Author: Salai

Chindwin Rocket Brother တပ်ဖွဲ့ဦးဆောင်မှုဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းသို့ Rocket (၁၀) လုံးဖြင့် အောင်မြင်စွာတိုက်ခိုက်

  အောက်တို ၇ The Kaladan Post ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂ရက်နေ့တွင် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အတွင်းသို့ Chindwin Rocket Brother (CRB) ဦးဆောင်သော မဟာမိတ်အဖွဲ့များသည် သီတင်း ကျွတ်အကြို အနေဖြင့် ၉ ကြိမ်မြောက် ဒုံးကျည် ၁၀ လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်မှု တစ်ခုပြုလုပ်ခဲ့ ကြောင်း CBR က သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး (CRB) Chindwin Rocket Brother တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့တိုက်ခိုက် ခဲ့တဲ့ ဒုံးကျည် ၁၀ လုံးဟာ (နမခ) အတွင်းသို့ အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ပါတယ် ဒီတိုက် ခိုက်မှုအတွင်းမှာ စစ်တိုင်းရုံးမှ အကြမ်းဖက် စစ်ကောင်စီ အရာရှိ (၅)ဦးနှင့် ရိက္ခာဂို‌ဒေါင် စောင့် စစ်သား ၂ဦးတို့ဟာ နေရာမှာတင် ပွဲခြင်းပြီး သေဆုံးသွားပါတယ်’ဟု The Kaladan Post သို့ ပြောဆို သည်။ ဤ တိုက် ခိုက်မှုသည် စစ်ကောင်စီတပ်ဖွဲ့များအတွက် သိသာထင်ရှားသော ထိခိုက်မှု များ ဖြစ်ပေါ်စေခဲ့သည့် အပြင် အဆိုပါတိုက်ခိုက်မှုတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီတပ်တွင်း မိသားစု ၅ စုထိခိုက်ခဲ့ပြီး၊ ထိုအထဲမှ မိသားစုဝင် ၅ ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့ကြသည်။ ၎င်းတိုက်ခိုက်မှု အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော ကျန်ရှိမိသားစုဝင် များကို အရေးပေါ်အခြေအနေဖြင့် ၄/၃၀၀ တပ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်းသိရသည်။ ထို့အပြင် တိုက်ခိုက်မှုကြောင့် စစ်ဌာနချုပ် အတွင်းရှိ ရိက္ခာဂိုထောင် ၂ လုံး ပြိုကျပျက်စီးခဲ့ပြီး၊ စစ်ကောင်စီ တပ်ဖွဲ့၏ ထောက်ပံ့ရေးစနစ်ကို သိသာထင်ရှားစွာ ထိခိုက်စေခဲ့သည်။ ဤတိုက်ခိုက်မှုကို Chindwin Rocket Brother (CRB) ဦးဆောင်ပြီး၊ မဟာမိတ်အဖွဲ့များဖြစ်သည့် ချိုမိုင်မိုင် (ကနီ)၊ Chindwin Brother၊ Budalin Defense Force၊ Bandula Defense Force၊ Federal Democratic Force၊ Burmer Army၊ မုံရွာခရိုင်တပ်ရင်း (၁၄) ဗိုလ်လက်ကောက်နှင့် ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်းတို့ ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း တော်လှန်ရေးအင်အားစုများ၏ စည်းလုံး ညီညွတ်မှုနှင့် ဗျူဟာမြောက်စွမ်းရည်ကို ထင်ဟပ်ပြသခဲ့သည်။ သီတင်းကျွတ်အကြို ဤတိုက်ခိုက် မှုသည် အနောက်မြောက်တိုင်းစစ်ဌာန ချုပ်အတွင်း စစ်ကောင်စီ၏ လှုပ်ရှားမှုများကို ထိရောက်စွာ ဟန့်တားရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ CRB နှင့် မဟာမိတ်အဖွဲ့များသည် ဒေသတွင်း စစ်ရေးအရ အရေးပါသော ရိက္ခာထောက်ပံ့ရေးစနစ် ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့၏ စွမ်းရည်ကို အားနည်းစေရန် ရည်မှန်းခဲ့သည်။ ဤတိုက်ခိုက်မှုသည် ဒေသတွင်းရှိ ပြည်သူများ အကြား တော်လှန်ရေးအင်အားစုများအပေါ် ယုံကြည်မှုကို...

