Author: Salai

ဖလမ်းမြို့သို့ ထိုးစစ်ဆင်သောစစ်တပ်ကို ချင်းတော်လှန်ရေးတပ်ပေါင်းစုမှ တိုက်ခိုက်ရာ စစ်သား ၂၀ ခန့် သေဆုံးပြီး လက်နက် ၃၀ နှင့် သုံ့ပန်းများဖမ်းမိ

ဒီဇင် ၁၂ Kaladan Post ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီမှစတင်၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်တပ်ကို ချင်းတော်လှန်ရေးတပ်ပေါင်းစု (CB၊ CC ပူးပေါင်း) က အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အနည်းဆုံး အရာရှိ၊ စစ်သား ၂၀ ခန့် သေဆုံးခဲ့ပြီး၊ လက်နက်ခဲယမ်းများ (လက်နက် ၃၀ ခန့်အပါအဝင်) နှင့် စစ်သုံ့ပန်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းတော်လှန်ရေးဘက်မှ သတင်းရင်းမြစ်များက ယနေ့ အတည်ပြုပြောဆို သည်။ အဆိုပါစစ်ကြောင်းသည် စစ်တပ်ဘက်မှ အထိနာသဖြင့် တစ်နေ့လုံး တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သော်လည်း ချင်းတော်လှန်ရေးတပ်ပေါင်းစုဘက်တွင် ကျဆုံးသူ မရှိဘဲ အောင်ပွဲရရှိခဲ့ ကြောင်း သိရသည်။ စစ်တပ်သည် မြေပြင်တပ်များအပြင် လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းပစ်ကူ များဖြင့် အင်အားအလုံးအရင်းအသုံးပြု၍ ဖလမ်းအပါအဝင် ချင်းပြည်နယ်အတွင်း စစ်ကြောင်းများ ခွဲကာ ထိုးစစ်ဆင်လျက်ရှိနေသည်။ ဒီဖြစ်စဥ်နှင့်ပတ်သက်ပြီး ဟားခါးမြို့တွင်းနေထိုင်သူတစ်ဦးက “ဒီအောင်မြင်မှုကိုရရှိတယ်ဆိုတာထက် ကျွန်တော်အနေဖြင့် ဝမ်းသာမိတာက CB၊ CC စု ပေါင်းပြီး တိုက်ခိုက်တယ်ဆိုပါ ဒီလိုအောင်မြင်မှုက စုပေါင်းအားဆိုတဲ့အဓိပ္ပာယ်ကို သတ်သေပြလိုက်တာပါ ဒီ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းဟာ တစ်ရက်ထက်တစ်ရက်အရှိန်မြင့်လာတယ် အဲ့ဒါကြောင့် ကျွန်တော်တို့ ချင်းပြည်တစ်စုတစည်းတည်း ပေါင်းစည်းနိုင်ရေးကို တော်လှန်ခေါင်းဆောင်များအနေ ဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးစေပါတယ်ဟု “ The Kaladan Post သို့ မှတ်ချက်ပြုပါသည်။ ထို့အပြင် လွန်ခဲ့တဲ့နိုဝင်ဘာလကလည်း ချင်းပြည်သို့ စစ်ကြောင်းထိုး စစ်ကောင်စီတပ်ကု ချင်းတော်လှန်ရေး ပူးပေါင်းတပ်များနှင့် ကလေးနယ်အခြေစိုက်တော်လှန်ရေးတပ်များပူးပေါင်းကာ စစ်တပ်ဗိုလ်မှူးနှင့် ဗိုလ်ကြီး အဆင့် အရာရှိများ အပါအဝင် ရန်သူအင်အား ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့ ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ချင်းပြည်(Chinland)အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက...

Read More

Myanmar Silent Strike on December 10: Leader Interview.

International organizations and governments, including India, must not disregard the will of the Myanmar people, who have demonstrated through Silent Strikes to demand: the release of all political prisoners, including Daw Aung San Suu Kyi; the rejection of the sham election prepared by the military regime; and the abolition of its illegal conscription law.

