကြောင်းသည် ပုပ္ပါးပြောက်ကြားတပ်ဖွဲ့ ဖက်မှ ကြိုတင်သတင်းရရှိသဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်မှ အရာရှိငယ် တစ်ဦးအပါအဝင် ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။ ၎င်း စစ်ကြောင်းသည် မိုင်းဆွဲတိုက် ခိုက်မှုကြောင့် တစ်ရက်ပြန်လည်ဆုတ်ခွါသွားပြီး နောက်ရက်မှာ စစ်ကြောင်းပြန်ထိုးလာသော်လည်း ပုပ္ပါးပြောက်ကြားတပ်ဖွဲ့မှ နယ်မြေအခြေအနေကြောင့် ထပ်မံတိုက်ခိုက်နိုင်ခြင်းမရှိကြောင်း တပ်ဖွဲ့၏ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ ၎င်းတိုက်ခိုက်မှုအပြီး စစ်ကောင်စီ စစ်ကြောင်းနောက်ပြန်ဆုတ် ပြီးနောက် ပုပ္ပါးပြောက်တပ်ဖွဲ့ဖက်မှ နယ်မြေရှင်းလင်းရာတွင် စစ်ကောင်စီတပ်ဖွဲ့တွေ၏ သွေးစက်များ၊ ပါတ်တီးစများ အပါအဝင် စစ်အသုံးအဆောင်...
Read MoreSep 11, 2025 | Daily News | 0 |
မြ၀တီတွင် BGF တပ်ဖယ်ရှားပြီး စစ်တပ်က လုံခြုံရေးတင်းကြပ် စက်တင် ၁၁ The Kaladan Post ကရင်ပြည်နယ်၊ မြ၀တီမြို့ရှိ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားဂိတ်မှ BGF တပ်ဖွဲ့များကို စစ်တပ်က ဖယ်ရှားလိုက်ပြီး မြို့အဝင်အထွက်အတွက် ခွင့်ပြုချက်နှင့် အင်အား၊ လက်နက်စာရင်းပေးပို့ရန် အမိန့်ထုတ်ခဲ့သည်။ စစ်တပ်သည် BGF ၏ အကူအညီဖြင့် အာရှလမ်းမှတစ်ဆင့် မြ၀တီသို့ ရောက်ရှိခဲ့ပြီး တံတားဂိတ်ကို ထိန်းချုပ်ကာ လုံခြုံရေးတင်းကျပ်လိုက်သည်။ မြို့တွင်းသို့ BGF အပါအဝင် စစ်တပ်နှင့် အဆင်ပြေသော လက်နက်ကိုင်အဖွဲ့များအားလုံး အဝင်အထွက်လုပ်ရာတွင် စစ်တပ်၏ ခွင့်ပြုချက်ယူရမည်ဖြစ် သည်။ စစ်တပ်က မြ၀တီမြို့တွင် ကုန်သွယ်ရေးဇုန်၊ မြေနီကုန်း၊ ခလရ ၂၇၅ နှင့် အခြားနေရာ များတွင် စစ်ဆေးရေးဂိတ်များ ချထားပြီး လုံခြုံရေးအား ထိန်းချုပ်ထားသည်။ BGF နှင့် DKBA အဖွဲ့များသည် စစ်တပ်၏ လုံခြုံရေးတင်းကြပ်မှုကြောင့် မကျေနပ်မှုများ ရှိနေပြီး BGF အများစုမှာ ရွှေကုက္ကိုလ်တွင် တပ်စွဲထားကြောင်း သိရသည်။ စစ်တပ်၏ လုပ်ရပ်များသည် အခြားလက်နက်ကိုင်အဖွဲ့များကို ဖိနှိပ်ရန် ရည်ရွယ်နိုင်သည်ဟု ကရင်စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ BGF တပ်ဖွဲ့သည် ၎င်းတို့၏ ကာစီနိုဝင်းအတွင်း အင်အားပြည့်တပ်စွဲထားပြီး ယခုလုပ်ရပ်များကြောင့် အနာဂတ်တွင် ပဋိပက္ခများ ဖြစ်ပေါ်လာ နိုင်သည်ဟု သတင်းရင်းမြစ်က သတိပေးသည်။ မကြာသေးမီက အမေရိကန်က BGF ခေါ် KNA ကို နိုင်ငံဖြတ်ကျော် ရာဇဝတ်အဖွဲ့အစည်းအဖြစ်...
Read MoreSep 10, 2025 | Daily News | 0 |
လက်ပံတန်းမြို့နယ်တွင် စစ်တပ်ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အမျိုးသမီး ၂ ဦးသေဆုံး စက်တင် ၁၀ The Kaladan Post ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ သစ်ဟောင်းပြင်ရွာကို စက်တင်ဘာလ ၉ ရက်နေ့ မွန်းလွဲပိုင်းတွင် အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ သည်။ ထိုတိုက်ခိုက်မှုကြောင့် အသက် ၆၀ အရွယ် ဒေါ်ခင်လှိုင်နှင့် အသက် ၅၀ အရွယ် ဒေါ်စန်းဌေးတို့ သေဆုံးခဲ့သည်။ အသက် ၄၅ နှစ်အရွယ် မညိုမီလှိုင်နှင့် အသက် ၉ နှစ်အရွယ် မယွန်းဝတီတို့ ပြင်းထန်ဒဏ်ရာရရှိခဲ့ကာ ဆေးရုံတင်ထားရသည်။ နေအိမ် ၂ လုံးလည်း မီးလောင်ပျက်စီးခဲ့သည်ဟု ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အလားတူ စက်တင်ဘာလ ၄ ရက်နေ့က လက်ပံတန်းမြို့နယ်ရှိ သရက်ချောင်းရွာကို စစ်တပ်က ဒရုန်းဖြင့် ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ ဦးဇေယျာလင်း၏ နေအိမ်ပေါ် ဗုံးကျရောက်ပေါက်ကွဲခဲ့သည်။ ထိုဖြစ်ရပ်တွင် ပြည်သူ ၁ ဦး သေဆုံးခဲ့သည်။ ဤတိုက်ခိုက်မှုများသည် ဒေသခံပြည်သူများအပေါ် စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကို ထင်ရှားစေသည်။ KNU က စစ်တပ်ရွေးကောက်ပွဲများကို ယုံကြည်စရာမရှိဟု ကြေညာ စက်တင် ၁၀ The Kaladan Post မြန်မာနိုင်ငံတွင် စစ်တပ်ကျင်းပသည့် ရွေးကောက်ပွဲများသည် ယုံကြည်စရာအကြောင်းမရှိ တော့ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောသည်။ ၎င်းက စစ်တပ်၏ အာဏာသိမ်းမှုများသည် ကြောင်းကျိုးဆီလျှော်မှုမရှိဘဲ...
Read More