Author: Salai

ဇွန် (၂၉) သတင်းတိုကဏ္ဍ

၁။ ချင်းတွင်းမြစ်ကြောင်း စစ်သင်္ဘောအုပ်စုအား တိုက်ခိုက်မှု စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိ ဇွန် ၂၉ The Kaladan Post စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသော စစ်သင်္ဘော အုပ်စုအား တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Salingyi) ခေါင်းဆောင် ကိုဗိုက်က ပြောသည်။ ဇွန်လ ၂၈ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရှေ့ထွက်မိုင်းများနှင့် လက်နက်ငယ်များဖြင့် သုံးနေရာခွဲ၍ တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲမှာ တစ်နာရီခန့်ကြာမြင့်ပြီး စစ်သင်္ဘောများမှ ပစ်ကူပေးကာ ဆက်လက်ဆန်တက်သွားသည်။ သေဆုံးမှု အရေအတွက်ကို အတည်မပြုနိုင်သေးပေ။ တိုက်ခိုက်မှုကို ချင်းတွင်းဒိုင်းနမိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အပါအဝင် မဟာမိတ်ညီနောင်အဖွဲ့များ ဖြစ်သည့် တောင်ပံနီအထူးပြောက်ကျားတပ်ဖွဲ့၊ 5/Fighter Group Local PDF (Monywa)၊ SOLO AUNG GYI (Salingyi) နှင့် အခြားအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့သည်။ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။ ဆက်လက်၍ တိုက်ပွဲများ ဆင်နွှဲနိုင်ရန် ပြည်တွင်း၊ ပြည်ပထောက်ပို့အဖွဲ့များထံမှ ထောက်ပံ့မှုများ လိုအပ်နေကြောင်း ကိုဗိုက်က မေတ္တာရပ်ခံသည်။ ၂။ စစ်ကိုင်းမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ဘက်မှ ၄ ဦးသေဆုံး ဇွန် ၂၉ The Kaladan Post စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ချောင်းမကြီးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဇွန်လ ၂၇ ရက် နံနက်ပိုင်းက စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း...

Read More

ဇွန် (၂၈) သတင်းတိုကဏ္ဍ

၁။ အသက်မပြည့်သော PDF တပ်ဖွဲ့ဝင်လူငယ် ၄ ဦးအား မိဘများထံ ပြန်အပ်နှံ ဇွန် ၂၈ The Kaladan Post မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် PDF တပ်ဖွဲ့ဝင်အဖြစ် ဝင်ရောက်လာသည့် အသက်မပြည့်သေးသူ လူငယ် ၄ ဦးအား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့ကြောင်း မြင်းခြံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ လူငယ်များမှာ အသက် ၁၅ နှစ်နှင့် ၁၇ နှစ်အရွယ်ရှိ ယောက်ျားလေးများဖြစ်သည်။ သူတို့သည် ဆိုရှယ်မီဒီယာမှတစ်ဆင့် တော်လှန်ရေးအဖွဲ့တစ်ခုနှင့် ဆက်သွယ်ကာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းတို့မှာ အသက်မပြည့်သေးကြောင်း စိစစ်တွေ့ရှိရပြီးနောက် မြင်းခြံခရိုင်ပကဖထံ ဆက်သွယ်အကြောင်းကြားခဲ့သည်။ ဇွန်လ ၂၆ ရက်နေ့တွင် မြင်းခြံခရိုင်ပကဖက အဆိုပါ လူငယ်များကို လက်ခံခဲ့ပြီး နောက်တစ်နေ့ ဇွန်လ ၂၇ ရက်တွင် ၎င်းတို့အား မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံခဲ့သည်။ ပကဖအနေဖြင့် ပြည်သူများနှင့် တစ်သားတည်းရှိကာ ကလေးငယ်များနှင့် ၎င်းတို့၏ မိဘများ၏ လုံခြုံရေးကို ထည့်သွင်းစဉ်းစားခဲ့သည်။ ထို့ပြင် ဂျနီဗာကွန်ဗန်းရှင်းနှင့်အညီ ဆောင်ရွက်နေကြောင်း တာဝန်ရှိသူက အသိပေးသည်။         ၂။ မှော်ဘီမြို့မရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှု ရဲတစ်ဦး ဒဏ်ရာရ ဇွန် ၂၈ The Kaladan Post ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မှော်ဘီမြို့မရဲစခန်းကို ဇွန်လ ၂၇ ရက် ညပိုင်းတွင် အဝေးထိန်းမိုင်း...