Read More

ဒီဇင် (၁၁) သတင်းတိုပေါင်းချုပ်

ယာယီသမ္မတ ဒူဝါလရှီးလ အသံတိတ်သပိတ်ကို ဦးညွှတ်၊ လက်နက်အာဏာသာယာသူများ ရှိကြောင်း ဝန်ခံ   ဒီဇင် ၁၁ The Kaladan Post အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ၂၀၂၅ ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်သော အခမ်းအနားအစီအစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများကို လက်မခံနိုင်ကြောင်း ပြသသည့် အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲကြသည့် ပြည်သူများကို လေးစားစွာ ဦးညွှတ်ကြောင်း မိန့်ကြားသည်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့ ပြည်သူများ၏ လူ့အခွင့်အရေးမှာ နေ့စဉ်ဆုံးရှုံးနေရဆဲဖြစ်ကြောင်း သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။ တော်လှန်ရေး ငါးနှစ်နီးပါးကာလအတွင်း အာဏာ၊ လုပ်ပိုင်ခွင့်နှင့် လက်နက်ကိုင်စွဲထားမှုကြောင့် တချို့တွင် သာယာဝါဒ ပေါ်ပေါက်လာပြီး တော်လှန်ရေးကျင့်ဝတ်နှင့် စံနှုန်းများမှ လွဲချော်လာသည် ကို တွေ့ရှိရကြောင်း ယာယီသမ္မတက ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။ နွေဦးတော်လှန်ရေးသည် စစ်အုပ်စုပြုတ်ကျရေးသာမက ဖက်ဆစ်စစ်တပ်၏ အတွေးအခေါ်၊ အမှုအကျင့်အားလုံးကို အမြစ်ပြတ်ဖျက်သုဉ်းရေးအထိ ရည်မှန်းထားသည့် တော်လှန်ရေးဖြစ်သောကြောင့် ထိုအဆိပ် အတောက်များ ကူးစက်မခံရန် အထူးသတိထားရမည်ဟုလည်း တိုက်တွန်းမိန့်ကြားခဲ့သည်။ ကမ္ဘာ့ဘိန်းဖြူဈေးကွက်သစ်ကို မြန်မာဘိန်းက ထိုးဖောက်နေ၊ ကုလသမဂ္ဂ အစီရင်ခံစာ ထုတ်ပြန်   ဒီဇင် ၁၁ The Kaladan Post ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ နောက်ဆုံးအစီရင်ခံစာအရ မြန်မာနိုင်ငံသည် ကမ္ဘာ့အမှတ်(၁) ဘိန်းစိုက်ပျိုးထုတ်လုပ်သူ နေရာကို ဆက်လက်ဆုပ်ကိုင်ထားပြီး ယခုနှစ်တွင် ဘိန်းခင်းဧကပေါင်း ဟက်တာ ၅၃,၀၀၀ (ဧက...

Read More

ဒီဇင် (၁၀) သတင်းတိုပေါင်းချုပ်

စစ်တပ် ကာမီကာဇီ အသေခံဒရုန်း ၆ စီးဖြင့် KNU ဗဟိုဌာနချုပ်နယ်မြေကို နံနက်အမှောင်ထဲ ဗုံးကြဲတိုက်ခိုက်   ဒီဇင် ၁၀ The Kaladan Post ဒီဇင်ဘာ ၁၀ ရက် နံနက် ၂:၃၀ ခန့်တွင် အကြမ်းဖက်စစ်တပ်က ကရင်ပြည်နယ်၊ KNU တပ်မဟာ(၇) နယ်မြေ၊ ဗဟိုဌာနချုပ်ရုံးနယ်မြေအတွင်းသို့ အသေခံဒရုန်း ၆ စီးဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း KNU သတင်းရင်းမြစ်များက အတည်ပြုသည်။ ဒရုန်းများကို အလင်းရောင်မထည့်ဘဲ အနိမ့်ပျံသန်းကာ လာရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ဒုတိယအစင်းမှာ မပေါက်ကွဲဘဲ ကျန်ရှိခဲ့သော်လည်း လူထိခိုက်ဒဏ်ရာရရှိမှု မရှိသေးကြောင်း သိရသည်။ ယခုဖြစ်စဉ်သည် ၂၀၂၅ ခုနှစ်အတွင်း KNU ဗဟိုဌာနချုပ်နယ်မြေကို စစ်တပ်က အသေခံဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း ၄ ကြိမ်မြောက်ဖြစ်ပြီး ယခင်ဇန်နဝါရီ၊ ဇွန်လနှင့် အောက်တိုဘာလတို့ တွင်လည်း အလားတူတိုက်ခိုက်မှု အကြိမ်ကြိမ်ရှိခဲ့သည်။ အဆိုပါတိုက်ခိုက်မှုများတွင် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင် လူထိခိုက်မှုမရှိသေးပေ။   ဒေါက်တာတေဇာဆန်းကို ဖမ်းပေးရင် သိန်း ၃၀၀ နှင့် ရာထူးတစ်ဆင့်တိုး‌ပေးရန် မက်လုံးပေး၊ အသံတိတ်သပိတ်ဦးဆောင်သူ ၁၀ ဦးကို ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်   ဒီဇင် ၁၀ The Kaladan Post ဒီဇင်ဘာ ၁၀ ရက်တွင် စစ်ကောင်စီက အသံတိတ်သပိတ်လှုပ်ရှားမှုကို ဦးဆောင်သူ ဒေါက်တာတေဇာဆန်း၊ ကိုနန်းလင်း၊ ကိုခန့်ဝေဖြိုး၊ ကိုထက်မြတ်အောင်၊ မမေချီ၊ မရွှန်း အပါအဝင် ဆန္ဒပြသူ...

