အစ္စရေးက ဟားမားစ်အား ၆၀ ရက်အတွင်း လက်နက်အပြီးစွန့်ရန် သတိပေး
ဖေဖေါ် ၁၇ The Kaladan Post Hamas အဖွဲ့ဝင်များအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း လက်နက်များကို အပြီးတိုင် စွန့်လွှတ်ရန် လိုအပ်ကြောင်း Israel ဘက်က သတိပေးပြောကြားလိုက်သည်။ Benjamin Netanyahu ၏ အဓိက အကြံပေးတစ်ဦးဖြစ်သည့် အစိုးရအဖွဲ့ အတွင်းရေးမှူး Yossi Fuchs က ဖေဖော်ဝါရီ ၁၆ ရက်တွင် ထုတ်ဖော်ပြောကြားရာတွင် ဟားမားစ်အနေဖြင့် နှစ်လအတွင်း လက်နက်များကို အပြီးတိုင် မစွန့်လွှတ်ပါက အစ္စရေးက ယင်းရည်မှန်းချက် ပြည့်မြောက်စေရန် စစ်ဆင်ရေးများ ဆက်လက်ဆောင်ရွက်သွားမည်ဟု သတိပေးခဲ့သည်။ ယခင်ကလည်း နေတန်ညာဟုက ဂါဇာကမ်းမြှောင်ဒေသအခြေစိုက် ဟားမားစ်အဖွဲ့ဝင်များအနေဖြင့် ကိုင်ဆောင်ထားသည့် AK-47 မောင်းပြန်ရိုင်ဖယ်များအပါအဝင် လက်နက်အသေးစားနှင့် လက်နက်ကြီးအားလုံးကို စွန့်လွှတ်ရမည်ဟု ပြောကြားထားခဲ့သည်။ ဖျုချ်စ်ကလည်း အလားတူသဘောထားကို ထပ်မံ အတည်ပြုခဲ့သည်။ လက်ရှိအချိန်တွင် ဂါဇာဒေသ၌ United States ၏ ကြားဝင်စေ့စပ်မှုကြောင့် ယာယီအပစ်ရပ်ထားသော်လည်း သတ်မှတ်ထားသည့် ၆၀ ရက်အတွင်း ဟားမားစ်က လက်နက်မစွန့်လွှတ်ပါက စစ်ရေးအရေးယူမှုများ ပြန်လည်စတင်နိုင်ကြောင်းလည်း ဖျုချ်စ်က သတိပေးထားသည်။ သို့ရာတွင် ယင်း ၆၀ ရက် သတ်မှတ်ကာလကို မည်သည့်နေ့မှ စတင်ရေတွက်မည်ကိုတော့ တိတိကျကျ မဖော်ပြခဲ့ပေ။ အမေရိကန်အစိုးရဘက်မှလည်း ဟားမားစ်အနေဖြင့် လက်နက်များကို နှစ်လခန့်အတွင်း စတင်စွန့်လွှတ်သင့်ကြောင်း အကြံပြုထားပြီး အစ္စရေးဘက်ကလည်း ယင်းအကြံပြုချက်ကို လေးစားလက်ခံထားကြောင်း သိရသည်။ ဖေဖော်ဝါရီ...
Read More