Author: Salai

သီလုံးရွာရှိ ပျူစောထီးများအား တော်လှန်ရေးတပ်ပူးပေါင်း တိုက်ခိုက်

—————————————————————— ဇူလိုင် ၂၂ The Kaladan Post စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီလုံးကျေးရွာတွင် ပျူစောထီးအဖွဲ့များသည် ဒေသခံပြည်သူများ၏ တောင်ယာစိုက်ပျိုးရိတ်သိမ်းမှုကို မကြာခဏ နှောက်ယှက်ပစ်ခတ်နေမှုကြောင့် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၏ ထုတ်ပြန်ချက် အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက “ ဒီ တိုက်ပွဲဟာဆိုရင် ၁၀ နာရီ ၅ မိနစ် စတင်ဖြစ်ပြီး ၁၀နာရီ ၃၀မိနစ် ကျော်ခန့် အထိဖြစ်ပါတယ် စကစဘက်က ပန်းရံဘက်ကနေ ကားတစီး နှင့် ဆိုင်ကယ် ငါးစီးဖြင့် စစ်ကူတွေ ပေးတာပေါ့ ပန်းရံ သီလုံးဟာ တစ်မိုင် နှစ်ဖာလုံဘဲ ဝေးတယ် ကတ်တရာလမ်းပိုင်းပါ သီလုံး‌ပျူရွာကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့က သိမ်းထားပြီးသားဆိုတော့ အရပ်သားပြည်သူ မရှိတော့ပါဘူး ပျူစောထီး နောက်ခံတွေနှင့် အာမာခံစကစအားပေးပဲ ရှိတော့တယ် အဲ့ဒါကြောင့် အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်သားတွေ ထိခိုက်သေဆုံးမှုကို ကျွန်တော်တို့ မသိနိုင်သေး ပါဘူး”ဟု The Kaladan Post သို့ ပြောဆိုသည်။ ၎င်းအနီးဝန်းကျင် ကျေးရွာတိုင်း ကကရ အုပ်ချုပ်ရေး ဖွဲ့စည်း ထားရှိပြီးသား ဖြစ်ပြီး ကျေးရွာနေ ပြည်သူများ ဘေးကင်းဖို့အတွက် လုံခြုံရေး ကင်းတွေ ချထားပြီဖြစ်ကြောင်းနှင့် ပြည်သူများအနေ ဖြင့် တော်လှန်ရေးအင်အားစုများ လမ်းညွှန်မှုအတိုင်း နေထိုင်ပြုမူဖို့ ရွှေဘိုမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့တာဝန်ခံက မေတ္တာရပ်ခံထားပါသည်။ တိုက်ပွဲသည် ၃၀ မိနစ်ခန့် ပြင်းထန် စွာ ဖြစ်ပွားခဲ့ပြီး ပန်းရံနှင့် ဇီးဖြူကုန်းကျေးရွာများမှ ပျူစောထီးတပ်ကူများ ရောက်ရှိလာကာ RPG နှစ်လုံး ပစ်ခတ်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များမှာ ထိခိုက်မှုမရှိဘဲ ဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်။ ဤစစ်ဆင်ရေးကို Mission Shwebo Crocodile၊ Firly Dragon Force၊ ရွှေဘိုမြို့နယ်ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ Shwebo Federal Army၊ HG Fighter၊ ဒေါင်းစစ်သည်၊ စွန်ရဲရွှေဘို၊ Eye For Eye၊ Shwebo Western Revolution Force၊ တောင်သူ့လွှတ်မြှောက်ရေးတပ်ဖွဲ့ (FIF) နှင့် ဗိုလ်လင်းရောင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ဒပယ) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ ပြည်သူ့အိုးအိမ်များကို ဖျက်ဆီးမီးရှို့၊ မတရားနှိပ်စက်သတ်ဖြတ်နေသော စစ်ကောင်စီနှင့် ပျူစောထီးများကို ချေမှုန်းနိုင်ရန် ပြည်သူများ၏ ပံ့ပိုးကူညီမှုကို ဆက်လက်လိုအပ်ကြောင်း ၎င်း...