Read More

ဒီဇင် (၉) သတင်းတိုပေါင်းချုပ်

ဆီလုပ်ငန်းရှင်ကြီးများကို ဘီလီယံ ၅၄၀ ကျော်ပြန်ပေးရန် အမိန့်ထုတ်ပြီး ပြည်ပခရီးထွက်ခွင့် ပိတ်ပင်   ဒီဇင် ၉ The Kaladan Post စစ်တပ်က စက်သုံးဆီတင်သွင်းရောင်းချရာတွင် မသမာမှုများရှိခဲ့သည်ဟု ဆိုကာ ဆီလုပ်ငန်းရှင် များအား ငွေကျပ်ဘီလီယံ ၅၄၀ ကျော်ကို ဇန်နဝါရီ ၂၆ ရက်နောက်ဆုံးထား ပြန်လည်ပေးသွင်းရန် ရာဇသံပေးထားသည်။ ဤကိစ္စနှင့်ပတ်သက်၍ ဆီလုပ်ငန်းရှင်များအားလုံး၏ ပြည်ပခရီးထွက်ခွင့် ကိုလည်း ယာယီပိတ်ပင်ထားကြောင်း ဆီလုပ်ငန်းအသိုင်းအဝိုင်းက ပြောဆိုသည်။ မသမာမှု များတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံရသော လျှပ်စစ်နှင့်စွမ်းအင်ဒုဝန်ကြီး သန့်စင်နှင့် ညွှန်ကြားရေးမှူးချုပ် ရွှေမော်တို့ကို နိုဝင်ဘာလက ဖမ်းဆီးအရေးယူခဲ့ရာ ဆီတင်သွင်းခွင့်နှင့် ခွဲတမ်းချထားမှုများတွင် လာဘ်ပေးလာဘ်ယူမှုများဖြင့် ဆုံးရှုံးမှုများရှိခဲ့ကြောင်း သိရသည်။ ပြန်လည်ပေးသွင်းရမည့်ငွေပမာဏများတွင် ခရိုနီ ဝင်းဆွေ ပိုင်ဆိုင်သော BOC ကုမ္ပဏီက ဘီလီယံ ၁၈၀ ဝန်းကျင်၊ ခရိုနီ ဇော်ဇော် ပိုင်ဆိုင်သော Max ကုမ္ပဏီက ဘီလီယံ ၄၀၊ ဒေါက်တာ ဝင်းမြင့် ပိုင်ဆိုင်သော မြတ်မေတ္တာမွန်ကုမ္ပဏီက ဘီလီယံ ၄၀၊ ခရိုနီ ချစ်ခိုင် ပိုင်ဆိုင်သော Denko ကုမ္ပဏီက ဘီလီယံ ၇၀၊ ခရိုနီ အောင်ကိုဝင်း ဆက်နွယ်သော Brighter ကုမ္ပဏီက ဘီလီယံ ၁၂၊ Regency ကုမ္ပဏီက ဘီလီယံ ၂၀၊ Apex ကုမ္ပဏီက ဘီလီယံ ၁၅၊ Myanoil ကုမ္ပဏီက ဘီလီယံ ၁၅ အသီးသီး ပါဝင်ကြောင်း...

Read More
en_USEnglish