Author: Salai

ထိုင်းညွန့်ပေါင်းအစိုးရသစ်တွင် ဖျူထိုင်းပါတီ ပူးပေါင်းရန် သဘောတူ

ဖေဖေါ် ၁၄ The Kaladan Post   ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သော နောက်ဆုံးရွေးကောက်ပွဲတွင် အမတ်နေရာအများဆုံး ရရှိထားသည့် ဖုန်ကျိုင်ထိုင်းပါတီ (BJT) ဦးဆောင်မည့် ညွန့်ပေါင်းအစိုးရသစ်တွင် ဖျူထိုင်းပါတီ (PTP) က ပူးပေါင်းပါဝင်ရန် သဘောတူညီထားကြောင်း ထိုင်းမီဒီယာများက ဖော်ပြခဲ့သည်။ ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် နှစ်ဖက်ပါတီခေါင်းဆောင်များက ကြေညာချက်ထုတ်ပြန်ကာ PTP သည် BJT ဦးဆောင်မည့် ညွန့်ပေါင်းအစိုးရတွင် အင်အားအကြီးဆုံး မိတ်ဖက်ပါတီအဖြစ် ပါဝင်မည်ဟု အတည်ပြုခဲ့သည်။ ယင်းသည် ပါတီနှစ်ခုကြား ဒုတိယအကြိမ်မြောက် ပူးပေါင်းမှုလည်း ဖြစ်သည်။ ယခင်ကလည်း PTP ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရတွင် BJT ပါဝင်ခဲ့ဖူးသော်လည်း ထိုင်းဝန်ကြီးချုပ်ဖြစ်သူ ဖေထောင်ထန် ရှီနာဝတ်ထ်နှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းတို့အကြား ဖုန်းပြောဆိုထားသည့် အသံဖိုင် ပေါက်ကြားခဲ့ပြီးနောက် BJT က အစိုးရမှ နုတ်ထွက်ခဲ့သည်။ အဆိုပါ အသံဖိုင်တွင် ထိုင်းစစ်တပ်အား ပုတ်ခတ်ပြောဆိုမှုများ ပါဝင်ခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားပြီး စစ်တပ်နှင့် နီးစပ်မှုရှိသည့် BJT သည် ထိုအဖြစ်အပျက်အပေါ် ကန့်ကွက်သည့်အနေနှင့် နုတ်ထွက်ခဲ့ခြင်း ဖြစ်သည်။ PTP သည် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝတ်ထ်နှင့် နီးစပ်သည့် နိုင်ငံရေးအင်အားစုတစ်ရပ်အဖြစ်လည်း သိရှိထားကြသည်။ ဖေဖော်ဝါရီ ၈ ရက်နေ့ ရွေးကောက်ပွဲရလဒ်အရ BJT သည် အမတ်နေရာ ၁၉၃ နေရာ ရရှိခဲ့ပြီး PTP က တတိယအများဆုံးအဖြစ် ၇၄ နေရာ ရရှိခဲ့သည်။...

