Author: Salai

ဩဂုတ် (၂၃) သတင်းတိုပေါင်းချုပ်

နောင်ပိန်ရွာတွင် လေကြောင်းဗုံးကြဲမှုကြောင့် နေအိမ်များ မီးလောင်ပြီး တိုက်ပွဲများ ပြင်းထန် ဩဂုတ် ၂၃ The Kaladan Post ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ရွာကို စစ်တပ်က ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်။ မြေပြင်တွင်လည်း စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်။ ဒေသခံတစ်ဦးက စစ်တပ်က Y-12 လေယာဉ်နှင့် ဂျက်ဖိုက်တာများဖြင့် နေ့စဉ်ဗုံးကြဲပြီး လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည် ဟု ပြောသည်။ ပြည်သူများမှာ ဗုံးကြဲမှုများ စတင်သည့်နေ့မှစ၍ ထွက်ပြေးတိမ်းရှောင်နေရသည်။ ထိခိုက်ဒဏ်ရာရသူများ ရှိမရှိကို လက်ရှိတွင် အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဩဂုတ်လ ၁၉ ရက်မှစ၍ နောင်ပိန်ရွာအနီး ထန်းတပင်ရွာသို့ စစ်တပ်စစ်ကြောင်း ရောက်ရှိလာပြီး နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။ ဩဂုတ်လ ၂၀ ရက်ကလည်း ကျောက်မဲမြို့နယ် ပင်တီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘေးရှောင်ပြည်သူ ၁၀ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။ စစ်တပ်၏ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်မှုများကို သျှမ်းကျောင်းသားသမဂ္ဂနှင့် Tai Youth အဖွဲ့တို့က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချထားသည်။   အာရှလမ်းမထိန်းချုပ်ရေး အောင်ဇေယျစစ်ကြောင်းကို KNLA တိုက်ခိုက်မှု စစ်သား ၄၀ ကျော်သေဆုံး ဩဂုတ် ၂၃ The Kaladan Post ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီအာရှလမ်းမကို ထိန်းချုပ်ရန် ကော့ကရိတ်မြို့မှ ထွက်လာသည့်...

Read More

ဟားခါးမြို့တွင် စစ်ကောင်စီပစ်ခတ်မှုကြောင့် လူငယ်တစ်ဦးသေဆုံးခဲ့သည့်အပြင် လူငယ်ဖမ်းဆီးမှု များ ဆက်လက်လုပ်ဆောင်နေ