Read More

ရူပီး ၅၆ သိန်းခန့် တန်ဖိုးရှိ စိတ်ကြွဆေးပြားကို CDF-Hualngoram ဖမ်းဆီး

  ဇွန် ၂၈ The Kaladan Post ချင်းပြည်နယ်၊ ဟွာလ်ငိုးရမ်းဒေသ၊ ရိခေါဒါရ်မြို့မှတဆင့် မီဇိုရမ်ပြည်နယ်သို့ ပို့ဆောင်ရန် ကြံရွယ် ထားသော စိတ်ကြွဆေးပြား ၂၇၀,၀၀၀ (တန်ဖိုးရူပီး ၅၆ သိန်းခန့်) ကို HPO/CDF-Hualngoram တပ်ဖွဲ့က ၂၀၂၅ ခုနှစ် ဇွန်လ ၉ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း HUALNGORAM PEOPLES ORGANIZATION ၏ ယမန်နေ့ ၂၇.၆.၂၀၂၅ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါထုတ်ပြန် ချက်နဲ့ ပတ်သက်ပြီး CDF-Hualngoram ၏ပြောရေးဆိုခွင့်ရှိသူက “လက်ရှိ ကျွန်တော်တို့ ဖမ်းဆီးထားသူ Salai Van Thawm Mang  သည် စိတ်ကြွဆေးပြား ပိုင်ရှင်မဟုတ်ဘဲ သယ်ဆောင်လာသူသာ ဖြစ်ပါတယ် ပြီးတော့ ကျွန်တော် တို့ထိန်းသိမ်းသော တရားခံက မူးယစ်ဆေး ဝါးပိုင်ရှင်၏ နာမည်ကို ပြောဆိုထားသော်လည်း ယခုချိန်မှာ မဖမ်းဆီးနိုင်သေးတာကြောင့် နာမည်ကို ပြောကြားလို့ မရသေးပါဘူး ”ဟု The Kaladan Post သို့ပြောဆိုသည်။ ဒီမူးယစ်ဆေးဝါးသယ် ဆောင်လာသူကို HPO/CDF-Hualngoram မှ ကြိုတင်ပြီး သတင်းရရှိခြင်း၊ တိုင်းတန်းခြင်းမျိုးမရှိဘဲ ၎င်းက ချောင်းဖြတ် ရေးကူးရန်ပြင်ဆင်နေချိန်တွင် ညတာဝန်ကျ ရဲတပ်ဖွဲ့တွေနှင့် CDF-Hualngoram အရန်တပ်ဖွဲ့တွေက  မသင်ကာလို့ စစ်ဆေးကြည့်ရာမှာ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်းသိရသည်။ ဒီ  စိတ်ကြွဆေးပြားသည် မီဇိုရမ်ပြည်နယ်မှာရောင်းကြတာဖြစ်ပြီး မီဇိုရမ် လူငယ်များစွာကို ဖျက်ဆီး တာကြောင့်   HPO/CDF-Hualngoram အဖွဲ့သည် မီဇိုရမ်ပြည်နယ် အစိုးရအဖွဲ့နှင့် တချို့ NGO ရဲ့ တောင်းဆိုချက်နှင့်အညီ တတ်နိုင်သလောက် ဆက်လက်ထိန်းသိမ်း တားမြစ်သွားမှာဖြစ်ပြီး လက်ရှိ ဖမ်းဆီးထားသော စိတ်ကြွဆေးပြား ကိုလည်း တရားရေးအဖွဲ့မှ ဒီဂရီချမှတ်ပြီးတာနဲ့ သတင်းမီဒီယာ တွေနှင့် အသိသက်သေ တွေခေါ်ယူကာ ၎င်းတို့ ရှေ့မှာတင် မီးရှို့ဖျက်ဆီးသွားမှာ ဖြစ်တယ်လို့ CDF-Hualngoram ၏ပြောရေးဆို ခွင့်ရှိသူက  ဆက်လက်ပြောဆိုသည်။ ထို့အပြင်  HPO/CDF-Hualngoram သည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် နေပြီး ချင်းလူမျိုးများ ထိခိုက်စေသော မူးယစ်ဆေးဝါးများကိုတားဆီးနိုင်ရန် ကြိုးပမ်းသွားမှာဖြစ်ပြီး ပြည်သူများအနေဖြင့် ဤလုပ်ငန်းတွင် ပူးပေါင်းပါဝင်ကြရန်  ၎င်းထုတ်ပြန်ချက်တွင် တိုက်တွန်း...

