အောက်တို (၁၈) သတင်းတိုပေါင်းချုပ်
နတ်ရေကန်ဗျူဟာကုန်းစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တချို့အလင်းဝင်ရောက်ပြီး AA ထိုးစစ်ဆက်လက်ပြင်းထန် အောက်တို ၁၈ The Kaladan Post မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ စစ်ကောင်စီ၏ နတ်ရေကန်ဗျူဟာကုန်းစခန်းမှ တပ်ဖွဲ့ဝင်များ ထွက်ပြေး လာပြီး အချို့မှာ အာရက္ခတပ်တော် (AA) ထံ အလံဖြူထောင်ကာ လက်နက်ချအလင်းဝင်ရောက် လျက်ရှိကြောင်း AA က အောက်တိုဘာလ ၁၇ ရက်တွင် သတင်းထုတ်ပြန်သည်။ AA ၏ ထိုးစစ် ဆင်တိုက်ခိုက်မှုကြောင့် စခန်းရှိ လက်ကျန်နေရာအနည်းငယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေပြီး၊ စစ်ကောင်စီ၏ လေကြောင်းနှင့် စစ်ကူပံ့ပိုးမှုများကြားမှ AAက ပြင်းထန်စွာ တုံ့ပြန်တိုက် ခိုက်လျက်ရှိသည်။ ဖမ်းဆီးရမိသူများနှင့် အလင်းဝင်သူများကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ထားကြောင်း AA က ဆိုသည်။ စစ်ကောင်စီ၏ မတရားစုဆောင်း မှုဖြင့် စစ်မှုထမ်းနေရသူများအား အနီးဆုံး AA နယ်မြေသို့ ဆက်သွယ်ကာ အချိန်မရွေး အလင်းဝင် ရောက်နိုင်ရန် AA က တိုက်တွန်းထားသည်။ လှည်းကူးမြို့နယ်ရှိ ဒရယ်ဘိုးကျေးရွာရှိ အုပ်ချုပ်ရေးရုံးကို တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီးသေဆုံး အောက်တို ၁၈ The Kaladan Post ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဒရယ်ဘိုးကျေးရွာရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကို အောက်တိုဘာလ ၁၇ ရက် ညနေ ၆:၅၀ ခန့်တွင် Yangon Army (YA) နှင့် အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့ ပူးပေါင်း၍ ပြင်းအားမြင့်မိုင်းတစ်လုံးနှင့်...
Read More