—————————————————————————- ဩဂုတ် ၂၂ The Kaladan Post ချင်းပြည်နယ်၊ လောက်တူဒေသ၊ သီဆဲင်း(က) ကျေးရွာတွင် နေထိုင်သူ Salai Sang Khia သည် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂၀ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ ကြောင်း ဒေသတွင်းသတင်းဖော်ပြချက်များအရသိရသည်။ အဆိုပါသတင်းထုတ်ပြန်ချက်များနှင့် ပတ်သက်ပြီး သီဆင်း(က)ကျေးရွာတွင်နေထိုင်သူတစ်ဦးက “ Salai Sang Khia သည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လတွင် ၎င်း၏အဒေါ်ဖြစ်သူ နေမကောင်းဖြစ်သဖြင့် ဟားခါးဆေးရုံသို့ ပို့ဆောင်ခဲ့တာပါ သူတို့ဆေးရုံပြီးမှ ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် သူ့ရဲ့အဒေါ်အတွက် စားစရာဝယ်ယူရန် မြို့ထဲသို့ဆိုင်ကယ်ဖြင့် ထွက်ခွာခဲ့ရာမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးတားမြစ်သည့်အတွက် သူဟာ စစ်ကောင်စီတွေဖမ်းဆီးမှာကို ကြောက်လန့်သဖြင့် ဆိုင်ကယ်အားမရပ်ဘဲ ဆက်လက် မောင်းနှင်သဖြင့် ယခုလိုကြုံတွေရခြင်းဖြစ်သည်ဟု” ၎င်းက The Kaladan Post သို့ပြောဆိုသည်။ Salai Sang Khia သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်ခဲ့ရာတွင် ကျည်(၃)ချက်ထိမှန်သည့် အပြင် လည်းကျသည့်နေရာတွင် စစ်ကောင်စီတပ်များက ရိုက်နှိပ်ထိုးကြိတ်မှုများပါ ဆက်လက်လုပ် ဆောင်သဖြင့် နေရာတွင်ပင်သွေးထွက်လွန်ခဲ့ပြီဖြစ်ပြီး ဆေးရုံသို့ရောက်ရှိကာ ဆေးကုသမှုခံယူ ပေမယ့် ဒဏ်ရာပြင်းထန်သောကြောင့် ပြန်လည်သက်သာမှုမရှိဘဲ ဩဂုတ်လ ၂၁ရက်နေ့တွင် ဟားခါးဆေးရုံ၌ သေဆုံးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ဩဂုတ်လ ၃ ရက်က ဘာသာရေးလူငယ်ခေါင်းဆောင်များ ဦး ဆောင်ကျင်းပခဲ့သည့် ချစ်ကြည်ရေးဝတ်ပြုပွဲအပြီး ဘုရားကျောင်းမှ ပြန်လာစဉ် စစ်ကောင်စီ တပ်ဖွဲ့ များက ကြိုတင်စောင့်ဆိုင်းကာ လူငယ်တွေကို အစုလိုက်ဖမ်းဆီးခြင်းဖြစ်ပေါ်ခဲ့သည်။ ထိုသို့ဖမ်းဆီးချိန်တွင်ပါဝင်သော လူငယ်များမှာ (၇)ယောက်ခန့်သာလွတ်မြောက်သေးကြောင်း ဒေသတွင်း သတင်းဖော်ပြချက်များအရသိရသည်။ ထို့ကြောင့် ဟားခါးမြို့ပေါ်တွင် နေထိုင်သူ လူငယ်တွေအနေနဲ့ စစ်ကောင်စီရဲ့ဖမ်းဆီးမှုများမခံရလေအောင် အသွားအလာဆင်ခြင်ရန်လို အပ်ကြောင်း...

Read More

ဩဂုတ် (၂၂) သတင်းတိုပေါင်းချုပ်

ကြံ့ဖွတ်ပါတီ ရွေးကောက်ပွဲအနိုင်ရရန် သေချာဟု ဘူးလက်လှဆွေ ကြုံးဝါး ဩဂုတ် ၂၂ The Kaladan Post စစ်တပ်ကျင်းပမည့် ရွေးကောက်ပွဲတွင် ကြံ့ဖွတ်ပါတီက အနိုင်ရပြီး အစိုးရသစ်ဖွဲ့စည်း မည်ဖြစ်ကာ စစ်တပ်နှင့်ပူးပေါင်း၍ AA နှင့် MNDAA ကို အပြတ်အသတ်နှိမ်နင်းမည်ဟု ကြံ့ဖွတ်ပါတီ၏ နေပြည်တော်ပြည်ထောင်စုနယ်မြေ ဥက္ကဋ္ဌ ဘူးလက်လှဆွေက ဩဂုတ်လ ၂၀ ရက်တွင် လူမှုကွန်ရက်ဗီဒီယိုမှတစ်ဆင့် ထုတ်ဖော်ပြောဆိုခဲ့သည်။ သူက NLD မပါဝင်သဖြင့် ကြံ့ဖွတ်ပါတီ၏ အနိုင်ရမှု သေချာနေပြီး၊ အစိုးရသစ်ဖွဲ့ပြီးပါက စစ်တပ်နှင့်ပူးပေါင်း၍ သူပုန်အုပ်စုများကို နှိမ်နင်းမည်ဟု ဆိုသည်။ ထို့ပြင် UWSA ၏ အတွေ့အကြုံကို ရည်ညွှန်းကာ အမုန်းကြိတ်မည်ဟု သတိပေးခဲ့သည်။ ငြိမ်းချမ်းရေးမယူပါက AA နှင့် MNDAA ကို ပြင်းထန်စွာ တိုက်ခိုက်မည်ဟု ၎င်းက ကြုံးဝါးသည်။ ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီ ဦးဆောင်သော စည်းရုံးရေးခရီးစဉ်များကို နိုင်ငံတဝန်း လှည့်လည် လုပ်ဆောင်နေပြီး ကျေးရွာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအဖြစ် ပါတီဝင်များကို စစ်တပ်နှင့် ပူးပေါင်း၍ ခန့်အပ်လျက်ရှိသည်။ ထို့ပြင် စစ်တပ်ထောက်ခံသည့် အနုပညာရှင်များနှင့် တွေ့ဆုံ ကာ ရွေးကောက်ပွဲအောင်မြင်ရေးနှင့် ပြည်သူများ ဆန္ဒမဲပေးရေးအတွက် စည်းရုံးခိုင်းနေ ကြောင်း ပါတီသတင်းရင်းမြစ်ထံမှ သိရသည်။ မြိတ်တွင် KNDO ၏ တိုက်ခိုက်မှုကြောင့် စစ်ကား ပျက်စီးပြီး စစ်သားတစ်ဦး အလင်းဝင် ဩဂုတ် ၂၂ The Kaladan Post တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်ဒေသသို့...