Read More

အောက်တို (၇) သတင်းတိုပေါင်းချုပ်

ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်ရင်းနှင့် ရဲစခန်းသို့ ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား အောက်တို ၇ The Kaladan Post မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့၌ တော်လှန်ရေးအဖွဲ့များက အောက်တိုဘာလ ၆ ရက် ညနေပိုင်းတွင် ခလရ ၅၀ တပ်ရင်းနှင့် ဂန့်ဂေါမြို့မရဲစခန်းများသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ခလရ ၅၀ တပ်ရင်းသို့ ဒုံး ၂ လုံးနှင့် ရဲစခန်းသို့ ဒုံး ၃ လုံးကျရောက်ခဲ့ပြီး ရဲများနှင့် စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ယောအလင်းတန်းအဖွဲ့မှ ပြောကြားသည်။ တိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ခလရ ၅၀ တပ်ရင်းမှူး ဦးဆောင်သည့် သီတင်းကျွတ်ပျော်ပွဲ ရှင်ပွဲတော်လည်း ပျက်သွားခဲ့သည်ဟု သိရသည်။ ထိုအကြောင်းအရာနောက်တစ်ဖက်တွင် စစ်တပ်ကလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ဇဟောကျေးရွာအပေါ် ပြန်လည်ပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦး ဒဏ်ရာရရှိပြီး နွားများ သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။ ယောအလင်းတန်းအဖွဲ့ကလည်း ဒေသခံပြည်သူများအား စစ်ရေးသတိထားရန် တိုက်တွန်းထားသည်။ နမ္မတူမြို့ ဘုန်းကြီးကျောင်းသို့ လေယာဉ်မှ ဗုံးကြဲချမှုဖြစ်ပွား အောက်တို ၇ The Kaladan Post ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့ အမှတ် (၈) ရပ်ကွက်ရှိ ဗုဗ္ဗာရုံဘုန်းကြီးကျောင်းကို အောက်တိုဘာလ ၇ ရက် နံနက်ပိုင်းတွင် စစ်တပ်၏ တိုက်လေယာဉ်မှ ဗုံးများကြဲချခဲ့ကြောင်း ဒေသခံများနှင့် TNLA ထုတ်ပြန်ချက်အရ သိရသည်။ တိုက်ပွဲမရှိသည့်အချိန်တွင် ဗုံးကြဲချမှုဖြစ် ပွားပြီး...

Read More

အောက်တို (၆) သတင်းတိုပေါင်းချုပ်

ဝမ်းတွင်းတွင် စစ်မှုထမ်းအပတ်စဉ် ၁၈ အတွက် လူငယ် ၅ ဦးကို စစ်တပ်ဖမ်းဆီး အောက်တို ၆ The Kaladan Post မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်ရှိ ခံဘဲ့၊ ရွာသစ်၊ တောင်ဆည်နှင့် အိုမတွေ့ကျေးရွာများသို့ အကြမ်းဖက် စစ်တပ်က အောက်တိုဘာ ၅ ရက်နေ့ မွန်းလွဲပိုင်းတွင် စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး လူငယ် ၅ ဦးကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း သိရှိရသည်။ ဖမ်းဆီးမှုတွင် လိုက်ထရပ်ကားတစ်စီးဖြင့် ချောဆွဲကာ ပြည်သူများကို ခေါ်ဆောင်သွားခဲ့ပြီး ဖမ်းဆီးခံရသူများကို မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည် မသိရသေးဘူးဟု ဒေသခံများက ပြောကြသည်။ Voice Of Wundwin မှ တာဝန်ရှိသူအဆိုအရ အဆိုပါ ကျေးရွာများတွင် စစ်မှုထမ်းကြေး ကောက်မှု မရှိသော်လည်း စစ်တပ်အဖွဲ့များက လိုင်းကြေးကောက်ခြင်းနှင့် လူငယ်များကို ရှာဖွေဖမ်းဆီးမှုများ ပြုလုပ်နေကြသည်။ ထို့အပြင် အောက်တိုဘာလ ၁၅ ရက်နေ့တွင် စတင်မည့် စစ်မှုထမ်းအပတ်စဉ် ၁၈ အတွက် ဝမ်းတွင်းမြို့နှင့် နယ်နမိတ်ကျေးရွာများ၌ လူငယ်များကို ပုံစံမျိုးစုံဖြင့် ဖမ်းဆီးနေကြောင်း သတင်းများထွက်ပေါ်နေသည်။ သီတင်းကျွတ်လပြည့်နေ့တွင် နမ္မတူနှင့် သီပေါမြို့များကို စစ်တပ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် အောက်တို ၆ The Kaladan Post ဗုဒ္ဓဘာသာ မြန်မာလူမျိုးများအတွက် သီတင်းကျွတ်လပြည့်နေ့ကျရောက်သည့် ယနေ့ အောက်တိုဘာ ၆ ရက်နေ့တွင် စစ်တပ်က ရှမ်းပြည်နယ်ရှိ နမ္မတူနှင့် သီပေါမြို့များကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA နှင့် ဒေသခံများထံမှ...

