အောက်တို (၁၂) သတင်းတိုပေါင်းချုပ်
စစ်တပ်ရွေးကောက်ပွဲငြင်းပယ်ရေးနှင့် နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေးကို အာဆီယံသို့ တော်လှန်ရေးအဖွဲ့များတောင်းဆို အောက်တို (၁၂) The Kaladan Post အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများအပါအဝင် စုစုပေါင်းအဖွဲ့ ၂၀ ဖွဲ့သည် အာဆီယံအား စစ်တပ်ပြုလုပ်မည့် မည်သည့်ရွေးကောက်ပွဲမဆို ငြင်းပယ်ရန်နှင့် အသိအမှတ်မပြုရန် တောင်းဆိုကြသည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။ အဖွဲ့အစည်းများက အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ရေးတွင် စစ်တပ်၏ ပျက်ကွက်မှုများကို တာဝန်ခံစေရန်၊ အရပ်သားများအပေါ် အကြမ်းဖက်မှုများ ရပ်တန့်ရေးအတွက် အရေးယူဆောင်ရွက်ရန်နှင့် စစ်တပ်အား အာဆီယံအစည်းအဝေးများမှ ဖယ်ရှားရန် ဖိအားပေးအရေးယူစေလိုကြသည်။ ထိုအဖွဲ့များအနက် KNU၊ CNF၊ KPICT၊ KNPP/IEC စသည့် တိုင်းရင်းသားတပ်ဖွဲ့များပါဝင်ကြပြီး အာဆီယံအနေနဲ့ မြန်မာပြည်တွင် ဒီမိုကရေစီပြန်လည်ထူထောင်ရေးအတွက် တာဝန်ရှိကြောင်း အသိပေးအကြောင်းကြား ခဲ့ကြသည်။ ပလောက်မြို့ရှိ စစ်မှုထမ်းတပ်သားသစ် ၄ ဦး KNU တပ်ဖွဲ့ထံ အလင်းဝင် အောက်တို (၁၂) The Kaladan Post တနင်္သာရီတိုင်း၊ ပလောက်မြို့ အခြေစိုက် အမှတ် (၁၂) တိုင်းဗဟိုလေ့ကျင့်ရေး သင်တန်းကျောင်းမှ စစ်မှုထမ်းတပ်သားသစ် ၄ ဦးသည် အောက်တိုဘာလ ၅ ရက်နှင့် ၈ ရက်နေ့တွင် တစ်သီးပွားစွာ ထွက်ပြေးပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၄) နှင့် K.N.D.O တပ်ရင်း (၇)...
Read More