Read More

EU ချေးငွေဖြင့် ဆွီဒင်လုပ် Gripen တိုက်လေယာဉ်များ ဝယ်ယူရန် ယူကရိန်း စီစဉ်

ဖေဖေါ် ၁၄ The Kaladan Post   ဥရောပသမဂ္ဂ (EU) မှ ထုတ်ပေးမည့် အရေးပေါ်ချေးငွေများကို အသုံးပြုပြီး ဆွီဒင်ထုတ် Gripen တိုက်လေယာဉ်များ ဝယ်ယူနိုင်ရေးအတွက် ယူကရိန်းအစိုးရက စီစဉ်ဆောင်ရွက် နေကြောင်း သိရသည်။ ယူကရိန်း ကာကွယ်ရေးဝန်ကြီး မစ်ခိုင်လို ဖီဒိုရော့ဗ်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ဆွီဒင် ကာကွယ်ရေးဝန်ကြီး ပါလ် ဂျွန်ဆန်က Gripen တိုက်လေယာဉ်များ ရောင်းချပေးရေးနှင့် ပတ်သက်သည့် ဆွေးနွေးမှုများရှိနေကြောင်း အတည်ပြုပြောကြားခဲ့သည်။ လက်ရှိဆွေးနွေးမှု များမှာ အစပျိုးအဆင့်တွင်သာ ရှိနေသေးကြောင်းလည်း ၎င်းက ထပ်လောင်းပြောကြားသည်။ EU အဖွဲ့ဝင်နိုင်ငံများသည် ထိန်းချုပ်ထားသည့် ရုရှားပိုင်ဆိုင်မှုများထဲမှ ယူရို ၉၀ ဘီလီယံခန့်ကို ယူကရိန်းထံ ချေးငွေအဖြစ် ထုတ်ပေးနိုင်ရေး စီစဉ်ထားပြီး အဆိုပါရန်ပုံငွေ၏ အစိတ်အပိုင်းတစ်ရပ်ကို လေကြောင်းကာကွယ်ရေး စွမ်းရည်မြှင့်တင်ရေးအတွက် Gripen တိုက်လေယာဉ်များ ဝယ်ယူရာတွင် အသုံးပြုရန် ယူကရိန်းဘက်က စိတ်ပိုင်းဖြတ်ထား ကြောင်း သိရသည်။ EU ၏ ဥပဒေပြုအစုအဖွဲ့ဖြစ်သော ဥရောပ ကော်မရှင်သည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အတွက် ယူကရိန်းအား အရေးပေါ်ချေးငွေ ယူရို ၉၀ ဘီလီယံ ထုတ်ပေးနိုင်ရေးကိစ္စကို ယခုသီတင်းပတ်အတွင်း ညှိနှိုင်းသဘောတူခဲ့သည်။ Gripen တိုက်လေယာဉ်များ ဝယ်ယူနိုင်မည့် အချိန်ဇယားကို တိတိကျကျ မသတ်မှတ်နိုင် သေးသော်လည်း ယူကရိန်းနှင့် ဆွီဒင်အကြား ယခင်နှစ် အောက်တိုဘာလတွင် Gripen အစီး ၁၅၀ အထိ ဝယ်ယူရေးအတွက် နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးထားကြောင်း...

Read More

ဖေဖော်ဝါရီလ (၁၃) ရက် သတင်းတိုပေါင်းချုပ်

မြန်မာနိုင်ငံ ဘက်ပေါင်းစုံ အကျပ်အတည်းများနှင့် ရင်ဆိုင်နေရကြောင်း ကာဒီနယ်ချားလ်စ်ဘို သတိပေး ဖေဖော် ၁၃ The Kaladan Post စစ်အာဏာသိမ်းပြီး ငါးနှစ်အကြာ မြန်မာနိုင်ငံတွင် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးနှင့် လူမှုရေး အပါအဝင် ဘက်ပေါင်းစုံ အကျပ်အတည်းများ (Polycrisis) ရင်ဆိုင်နေရကြောင်း မြန်မာနိုင်ငံ ခရစ်ယာန်အသင်းတော်ပေါင်းစုံအဖွဲ့ချုပ် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ်ချားလ်စ်ဘိုက ဗာတီကန်မီဒီယာနှင့် တွေ့ဆုံမေးမြန်းမှုတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။ ပြည်တွင်းစစ်ဆက်လက်ဖြစ်ပွားနေမှုကြောင့် လူပေါင်း ၃ ဒသမ ၅ သန်းကျော် နေရပ်စွန့်ခွာနေရပြီး ကုန်ဈေးနှုန်းကြီးမြင့်မှု၊ အလုပ်အကိုင်ဆုံးရှုံးမှု၊ အတင်းအကျပ် စစ်မှုထမ်းခိုင်းမှုများကြောင့် လူငယ်အများအပြား ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဆိုသည်။ ပညာရေးတွင် မျိုးဆက်တစ်ခုလုံး ငါးနှစ်စာ သင်ကြားချိန်ဆုံးရှုံးခဲ့ရပြီး ကျန်းမာရေးနှင့် လူမှုရေး အကျပ်အတည်းများက လူငယ်များကြားတွင် ကြောက်ရွံ့မှု၊ စိတ်ပင်ပန်းနွမ်းနယ်မှုနှင့် အနာဂတ်မရေရာမှုများကို ဖြစ်ပေါ်စေကြောင်း ရှင်းပြသည်။ ပြည်သူများက စိတ်ပျက်အားငယ်မှု၊ ဝမ်းနည်းမှုနှင့် အကူအညီမဲ့မှုတို့ကို ခံစားနေရပြီး ရွေးကောက်ပွဲများတွင်ပင် လူငယ်ပါဝင်မှု နည်းပါးခဲ့ကြောင်း မှတ်ချက်ပြုသည်။ ကမ္ဘာကြီးက မြန်မာ့အရေးကို မေ့လျော့ လျစ်လျူရှုနေကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ တိတ်ဆိတ်မှုက ပြည်သူများကို အထီးကျန်ခံစားရစေကြောင်း ဝန်ခံခဲ့သည်။ မြန်မာပြည်သူများမှာ ငြိမ်းချမ်းရေး၊ အသက်မွေးဝမ်းကြောင်းနှင့် တည်ငြိမ်မှုများ ဆုံးရှုံးခဲ့ရသော်လည်း မိသားစုများက ရှိသမျှကို မျှဝေကာ ဆုတောင်းနေဆဲ ဖြစ်ကြောင်း ချားလ်စ်ဘိုက ထည့်သွင်းပြောကြားခဲ့သည်။ စစ်ကိုင်းမြို့ပေါ်တွင် ဖမ်းဆီးခံရသော စစ်မှုထမ်းတပ်သားသစ် ၂ ဦး DSNDA ထံ အလင်းဝင် ဖေဖော် ၁၃...

