ဇူလိုင် (၂၂) သတင်းတိုပေါင်းချုပ်
၁။ စစ်မှုထမ်းသစ်များ ပြည်သူ့ရင်ခွင်ခိုလှုံရန် NUG ဖိတ်ခေါ် ဇူလိုင် ၂၂ The Kaladan Post အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဥပဒေအမည်ခံဖြင့် လူငယ် ၄၀၀၀ အနည်းဆုံးရရှိရန် အဓမ္မဖမ်းဆီးမှုများ ဆောင်ရွက်နေသဖြင့် စစ်မှုထမ်းတပ်သားသစ်များ ပြည်သူ့ရင်ခွင်ခိုလှုံရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဖိတ်ခေါ်သည်။ စစ်ကောင်စီက လူငယ် ၇၀၀၀၀ နီးပါးကို အတင်းအဓမ္မဖမ်းဆီး၍ စစ်သင်တန်းများသို့ ပို့ဆောင်ကာ စစ်မြေပြင်တွင် အသုံးချနေသည်။ စစ်မှုထမ်းပျက်ကွက်ပါက မိသားစုဝင်များကိုပါ အရေးယူမည်ဟု စစ်ကောင်စီက ခြိမ်းခြောက်ထားသည်။ NUG က အလင်းဝင်ရန် ဆက်သွယ်နိုင်သည့် နည်းလမ်းများကိုပါ ကြေညာထားသည်။ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေသည် လူငယ်များကို တရားလက်လွတ်ဖမ်းဆီးရန် လမ်းဖွင့်ပေးထားပြီး ၎င်းတို့ကို တိုက်ပွဲဒေသများတွင် ရှေ့တန်းအသေခံတပ်သားများအဖြစ် ရက်စက်စွာ အသုံးချနေသည်။ မူးယစ်ဆေးဝါးသုံးစွဲစေပြီး စစ်တိုက်ခိုင်းမှုများလည်း ရှိကြောင်း အလင်းဝင်တပ်သားများ၏ ထွက်ဆိုချက်အရ သိရသည်။ ခရီးသွားလာခွင့်ကန့်သတ်မှုနှင့် လူငယ်များကို လမ်းများပေါ်တွင် အဓမ္မဖမ်းဆီးမှုများလည်း ပြုလုပ်နေသည်။ NUG က လူငယ်များအား တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးခိုလှုံလာရန် တိုက်တွန်းထားသည်။ ၂။ ရေတာရှည်မြို့မ ရဲစခန်းကို ၄၀ မမ ဗုံးသီး ၁၄ လုံးဖြင့် တိုက်ခိုက် ဇူလိုင် ၂၂ The Kaladan Post ပဲခူးတိုင်း၊ ရေတာရှည်မြို့မ ရဲစခန်းကို Black Leopard UG အဖွဲ့က ၄၀ မမ ဗုံးသီး ၁၄...
Read More