Read More

“မလေးရှားနိုင်ငံရောက် ဒုက္ခသည်များ၏ ဘေးကင်းလုံခြုံမှုနှင့် တတိယနိုင်ငံခိုလှုံခွင့် အလားအလာ”Youth and Women’s Affairs Program Interview/ The Kaladan Post/ Episode-006

“မလေးရှားနိုင်ငံရောက် ဒုက္ခသည်များ၏ ဘေးကင်းလုံခြုံမှုနှင့် တတိယနိုင်ငံခိုလှုံခွင့် အလားအလာ”Youth and Women’s Affairs Program Interview/ The Kaladan Post/ Episode-006

Read More

ဇူလိုင် (၂၁) သတင်းတိုပေါင်းချုပ်

၁။ ဧရာဝတီမြစ်ကြောင်းတွင် စစ်သင်္ဘောများ တိုက်ခိုက်ခံရ၍ တစ်စီးနစ်မြုပ် ဇူလိုင် ၂၁ The Kaladan Post ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးမှ ဆန်တက်လာသော စစ်သင်္ဘော ၁၄ စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တိုက်ခိုက်ခဲ့ရာ သင်္ဘော တစ်စီးနစ်မြုပ်ပြီး သုံးစီး မီးလောင်ပျက်စီးခဲ့သည်။ ဇူလိုင်လ ၁၇ ရက်တွင် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များတစ်လျှောက် ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လက်နက်ခဲယမ်းနှင့် ရိက္ခာတင်ဆောင်ထားသော တွဲတွန်းသင်္ဘော တစ်စီးလုံးဝနစ်မြုပ်သွားပြီး စစ်သင်္ဘော တစ်စီးနှင့် တွန်းသင်္ဘော နှစ်စီး မီးလောင်ပျက်စီးခဲ့သည်။ ဤတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ရိက္ခာနှင့် ခဲယမ်းများ ဆုံးရှုံးမှုများပြီး ထိခိုက်မှုများသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ကိုအော်စမွန်က ပြောသည်။ စစ်သင်္ဘောအုပ်သည် အထက်သို့ ဆန်တက်ရာတွင် Y-12 လေယာဉ်များဖြင့် ဗုံးကြဲကာကွယ်ပေးထားပြီး ဂျက်ဖိုက်တာနှင့် Mi-35 များဖြင့် အကြိမ်ကြိမ် တိုက်ခိုက်နေသော်လည်း တော်လှန်ရေးရဲဘော်များက အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်။ မီးလောင်ပျက်စီးသော သင်္ဘောများကို ဘေးနှစ်ဖက်မှ ညှပ်ဆွဲတွဲခေါ်ကာ ဆန်တက်သွားသော်လည်း ဆက်လက်ဖြတ်တောက်တိုက်ခိုက်ရန် တော်လှန်ရေးတပ်ဖွဲ့များ ပြင်ဆင်နေသည်။ ဤတိုက်ခိုက်မှုကြောင့် စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ ရည်မှန်းချက်သို့ ရောက်ရှိရန် မလွယ်ကူနိုင်ဟု ကိုအော်စမွန်က ထပ်လောင်းပြောကြားသည်။   ၂။ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ်အပါ ၄ ဦးဒဏ်ရာရပြီး ၁ ဦးဖမ်းဆီးခံရ ဇူလိုင် ၂၁ The Kaladan Post ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ...