Read More

ဩဂုတ် (၂၁) သတင်းတိုပေါင်းချုပ်

ဒီးမော့ဆိုမြို့နယ်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန် ဩဂုတ် ၂၀ The Kaladan Post ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ကို စစ်တပ်က သိမ်းပိုက်ပြီဟု ဝါဒဖြန့်ထုတ်ပြန်သော်လည်း လက်ရှိအချိန်ထိ မြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း ကရင်နီ တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။ ဩဂုတ်လ ၄ ရက်မှစ၍ အကြမ်းဖက် စစ်ကောင်စီတပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် ကျေးရွာများနှင့် ရပ်ကွက်များကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဩဂုတ်လ ၁၉ ရက်တွင် စစ်တပ်သည် ဒီးမော့ဆိုမြို့တွင်းသို့ ရောက်ရှိခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။ စစ်တပ်က မြို့၏ ၆၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားပြီး ဖရူဆိုဘက်သို့ ဆက်လက် ထိုးဖောက်ရန် ရည်မှန်းထားသည်။ စစ်ကောင်စီတပ်၏ မြေပြင်နှင့် ဝေဟင်ထိုးစစ်ကြောင့် ဒီးမော့ဆိုမြို့နယ်တွင် ပြည်သူ ထောင်ချီစစ်ဘေးရှောင်နေရသည်။ စစ်ဘေးရှောင်စခန်းများကိုလည်း လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးသူများ ရှိနေသည်။ စစ်တပ်သည် ဒီးမော့ဆိုမြို့ ပေါ်တွင် လုံခြုံရေးအထူအထပ်ချထားပြီး၊ ဌာနဆိုင်ရာအဆောက်အအုံများတွင် တပ်စွဲကာ မြို့ကို ထိန်းသိမ်းရန် ပြင်ဆင်နေသည်။ ဖရူဆိုဘက်သို့ စစ်ကြောင်းများ ဦးတည်နေပြီး တော်လှန်ရေးတပ်ဖွဲ့များကလည်း ခုခံတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသည်။     စစ်တပ်၏ ရွေးကောက်ပွဲအတွက် မြို့ပေါ်နယ်မြေများ ဦးစားပေးသိမ်းယူရေး စီမံချက် ဩဂုတ် ၂၀ The Kaladan Post အကြမ်းဖက်စစ်တပ်သည် စစ်အုပ်ချုပ်ရေး ကြေညာထားသော ၆၃ မြို့နယ်တွင် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်ဒေသများကို ဦးစားပေး တိုက်ခိုက်သိမ်းယူရန် စီမံချက်ဖြင့် လုပ်ဆောင်နေကြောင်း...