Read More

အင်အား(၄၀)ခန့် အကြမ်းဖက်စစ်ကောင်စီပူးပေါင်းစစ်ကြောင်းတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိ

  အောက်တို ၆ The Kaladan Post ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်၊ နံနက် ၈ နာရီတွင် မင်းတုန်းမြို့မှ အလယ်ချောင်းရဲစခန်းသို့ လူပြောင်းလဲရန် ဦးတည်လာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်တပ်နှင့် ရဲပူးပေါင်းစစ်ကြောင်း (အင်အား ၄၀ ခန့်) ကို United States of Burma Army (USBA) တပ်ဖွဲ့မှ ခုန်တိုင်ရွာအနီးတွင် ကြိုတင်စောင့်ဆိုင်းပြီး အနီးကပ်ခြုံခိုတိုက်ခိုက်ခဲ့တယ်ဟု  USBA တပ်ဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ပြည်သူ့ရဲဘော် ကိုသာချိုက The Kaladan Post သို့ ပြောကြားသည်။ အဆိုပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ မင်းတုန်းမြို့မှ ညောင်းကြပ်ကျေးရွာအထိ ပေါ့ပါးထရပ်ကား (Light Truck) တစ်စီးနှင့် အိမ်စီးကားတစ်စီးတို့ဖြင့် ရောက်ရှိလာခဲ့တာဖြစ်ပြီး ထိုမှတဆင့် အလယ်ချောင်းရဲစခန်းကို ဦးတည်ကာ ကားများကို နောက်မှမောင်းလာပြီး ရှေ့မှ ခြေလျင်စစ်ကြောင်းဖြင့် ထိုးဖောက်လာခဲ့တာဖြစ်တယ်။ ဒီလို “အကြမ်းဖက် စစ်ကောင်စီပူးပေါင်း တပ်ဖွဲ့တွေ လူပြောင်းရန်အတွက် စစ်ကြောင်းထိုးနေတာကို ကျွန်တော်တို့  USBA တပ်ဖွဲ့မှ သတင်းကြိုတင်ရရှိထားတာကြောင့် ခုန်တိုင်ရွာအနီးတွင် ကြိုတင်ပြင်ဆင်ထားပြီးတော့ အနီးကပ် ခြုံခိုတိုက်ခိုက်ခဲ့ပါတယ် ဒီတိုက်ခိုက်မှုဟာ ၁၅ မိနစ်ခန့်ကြာ ပြင်းထန်သည့် တိုက်ပွဲဖြစ်ပွားခဲ့တယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။ တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများ မျက်မြင်သက်သေများက တွေ့မြင်ခဲ့ရသော်လည်း အတိအကျအချက်အလက်များ မသိရှိရသေးကြောင်း ပြည်သူ့ရဲဘော် ကိုသာချိုက ထပ်မံဖြည့်စွက်ပြောကြားသည်။ လက်ရှိအချိန်တွင် အဆိုပါစစ်ကြောင်းသည် မင်းတုန်းမြို့သို့ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သည်။ ထိုစစ်ကြောင်းသည် လမ်းတစ်လျှောက်တွင် လူငယ်များကို အကြောင်းပြချက်မရှိ ဖမ်းဆီးခေါ်ဆောင်သွားပြီး ပြည်သူပိုင်နေအိမ်အချို့မှ စားသောက်ကုန်များနှင့် တန်ဖိုးရှိပစ္စည်းများကို လုယူသွားခဲ့သည်ဟု သိရသည်။ USBA တပ်ဖွဲ့ဘက်တွင် ထိခိုက်ဒဏ်ရာရရှိမှု အနည်းငယ်ရှိခဲ့သော်လည်း၊ ထိုဒဏ်ရာရရှိသည့် ပြည်သူ့ရဲဘော်များမှာ စိုးရိမ်စရာမရှိသည့် ထိခိုက်မှုအနည်းငယ်သာဖြစ်ကြောင်း ပြည်သူ့ရဲဘော် ကိုသာချိုက The Kaladan Post သို့...

