Rap အဆိုတော်ဟောင်း ဘလန်ဒရာရှား နီပေါ ဝန်ကြီးချုပ်သစ် ဖြစ်လာရန် နီးကပ်
မတ် ၁၀ The Kaladan Post လူငယ် Rap ဂီတအဆိုတော်ဟောင်းတစ်ဦးဖြစ်သည့် Balen Shah သည် မတ်လ ၅ ရက်တွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် သူဦးဆောင်သည့် ပါတီ အနိုင်ရရှိခဲ့ပြီးနောက် Nepal ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာရန် နီးကပ်လာပြီဖြစ်ကြောင်း သိရသည်။ ရှား ဦးဆောင်သည့် Rastriya Swatantra Party (RSP) သည် နီပေါနိုင်ငံရေး သမိုင်းတွင် ရှားပါးသည့် အောင်ပွဲတစ်ရပ်အဖြစ် ပြတ်ပြတ်သားသား အနိုင်ရရှိခဲ့သည်။ လူငယ်များ ဦးဆောင်သည့် ဆန္ဒပြလှုပ်ရှားမှုများကြောင့် အရင်အစိုးရ ပြုတ်ကျခဲ့ပြီးနောက် ကျင်းပသည့် ပထမဆုံး ရွေးကောက်ပွဲတွင် RSP ပါတီက လွှတ်တော်အမတ်နေရာ အများစုကို ရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိအခြေအနေအရ လွှတ်တော်အမတ်နေရာ ၂၇၅ ခုအနက် RSP ပါတီသည် မဲဆန္ဒနယ်အလိုက် အနိုင်ရထားသည့် အမတ်နေရာ ၁၂၄ ခုရှိပြီး အချိုးကျခွဲဝေစနစ်အရ နောက်ထပ် အမတ်နေရာ ၅၈ ခုခန့် ထပ်မံရရှိနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ အသက် ၃၅ နှစ်သာရှိသေးသည့် ရှားသည် နီပေါတွင် လူငယ်မျိုးဆက်များကြား လူကြိုက်များသည့် နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ပြီး “Balen” ဟူသည့် အနုပညာနာမည်ဖြင့် Rap ဂီတအဆိုတော်အဖြစ် လူသိများခဲ့သူလည်း ဖြစ်သည်။ ရွေးကောက်ပွဲရလဒ်သည် နီပေါနိုင်ငံအတွက် အမှန်တကယ် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရန် မျှော်လင့်ချက်သစ်တစ်ရပ် ဖြစ်လာကြောင်း RSP ပါတီခေါင်းဆောင်တစ်ဦးဖြစ်သူ Ramesh Paudel က ပြောကြားခဲ့သည်။...
Read More