Read More

စစ်သားတစ်ဦး သေနတ်၃လက်ယူဆောင်လာပြီး ပြည်သူလက်သို့ အလင်းဝင်

ဇူလိုင် ၂၁ The Kaladan Post ၂၀၂၅ခူနှစ်၊ ဇူလိုင်လ ၁၇ရက်နေ့တွင် မုံရွာ-မန္တလေးကားလမ်းမပေါ်ရှိ အထိုင်စခန်းတစ်ခုမှ ပေါ်တာ ဆွဲစစ်မှုထမ်းခေါ်ထားခံရသူ ပြည်သူ့စစ်တစ်ဦးသည် Golden Target Force (GTF) နှင့် မုံရွာမြို့နယ် တိုက်နယ်(၁) ပြည်သူ့လုံခြုံရေးအဖွဲ့တို့နှင့် ချိတ်ဆက်ကာ အောင်မြင်စွာ အလင်းဝင်ရောက်ခဲ့ ကြောင်း Golden Target Force ၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး Golden Target Force ရဲ့တာဝန်ရှိသူတစ်ဦးက “အလင်းဝင်လာသူသည် အကျွန်တော်တို့အဖွဲ့မှ  ရဲဘော် တစ်ယောက်နဲ့ သူငယ်ချင်းဗျ သူက ကျွန်တော်တို့အဖွဲ့ထဲ လာရောက်ပူးပေါင်းချင်တယ်ပေါ့ ရလား ရတယ်ပေါ့ ဆုငွေလည်း ပေးတယ်ပေါ့ အာ့ဆိုလာမယ်ပေါ့ ဘာတွေလိုလဲ မေးတာပေါ့ ဂန်းတော့ ရရင် ရသလောက်ယူခဲ့မှာလိုက်တာ MA1 3လက် ပါလာတာ တစ်လက်ကတော့ ပြေးရင်း ဘောက်က လျောကျနေရစ်တာဗျ ကျနော်တို့ကလည်း သူပြေးမယ်ချိန်းတဲ့ ညကို တစ်ညလုံး ကြိုသွားပြီး စောင့်နေတာပေါ့နော် မတွေ့ခင် သူက ဖုန်းအားကုန်သွားတာ မနက်လင်းခါနီးမှ အပင်အောက် သူအိပ်နေတာ တွေ့တာဗျ ဂန်းတွေက သူက မနိုင်လို့ ဖွတ်ထားခဲ့တာ ကျနော်တို့ အဲ့ငါးယှန်ဂိတ်နဲ့ဆို တစ်မိုင်ဝန်းကျင်လောက်ဘဲ ဝေးတော့မယ် အဲ့ထိ ပိုက်စိပ်တိုက် လိုက်ရှာရတာပေါ့ ညတုန်းက ဖွတ်ထားခဲ့တာဆိုတော့ သိပ်မမိတော့ ရှာတာတော့ နည်းနည်း အချိန်ပေးလိုက်ရတယ်ဗျ”ဟု The Kaladan Post သို့ပြောဆိုသည်။  ၎င်းအလင်းဝင်လာသူသည်  ၂၀၂၄ခုနှစ် ၇လပိုင်းလောက်က သူတို့ရပ်ကွက်ထဲက စားသောက်‌ဆိုင်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေက ဝင်ဆွဲခံရတာဖြစ်ပြီး  ရမည်းသင်း မြို့ စစ်အ‌ခြေခံသင်တန်း အမှတ် (၃)မှာ အပတ်စဉ် (၆) တွင် အခြေခံစစ်ပညာ သင်တန်းပေးခံရသူဖြစ် ကြောင်းသိရသည်။  ၎င်းအလင်းဝင်လာသူသည် ပထမ တစ်ခါလည်း သူက ပြေးဖို့ကြိုးစားခဲ့ဖူးသူဖြစ်ပြီး ထိုအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဘက်က  ပြန်မိသွားလို့ လက်ပြန်ကြိုးတုပ်ပြီး အရိုက်ခံခဲ့ဖူးသူဖြစ်ကြောင်း တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။ အဆိုပါ စစ်သားသည် MA-1 သေနတ် ၃ လက်၊ ဘောက် ၂ ဘောက်နှင့် 5.56 ကျည် ၂၀ တို့ကို ယူဆောင်လာနိုင်ခဲ့ပြီး GTF အဖွဲ့မှ အလင်းဝင်တပ်သားအား ဂုဏ်ပြုဆုငွေ ချီးမြှင့်ရန် စီစဉ်ပေးနေသည့်အပြင်  ၎င်း၏ ဆန္ဒအတိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။ ဤလုပ်ငန်းစဉ်တွင် Brave Heart Army (BHA) နှင့် နယ်မြေခံအဖွဲ့များ၏ ပူးပေါင်းကူညီမှုအတွက် ကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍ အလင်းဝင်လိုသူ စစ်တပ်သားများအနေဖြင့် GTF အဖွဲ့ကို ဆက်သွယ်ပါက လုံခြုံစွာ ခေါ်ဆောင်ပေးမည်ဖြစ်ကြောင်း ၎င်း ထုတ်ပြန်ချက်တွင်...