Read More

တရုတ်စစ်တပ်၏ အဂတိတိုက်ဖျက်ရေး အားထုတ်မှုများကို သမ္မတ ရှီကျင့်ဖျင် ချီးကျူး

ဖေဖေါ် ၁၃ The Kaladan Post   တရုတ်စစ်တပ်အတွင်း အဂတိလိုက်စားမှုများကို တိုက်ဖျက်ရန် လုပ်ဆောင်နေသည့် အားထုတ်မှုများကို သမ္မတ ရှီကျင့်ဖျင်က အထူးအသိအမှတ်ပြု ချီးကျူးခဲ့ကြောင်း တရုတ်အစိုးရပိုင် မီဒီယာများက ဖော်ပြခဲ့သည်။ စစ်တပ်အတွင်း ရာထူးအမြင့်ဆုံး စစ်ဗိုလ်ချုပ်ကြီးများ အပါအဝင် ထိပ်တန်းအရာရှိများကို အဂတိစွပ်စွဲချက်များကြောင့် တာဝန်မှ ဆိုင်းငံ့ထားရပြီးနောက် သီတင်းပတ်အနည်းငယ်အကြာတွင် တရုတ်အစိုးရ အာဘော် CCTV သတင်းဌာနက ယင်းအကြောင်းကို ထုတ်ပြန်ဖော်ပြခဲ့ခြင်း ဖြစ်သည်။ ဇန်နဝါရီလအတွင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တရုတ် ပြည်သူ့လွတ်မြောက်ရေးတပ် (PLA) ၏ အကြီးအကဲဖြစ်သူ ဗိုလ်ချုပ်ကြီး ကျန်ယုရှကို ပြင်းထန်သော ကျင့်ဝတ်စည်းမျဉ်း ချိုးဖောက်မှုများအတွက် စစ်ဆေးနေပြီး ရာထူးမှ ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့သည်။ ထို့အပြင် အခြား ထိပ်တန်း ဗိုလ်ချုပ်တစ်ဦးဖြစ်သည့် လျိုကျိလီလည်း စစ်ဆေးမှုများ ခံယူနေရကြောင်း အတည်ပြုခဲ့သည်။ ကျန်ယုရှနှင့် လျိုကျိလီတို့သည် တရုတ်နိုင်ငံ၏ အာဏာအမြင့်ဆုံး စစ်ရေးအဖွဲ့ဖြစ်သည့် ဗဟိုစစ်ရေးကော်မရှင် (CMC) အဖွဲ့ဝင်များဖြစ်ပြီး ကျန်ယုရှမှာ တပ်အင်အား သန်းနှင့်ချီသော PLA ကို တိုက်ရိုက် ကြီးမှူးရသည့် အဖွဲ့၌ သမ္မတ ရှီပြီးနောက် ဒုတိယ အမြင့်ဆုံးရာထူးကို ထမ်းဆောင်နေသူ ဖြစ်သည်။ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ၎င်းတို့နှစ်ဦးအား အဂတိစွပ်စွဲချက်များကြောင့် စစ်ဆေးအရေးယူနေသည်ဟု ဆိုထားသော်လည်း တစ်ဖက်တွင်တော့ ရှီကျင့်ဖျင်က စစ်တပ်အပေါ် ဩဇာအာဏာကို ပိုမိုခိုင်မာစေရန် နိုင်ငံရေးပြိုင်ဘက်များကို ဖယ်ရှားခြင်းဖြစ်သည်ဟု ဝေဖန်သုံးသပ်မှုများလည်း ထွက်ပေါ်နေသည်။ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် တရုတ်စစ်သားများအား မိန့်ခွန်းပြောကြားစဉ်...

Read More

အီရန်နှင့် ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်မည်ဟု နေတန်ညာဟုကို ထရမ့် အသိပေး

ဖေဖေါ် ၁၃ The Kaladan Post   အမေရိကန်သည် အီရန်နိုင်ငံနှင့် နျူကလီးယားအရေး ဆွေးနွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်က အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုအား အသိပေးပြောကြားခဲ့သည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် နေတန်ညာဟု၏ အိမ်ဖြူတော် ခရီးစဉ်အတွင်း နှစ်ဖက် တံခါးပိတ် တွေ့ဆုံဆွေးနွေးခဲ့စဉ် ထရမ့်က ယင်းသဘောထားကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ နေတန်ညာဟုက အီရန်အပေါ် အမေရိကန်က ပိုမိုတင်းမာပြတ်သားသည့် အရေးယူမှုများ ဆောင်ရွက်ရန် တိုက်တွန်းခဲ့သော်လည်း ထရမ့်ကတော့ အီရန် နျူကလီးယားအရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးမှုကို ဆက်လက်လုပ်ဆောင်မည်ဟု ပြန်လည်ပြောကြားခဲ့သည်။ သဘောတူညီချက်တစ်ရပ် ရနိုင်၊ မရနိုင် သေချာမချင်း အီရန်နှင့် ဆွေးနွေးမှုများ ဆက်လက်ရှိနေမည်ဖြစ်ကြောင်းကို သုံးနာရီကြာ တွေ့ဆုံမှုအပြီးတွင် ထရမ့်က လူမှုကွန်ရက်မှတစ်ဆင့် ရေးသားဖော်ပြခဲ့သည်။ ထရမ့်က သဘောတူညီချက်တစ်ရပ် ရရှိရေးသည် မိမိ၏ အဓိကဦးစားပေး မျှော်လင့်ချက်ဖြစ်ကြောင်း နေတန်ညာဟုအား အသိပေးခဲ့ပြီး သဘောတူညီမှု မရရှိခဲ့ပါက နောက်ဆက်တွဲ ဖြစ်လာနိုင်သည့် အခြေအနေများကို စောင့်ကြည့်သွားရမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။ ထို့အပြင် အီရန်က နျူကလီးယား စီမံကိန်းကို မစွန့်လွှတ်ပါက အမေရိကန်၏ စစ်ရေးအရ တိုက်ခိုက်မှုများကို ကြုံတွေ့နိုင်ကြောင်းလည်း ထရမ့်က သတိပေးခြိမ်းခြောက်ထားသည်။ နေတန်ညာဟု၏ ရုံးမှ ထုတ်ပြန်ချက်အရ ဝန်ကြီးချုပ်သည် ထရမ့်နှင့် တွေ့ဆုံချိန်တွင် အီရန် နျူကလီးယားအရေး ဆွေးနွေးမှုများသည် အစ္စရေး၏ လုံခြုံရေးလိုအပ်ချက်များနှင့် တိုက်ရိုက်ဆက်နွှယ်နေကြောင်းကို အလေးအနက်ထား ရှင်းပြခဲ့ကြောင်း သိရသည်။...

Read More
en_USEnglish