ဒီဇင် (၁) သတင်းတိုပေါင်းချုပ်
မိုးကုတ်-မိုးမိတ်လမ်းပိုင်း KIA ဦးဆောင်ပူးပေါင်းတပ်များ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် ဒီဇင် ၁ The Kaladan Post မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ မိုးမိတ်မြို့ဘက်သို့ ချီတက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းကို KIA၊ KPDF နှင့် တော်လှန်ရေးပူးပေါင်းတပ်များက နိုဝင်ဘာ ၃၀ ည ၈ နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။ တိုက်ပွဲဖြစ်ပွားရာ မိုးကုတ်-မိုးမိတ်လမ်းပိုင်းတွင် ဆက်သွယ်ရေးခက်ခဲ နေသဖြင့် အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဗိုလ်မှူးကြီးနော်ဘူက ယခင်ကလည်း မိုးမိတ်မြို့နယ်အတွင်း KIA တပ်ရင်း ၃၄ နှင့် ABSDF၊ PDF များ ပူးတွဲအခြေစိုက်ထားပြီး TNLA ဆုတ်ခွာပါက မဟာမိတ်တပ်များအား စစ်ရေးကူညီမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကလည်း မည်သည့်အခြေအနေတွင်မဆို ပြည်သူနှင့်အတူ ရှိနေမည်ဟု ကတိပြုထားပြီး တော်လှန်ရေးအောင်ပွဲအတွက် ညီနောင်မဟာမိတ်များနှင့် အတူ ဆက်လက်တိုက်ပွဲဝင်သွား မည်ဟု ကြေညာထားသည်။ TNLA သည် အောက်တိုဘာ ၂၉ ရက်က တရုတ်ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီတပ်နှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး မိုးကုတ်၊ မိုးမိတ်မှ ဆုတ်ခွာရန် တရားဝင်ထုတ်ပြန်ထားသည်။ ချောင်းဦးမြို့နယ် ချောင်းမနားရွာ Gyrocopter နှင့် ဗုံးကြဲခံရ၊ အရပ်သား ၂ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ ဒီဇင် ၁ The Kaladan Post စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းမနားကျေးရွာကို နိုဝင်ဘာ...
Read More