ဒီဇင် (၁၇) သတင်းတိုပေါင်းချုပ်
မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုကို TNLA နှင့် MNDAA ပြင်းပြင်းထန်ထန် ရှုတ်ချ ဒီဇင် ၁၇ The Kaladan Post ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို စစ်ကောင်စီက ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့သည့် စစ်ရာဇဝတ်မှုကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ကိုးကန့်အမျိုးသားဒီမိုကရက်တစ် တပ်မတော် (MNDAA) က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဆေးကုသမှုခံယူနေသည့် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ အပါအဝင် အရပ်သား ၃၃ ဦး သေဆုံးခဲ့ရပြီး ၇၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကာ ဆေးရုံအဆောက်အအုံ နီးပါး ပျက်စီးခဲ့သည်ဟု သိရသည်။ စစ်ကောင်စီ၏ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်မှုများသည် အရပ်သားများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံကို ကျရှုံးနိုင်ငံအဖြစ်သို့ တွန်းပို့နေခြင်းဖြစ်ကြောင်း TNLA နှင့် MNDAA က ထုတ်ပြန်ကြေညာချက်တွင် ထောက်ပြထားသည်။ ဒီဇင်ဘာ ၁၁ ရက်နှင့် ၁၃ ရက်တို့တွင်လည်း ကျောက်ဖြူမြို့နယ်ရှိ စစ်ရှောင်စုစည်းရာနေရာများနှင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းများကို ဗုံးကြဲခဲ့ရာ အရပ်သား အများအပြား ထပ်မံသေဆုံးခဲ့သည်ဟု ဆိုသည်။ အဆိုပါ စစ်ရာဇဝတ်မှုများကို အမြန်ဆုံး ရပ်တန့်ရန် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အင်အားကြီးများက ကူညီဆောင်ရွက်ပေးရန် အဆိုပါအဖွဲ့နှစ်ဖွဲ့က တိုက်တွန်းထားသည်။ ယင်းမာပင်နှင့် မုံရွာတွင် စစ်ကောင်စီ စစ်ကြောင်းထိုး၊ ရွာများမီးရှို့...
Read More