Read More

မင်းကင်းနှင့်ကနီမြို့နယ်ကြားတွင် စစ်ရေယာဉ်တိုက်ခိုက်မှုအပြီး အပြန်တွင် မင်းတပ်မြို့သိမ်း တိုက်ပွဲ၌ မြင့်မြတ်စွာကျဆုံးခဲ့တဲ့ အာဇာနည်ရဲဘော်(၇)ဦးအား ဂုဏ်ပြုဦးညွှတ်အလေးပြု

————————————————————————— ဩဂုတ် ၂၀ The Kaladan Post ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၉ရက်နေ့တွင် မင်းကင်းမြို့နယ်နှင့် ကနီမြို့နယ်ကြားရှိ ဧရာဝတီမြစ်အတွင်း စစ်ကောင်စီ၏ ရေယာဉ်အုပ်စုအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း(၃)၏ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း(၃)၏ ဘဏ္ဏာရှာဖွေရေးတာဝန်ခံ ကိုသစ်တော က” ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ စစ်ရေယာဥ်သည် ၂၈စင်းဖြစ်ပါတယ်ခင်ဗျ ပြီးတော့စစ်ကောင်စီ အင်အားကိုလည်းအတည်မပြုနိုင်သေးပါဘူး’ဟု The Kaladan Post သို့ပြောဆိုသည်။ ထို့အပြင် ၎င်းတိုက်ခိုက်မှုအပြီးအပြန်တွင် ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အမည်ဖြင့် ဖော်ဆောင်ခဲ့သော မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း မြင့်မြတ်စွာအသက်လှူပေးခဲ့ကြသော အာဇာနည် ပြည်သူ့ရဲဘော်များအား ဂုဏ်ပြုဦးညွှတ်အလေး ပြုခဲ့ကြောင်းသိရသည်။ အဆိုပါချင်းပြည်နယ် မင်းတပ်မြို့ သိမ်းတိုက်ပွဲအတွင်း မုံရွာခရိုင် ပြည်သူ့ ကာကွယ်ရေး တပ်မတော် တပ်ရင်း(၃)မှ ပြည်သူ့ရဲဘော် (၇)ဦးတို့သည် ပြည်သူလွတ်မြောက်နိုင် ရေးအတွက် အသက်လှူသွားကြားတယ်လို့ ဘဏ္ဏာရှာဖွေရေး တာဝန်ခံ ကိုသစ်တောက ဆက်လက် ပြောဆိုသည်။ ချင်းပြည်နယ်မင်းတပ်မြို့ကို ချင်းညီနောင်အဖွဲ့ နှင့် မဟာမိတ်များက ချင်းညီနောင် စစ်ဆင်ရေး (Operation CB) အမည်ဖြင့် ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက်နေ့တွင် အောင်မြင်စွာဖြင့် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ ထို့တိုက်ခိုက်မှုကို ၁၀၇ မမ ဒုံးကျည် (၂) လုံးနှင့် ရော့ကတ်များဖြင့် ဆောင်ရွက်ခဲ့ပြီး၊ ရဲဘော်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ ဤစစ်ဆင်ရေးတွင် Justice Brothers Force၊ မုံရွာခရိုင်အမှတ်(၃) တပ်ရင်း တပ်ခွဲ(၂) မဟူရာကျား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မုံရွာခရိုင်အမှတ်(၁၈) တပ်ရင်း၊ ရေဦးကိုသားကြီးနှင့် ရဲဘော်များအဖွဲ့ တို့ ပူးပေါင်းပါဝင်ခဲ့ကြသည်။ ဤစစ်ဆင်ရေးသည် စစ်ကောင်စီ၏ ရေကြောင်းထောက်ပံ့မှု လမ်းကြောင်းကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့သည့် ထင်ရှားသော အောင်မြင်မှုတစ်ခုဖြစ်သည်။ ဤအောင်မြင်မှုသည် ပြည်သူ့ ဘက်တော်သား ရဲဘော်များ၏ စည်းလုံးညီညွတ်မှု၊ သတ္တိရှိမှုနှင့် စစ်ဆင်ရေးစွမ်းရည်ကို ထင်ရှားစွာ...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish