Author: Salai

အောက်တို (၂၉) သတင်းတို ပေါင်းချုပ်

ကရင်နယ်မြေများတွင် စစ်ကောင်စီက အရပ်သားရွာများကို မီးရှို့ဖျက်ဆီး အောက်တို ၂၉ The Kaladan Post ကရင်အမျိုးသားအစည်းအရုံး (KNU) က အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်ချက်အရ၊ အာဏာ သိမ်းစစ်ကောင်စီတပ်များသည် KNU ထိန်းချုပ်နယ်မြေများရှိ အရပ်သားရွာများကို အကြောင်းမဲ့ မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။ KNU နယ်မြေများတွင် စစ်ကောင်စီက တနင်္သာရီတိုင်း သိန်ခွန်း၊ ပုလော၊ သရက်ချောင်း၊ ထားဝယ်မြို့နယ်များအထိ စစ်ကြောင်းများ ထိုးနေပြီး၊ အရပ် သားပစ်မှတ်များကို လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများဖြင့် ဆက်တိုက်ကျူးလွန်နေ ကြောင်း KNLA သတင်းရင်းမြစ်က ပြောကြားသည်။ KNU က စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲအတွက် ငြိမ်းချမ်းရန်ဟန်ဆောင်မှုများကို ဝေဖန်ထားသည်။ ထိုသို့ မီးရှို့မှုများကြောင့် ဒေသခံများ နေရာရွှေ့ပြောင်းရမှုများ ဖြစ်ပေါ်နေသည်။ အလားတူ KNLA တပ်မဟာ (၃) နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်း (မူး) မြို့နယ်ရှိ ကွင်းဒလကြီးရွာတွင် နေအိမ် ၇၂ လုံးကို အောက်တိုဘာ ၁၀ ရက်က မီးရှို့ခဲ့ပြီး၊ KNLA တပ်မဟာ (၄) နယ်မြေ၊ မြိတ်-ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်ရှိ လဘရွာတွင် နေအိမ် ၄၂ လုံးကို အောက်တိုဘာ ၂၅ ရက်က စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ လဘရွာ မီးရှို့မှုတွင် စစ်ကောင်စီ၏ ခမရ (၄၀၃)၊ (၄၀၄)၊ (၄၀၅) ပူးပေါင်းစစ်ကြောင်းများပါဝင်ကြသည်။ စစ်ကိုင်းတွင်...

Read More

အောက်တို (၂၈) သတင်းတို ပေါင်းချုပ်

ဟားခါးမြို့တွင် နေထိုင်သူ စစ်မှုထမ်းသစ် ၁ ဦး လက်နက်များနှင့်အတူ ဆဲန်ထန်ဒေသ တော်လှန်ရေးတပ်ဖွဲ့ထံ အလင်းဝင် အောက်တို ၂၈ The Kaladan Post ချင်းပြည်နယ်၊ ဟားခါးမြို့နယ်ရှိ ခလရ ၂၂၂ တပ်ရင်းမှ စစ်မှုထမ်းတပ်သားသစ် ၁ ဦးသည် MA-1 သေနတ် ၁ လက်၊ ကျည်ဘောက် ၃ ခုနှင့် ကျည်ဆံအနည်းငယ် တို့ ယူဆောင်ကာ Senthang Revolution Force (SRF) ထံ အလင်းဝင်ရောက်ခဲ့ကြောင်း အောက်တိုဘာ ၂၇ ရက်တွင် (SRF) သတင်းထုတ်ပြန်သည်။ ထိုသို့အလင်းဝင်လာသူသည် စစ်တပ်မှ အဓမ္မဖမ်းဆီးခံရသူဖြစ်ပြီး ၎င်းအား Senthang Revolution Force (SRF) အဖွဲ့က ဆုကြေးငွေအဖြစ် ကျပ် သိန်း ၃၀ အပြင် လိုအပ်ပစ္စည်းများ ချီးမြှင့်ခဲ့ကြောင်း SRF တာဝန်ရှိသူက ပြောဆိုသည်။ မန်လီကျေးရွာတွင် စစ်တပ် ဒရုန်းဗုံးကြဲ၍ နေအိမ် ၁ လုံး မီးလောင်ပျက်စီး အောက်တို ၂၈ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်ခရိုင်၊ နမ္မတူမြို့နယ်၊ မန်လီကျေးရွာတွင် အကြမ်းဖက်စစ်တပ်က အောက်တိုဘာ ၂၅ ရက် ညနေပိုင်းက ဒရုန်း အသုံးပြု၍ ဗုံး ၅ လုံး ကြဲချတိုက်ခိုက်ရာ ပြည်သူ့နေ အိမ် ၁ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်သည်။ ထို့ပြင်...

Read More

အောက်တို (၂၇) သတင်းတို ပေါင်းချုပ်

ကြံ့ဖွတ်ပါတီ ပြိုင်ဘက်မရှိဘဲ လွှတ်တော်အမတ် ၂၈ နေရာ အလိုအလျောက်အနိုင်ရ အောက်တို ၂၇ The Kaladan Post စစ်တပ်လက်အောက်ခံ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွတ်ပါတီ) သည် လာမည့်ရွေးကောက်ပွဲ မတိုင်မီ မဲဆန္ဒနယ် ၂၈ ခုတွင် ပြိုင်ဘက်မရှိဘဲ လွှတ်တော်အမတ်နေရာ ၂၈ နေရာ အလိုအလျောက် အနိုင်ရရှိခဲ့ကြောင်း ပါတီသတင်းရင်းမြစ်က ပြောဆိုသည်။ ၎င်းနေရာများတွင် ပြည်သူ့လွှတ်တော် ၁၃ နေရာ၊ တိုင်းဒေသကြီးလွှတ်တော် ၁၃ နေရာနှင့် တိုင်းရင်းသားရေးရာဝန်ကြီး ၂ နေရာ ပါဝင် သည်။ အနိုင်ရထားသော မဲဆန္ဒနယ်များတွင် ရွှေကူ၊ မံစီ၊ နောင်မွန်၊ မင်းကင်း၊ ကောလင်း၊ တမူး၊ ဘုတလင်၊ မော်လိုက်၊ ကနီ၊ ဝန်းသို၊ ဆားလင်းကြီး၊ ရေဦး၊ ရေဖြူ၊ လောင်းလုံး၊ သရက်ချောင်း၊ ဖယ်ခုံ၊ မက်မန်းနှင့် မိုးနဲ စသည့်မြို့နယ်များ ပါဝင်သည်။ စစ်တပ်၏ ရွေးကောက်ပွဲဥပဒေအရ မဲဆန္ဒနယ်တစ်ခုတွင် ကိုယ်စားလှယ်လောင်း တစ်ဦးတည်းသာ ရှိပါက ရွေးကောက်ပွဲကျင်းပရန်မလိုဘဲ ၎င်းကို အနိုင်ရသူအဖြစ် ကြေညာမည်ဖြစ်သည်။ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၅၀ ကျော်မှ ကိုယ်စားလှယ်လောင်း ၅,၀၀၀ ကျော်ပါဝင်မည် ဖြစ်ပြီး၊ ကြံ့ဖွတ်ပါတီ၊ တစညပါတီ (၆၉၄ ဦး)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (၆၇၂ ဦး)၊ ကျားဖြူပါတီ (၅၈၄ ဦး)၊ ပြည်သူ့ပါတီ (၅၁၂ ဦး)၊ တောင်သူလယ်သမားဖွံ့ဖြိုး တိုးတက်ရေးပါတီ (၄၂၈ ဦး) နှင့် ဒေသဆိုင်ရာပါတီ...