Read More

လက်ဆည်ရဲစခန်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးရဲဘော် ၂ ဦးကျဆုံး

——————————————————————- ဇူလိုင် ၂၁ The Kaladan Post မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ရှိ လက်ဆည်ရဲစခန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် နံနက်ပိုင်းတွင် အညာမြေတပ်ပေါင်းစုနှင့်အတူ တော်လှန်ရေးအင်အားစုများမှ ဝင်ရောက်တိုက်ခိုက် ခဲ့ကြောင်း အညာမြေတပ်ပေါင်းစု သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုဘိုဘို သန့်ဇင်က သတင်းပေးပို့ထားပါသည်။ အဆိုပါတိုက်ပွဲနှင့်ပတ်သက်ပြီး ကိုဘိုဘိုသန့်ဇင်က “ကျွန်တော်တို့ဘက် က နံနက် ၄ နာရီ ၃၀ မိနစ်တွင် စတင်တိုက်ခိုက်ခဲ့တာပါ ရဲစခန်းအတွင်းရှိ ရဲတန်း လျား ၄ ဆောင်နှင့် ဘန်ကာ ၄ ခုကို သိမ်းပိုက်နိူင်ခဲ့သော်ပေမယ့် လက်နက်ခဲယမ်းများ လျော့နည်း လာမှုနှင့် စစ်ကောင်စီဘက်မှ အချိန်မီဖြည့်တင်းနိုင်ခြင်းကြောင့် ကျန်ရှိသော ပင်မအဆောက်အအုံ ၁ ခုနှင့် ဘန်ကာ ၂ ခုကို မသိမ်းနိုင်ဘဲ ပြန်လည်ဆုတ်ခွါခဲ့ရပါတယ်” ဟုဆို သည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဘက်တွင် တပ်သား ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာပြင်းထန် ရရှိခဲ့ပါသည်။ အကြမ်းဖက် စစ်ကောင်စီဘက်မှ စစ်ကူအင်အား အလျင်အမြန်ရောက်ရှိလာခြင်း ကြောင့် တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ အမှတ် (၈) စစ်ကြောင်းမှ ရဲဘော်နဂါး (အသက် ၃၆ နှစ်) နှင့် ရဲဘော်စိုင်းနောင် (ခ) ထွန်းခ (အသက် ၁၉ နှစ်) တို့ မြင့်မြတ်စွာ ကျဆုံးခဲ့ပြီး၊ အညာမြေ တပ်ပေါင်းစုမှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် Type-81 သေနတ် ၂ လက် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ဤတိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစု၊ အမှတ် (၈) စစ်ကြောင်းဦးဆောင်မှုဖြင့် ပခုက္ကူခရိုင် တပ်ရင်း-၁၉ (တပ်ခွဲ-၃) ဆိပ်ဖြူဗိုလ်မထားတပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေး တပ်ပေါင်းစု (PLC)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ God of Myaing, PL PDF၊ ကိုရေခဲနှင့် ကိုဗလ ဦးဆောင်သော လူငယ်ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသူ တော်လှန်ရေးရဲဘော်ကိုလည်း အခက်အခဲပေါင်းများစွာထဲကနေ ကယ်တင်နိုင်ခဲ့ ကြောင်းသိရသည်။ ၎င်း လက်ဆည်ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား၂၅ခန့်ဖြင့် အထိုင်ချ ထားသောထားသော...

Read More
en_USEnglish