Read More

အောက်တို (၅) သတင်းတိုပေါင်းချုပ်

တရုတ်ကို မြန်မာစစ်အုပ်စုထောက်ခံမှု ပြန်လည်စဉ်းစားရန် နယူးဇီလန်အမတ် တိုက်တွန်း အောက်တို ၅ The Kaladan Post နယူးဇီလန် လွှတ်တော်အမတ် Phil Twyford သည် တရုတ်နိုင်ငံကို မြန်မာစစ်အုပ်စုအား ထောက်ခံနေမှုကို ပြန်လည်စဉ်းစားရန် တိုက်တွန်းလိုက်သည်။ ထိုအမတ်က မင်းအောင်လှိုင် သည် တရုတ်၏ ပံ့ပိုးမှုမရှိဘဲ အာဏာကို ဆက်လက် ထိန်းထားနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ တရုတ်၏ ထောက်ခံမှုသည် မြန်မာစစ်တပ်၏ စစ်ရာဇဝတ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုများတွင် ပါဝင်နေခြင်းဖြစ်ကြောင်း ၎င်းက လှုပ်ရှားပြောဆိုခဲ့သည်။ Phil Twyford က တရုတ်အနေနဲ့ နယ်စပ်တည်ငြိမ်မှုနှင့် သဘာဝသယံဇာတ အသုံးပြုခွင့်ကို ရှာနေသော်လည်း အကြမ်းဖက်စစ်အုပ်စုအား ထောက်ခံနေခြင်းသည် ၎င်းရည်မှန်းချက်များ နှင့် မညီနိုင်ကြောင်း ပြောသည်။ ထို့အပြင် မြန်မာနိုင်ငံသည် လက်ရှိအချိန်တွင် စနစ်တကျ ရာဇဝတ်မှုများ ကျူးလွန်နေသော နိုင်ငံဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်သည့် နယ်မြေကြီးတစ်ခုအဖြစ် ပြောင်းလဲနေကြောင်းလည်း ထောက်ပြခဲ့သည်။ ၎င်းအမတ်က တရုတ်သည် မြန်မာနိုင်ငံတွင် တည်ငြိမ်မှုရှိသော ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ရရှိရေးကို ပံ့ပိုးသင့်ကြောင်း တိုက်တွန်းခဲ့သည်။ မန္တလေး-မုံရွာလမ်းပေါ် စစ်တပ် မိုင်းဆွဲတိုက်ခံမှုဖြစ်၊ စစ်သား ၃ ဦး သေ ၁၁ ဦး ဒဏ်ရာရ အောက်တို ၅ The Kaladan Post စစ်ကိုင်းတိုင်း မန္တလေး-မုံရွာလမ်းပေါ်တွင် ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အဝေးထိန်းမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။ အဆိုပါတိုက်ခိုက်မှုကြောင့်...

Read More
en_USEnglish