ဇူလိုင် (၂၀) သတင်းတိုပေါင်းချုပ်
၁။ နွေဦးတော်လှန်ရေးကို အဆုံးထိ ဆက်လက်တိုက်ပွဲဝင်ရန် NUG ယာယီသမ္မတ တိုက်တွန်း ဇူလိုင် ၂၀ The Kaladan Post စစ်အာဏာရှင်စနစ် အမြစ်တွယ်နေသရွေ့ ဖိနှိပ်ခံရခြင်းမှ လွတ်မြောက်ရန် မဖြစ်နိုင်သဖြင့် နွေဦးတော်လှန်ရေးကို အဆုံးထိ ဆက်လက်လျှောက်လှမ်းရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းသည်။ ၇၈ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားတွင် ၎င်းက ဤသို့ပြောကြားခဲ့ခြင်းဖြစ်သည်။ နွေဦးတော်လှန်ရေးသည် သွေးကြောင်သူများအတွက် လမ်းမဟုတ်ဘဲ၊ အသက်နှင့်ဘဝများဖြင့် ရင်းနှီးပေးဆပ် နေရသည့် တိုက်ပွဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ အာဇာနည်များ၏ စွန့်လွှတ်မှုကို ပေါ့ပေါ့တန်တန် မတွက်ဆဘဲ စစ်အာဏာရှင်စနစ်ကို ဖြိုချရန် စည်းလုံးညီညွတ်စွာ ဆက်လက်ရုန်းကန်ရန် အရေးကြီးကြောင်း သမ္မတက ပြောကြားသည်။ မြန်မာနိုင်ငံ၏ လွတ်လပ်ရေးအတွက် ခေတ်အဆက်ဆက် အာဇာနည်များက အသက် ပေးဆပ်ခဲ့ရသည်ကို သတိရရင်း၊ လက်ရှိတော်လှန်ရေးတွင်လည်း ပြည်သူများက ဆက်လက် ပေးဆပ်နေရကြောင်း ယာယီသမ္မတက ထောက်ပြသည်။ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေးအတွက် အာဇာနည်စိတ်ဓာတ်ဖြင့် အဆုံးထိ တာဝန်ယူလျှောက်လှမ်းရန် ၎င်းက တိုက်တွန်းသည်။ ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ကြေညာချက်ထုတ်ပြန်ခဲ့ပြီး၊ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် အင်အားစုများ ပူးပေါင်းကာ ၄ နှစ်ကျော်ကြာ ခုခံတော်လှန်စစ်ဆင်နွှဲခဲ့ရာ နယ်မြေအချို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ ၂။ မင်းလှမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှု စစ်သား ၈၀ ကျော်သေဆုံး ဇူလိုင် ၂၀ The...
Read More