Read More

အောက်တို (၂၆) သတင်းတို ပေါင်းချုပ်

Fortify Rights ၏ လူ့အခွင့်အရေး စွပ်စွဲချက်များကို ULA/AA ကန့်ကွက်ရှုတ်ချ အောက်တို ၂၆ The Kaladan Post ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) က လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲထားသော Fortify Rights အဖွဲ့၏ ကြေညာချက်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အောက်တိုဘာ ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။ Fortify Rights မှ အောက်တိုဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ULA/AA အား အဓမ္မလုပ်အား စေခိုင်းမှုအပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုများဖြင့် စွပ်စွဲထားသော်လည်း၊ ထိုစွပ်စွဲချက်များ တွင် အချိန်၊ နေရာ၊ လူပုဂ္ဂိုလ်နှင့် အဖြစ်အပျက်ဆိုင်ရာ တိကျခိုင်မာသော အချက်အလက်များ လုံးဝ မပါဝင်ဘဲ အခြေအမြစ်မရှိသော လုပ်ကြံစွပ်စွဲချက်များသာ ဖြစ်ကြောင်း ULA က ထောက်ပြ သည်။ ULA/AA က တည်ထောင်ချိန်မှ ယနေ့အထိ နိုင်ငံတကာ လူ့အခွင့်အရေး ကွန်ဗင်းရှင်းများ ဖြစ်သော ILO Convention No.29၊ ဂျီနီဗာ ကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ ပြဋ္ဌာန်းချက်များကို လိုက်နာ ကျင့်သုံးလျက်ရှိကြောင်း အလေးပေး ဖော်ပြထား သည်။ အာရက္ခပြည်အတွင်း မတူကွဲပြားသော ဘာသာ၊ လူမျိုးများအကြား သဟဇာတဖြစ်ရေး ကြိုးပမ်းနေပြီး ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် အုပ်ချုပ်ရေး ကဏ္ဍများတွင် ခွဲခြားမှုမရှိဘဲ ခွင့်တူညီမျှ ရရှိနေကြောင်းဆိုသည်။ Fortify...

Read More

အောက်တို (၂၅) သတင်းတို ပေါင်းချုပ်

စစ်ကိုင်းတိုင်း PDF တပ်ဖွဲ့များအတွက် သက်ကယ်ကျည်ကာ ထောက်ပံ့ရေး ရံပုံငွေရှာဖွေရေး ကမ်ပိန်း စတင် အောက်တို ၂၅ The Kaladan Post အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့စစ်ရုံးချုပ်က စစ်ကိုင်း တိုင်းအတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့များအတွက် သက်ကယ်ကျည်ကာ ပစ္စည်းများ ထောက်ပံ့ရန် ရံပုံငွေရှာဖွေရေး ကမ်ပိန်းတစ်ခု စတင်ခဲ့ကြောင်း အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ဤကမ်ပိန်းသည် PDF တပ်ဖွဲ့များအား ကျည်ကာဦးထုပ်၊ ကျည်ကာပြားနှင့် ကျည်ကာဝတ်စုံများ တပ်ဆင်ပေးရန် ရည်ရွယ်ထားပြီး၊ တိုက်ပွဲများတွင် တပ်ဖွဲ့ဝင်များ၏ အထိအခိုက်နှင့် အသက်ဆုံးရှုံးမှု လျော့နည်းစေရန် ရည်မှန်းထားခြင်းဖြစ်သည်။ ဤရံပုံငွေရှာဖွေရေး ကမ်ပိန်းသည် အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀ ရရှိရန် သတ်မှတ်ထားပြီး၊ အောက်တိုဘာ ၂၄ ရက်မှ နိုဝင်ဘာ ၂၈ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။ NUG က ပြည်သူများအား ဤကမ်ပိန်းတွင် ပါဝင်ကူညီရန် ဖိတ်ခေါ်ထားသည်။ မြန်မာ့အကျပ်အတည်းနှင့် နယ်ကျော်ရာဇဝတ်မှု ဖြေရှင်းရန် အာဆီယံ တိုက်တွန်း အောက်တို ၂၅ The Kaladan Post မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က မြန်မာနိုင်ငံအနေဖြင့် အာဆီယံဒေသတွင်း သက်ရောက်မှုရှိသော နယ်ကျော်ရာဇဝတ်မှုပြဿနာများကို ဖြေရှင်းရန် လုပ်ဆောင်ရန် အာဆီယံ အဖွဲ့ဝင်နိုင်ငံများက လိုလားကြောင်း အောက်တိုဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။ အာဆီယံ၏ ဘုံသဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်မှုဆိုင်ရာ အလွတ်သဘော ဆွေးနွေးပွဲတွင် နယ်ကျော်ရာဇဝတ်မှု၊ လူသားချင်းစာနာထောက်ထားမှု...

Read More
en_USEnglish