Read More

ဇွန် (၂၇) သတင်းတိုကဏ္ဍ

၁။ စေတုတ္တရာရှိ ကျေးရွာများတွင် စစ်တပ်စီးနင်းမှုကြောင့် PDF နှင့် တိုက်ပွဲဖြစ်ပွား ဇွန် ၂၇ The Kaladan Post မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ်ကြောင်း ၂ ကြောင်းခွဲ၍ ဝင်ရောက်စီးနင်းပြီး ပြည်သူများကို ပစ်ခတ်ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) နှင့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း စေတုတ္တရာ PDF မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဇွန်လ ၂၅ ရက်မှစတင်ကာ ငမရွာ၊ သံဆည်ရွာ၊ ကြီးအုံရွာတို့သို့ စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့သည်။ ပြည်သူများကို လိုက်လံပစ်ခတ်ဖမ်းဆီးမှုကြောင့် PDF တပ်ဖွဲ့များက ကယ်ထုတ်ခဲ့ရသည်။ စစ်တပ်၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ဒေသခံများ ထိတ်လန့်ထွက်ပြေးနေရသည်။ စစ်ကြောင်းများသည် သံဆည်ရွာ၊ ငမရွာနှင့် ကြီးအုံရွာတို့တွင် ပြည်သူပိုင်နေအိမ်များကို ဖျက်ဆီးပြီး ပစ္စည်းများ ခိုးယူခဲ့ကြောင်း သိရသည်။ စေတုတ္တရာနှင့် မြိုင်မြို့ PDF မှ တော်လှန်ရေးရဲဘော်များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးပေ။ စစ်ကြောင်းတစ်ခုမှာ စလင်းလမ်းမှ ငမရွာဘက်သို့ အင်အား ၇၀ ခန့်ဖြင့် တက်လာပြီး နောက်တစ်ခုမှာ ကြီးဝရွာရဲစခန်းဘက်မှ အင်အား ၅၀ ခန့်ဖြင့် လက်နက်ကြီးပစ်ကူဖြင့် ဝင်ရောက်ခဲ့သည်။ စုစုပေါင်း စစ်သား ၁၂၀ ခန့်ပါဝင်ကြောင်း သိရသည်။     ၂။ ကမ္မမြို့တွင် စစ်ကား ၂ စီးကို...

Read More

စစ်ရှောင်ပြည်သူတွေကို PDO/PDA အဖွဲ့က အခြေခံကျန်းမားရေးစောင့်ရှောက်မှုများ အခမဲ့ကူညီပေး

  ဇွန် ၂၆ The Kaladan Post ပြည်သူ့ဒီမိုကရက်တစ်တပ်တော်အနေဖြင့် အခြေခံကျန်းမာရေးစောင့် ရှောက်မှုအဖွဲ့များ ဖွဲ့စည်းကာ ၂၀၂၅ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျေးရွာပြည်သူလူထုနှင့် စစ်ရှောင်ပြည်သူများအား အခြေခံကျန်းမာ ရေး စောင့်ရှောက်မှုများကို အခမဲ့ပြုလုပ်ပေးလျက်ရှိကြောင်း People’s Democratic Army ၏ ထုတ် ပြန်ချက်အရ သိရပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး People’s Democratic Army ၏ တာဝန်ရှိသူ ရဲဘော်အုပ်စိုးက “ဦးစားပေးအနေနဲ့ ကူညီပေးကတေ့ ကျွန်တော်တို့ လှုပ်ရှားဒေသဖြစ်တဲ့ ညောင်ဦးနယ်ထဲမှာ အဓိကလုပ်ဖြစ်နေတာပါဖြစ်ပါတယ် ပြီးတော့ အဓိကအားဖြင့်အခြေခံကျန်းမားရေး ဖြစ်တဲ့  ဖျားတာ၊ နာတာ၊  ဆီချို၊ သွေးတိုး၊ ခါးနား၊ ဒူးနာ၊ ဒါတွေအပြင် မိုးရာသီဖြစ်တော့ ယားနာတွေ ရောပါတာပေါ့”ဟု The Kaladan Post သို့ပြောတို့သည်။ ဒါ့အပြင် ကျွန်တော်တို့ထပ်တိုးလုပ်ဆောင်နိုင် ဖို့ ယခင်ကရန်သူ့အနားနေရလို့ မထွက်လာနိုင်သေးတဲ့ဆေးဘက်ဆိုင်ရာ ပညာရှင်များကို ဖိတ်ခေါ် ပြီး ဒီထက်မက ပြည်သူတွေကို ကူညီနိုင်အောင်ကြိုးစားသွားမှာဖြစ်ပါတယ်။လက်ရှိကျွန်တော်တို့ ထိန်းချုပ် နေမြေမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေ နေရေးထိုင်ရေးနှင့် စားဝတ်နေရေးတွေကို ​ပြည်သူနဲ့ အတူ​ပူ ပေါင်းဖြေရှင်းပေးမှာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။  စစ်ဘေးရှောင်ပြည်သူ ထပ်တိုးလာ နိုင်သောကြောင့်  စားဝတ်နေရေး ဖြေရှင်းနိုင်ရေး PDO/PDAအနေနဲ့ အခြေခံ စားသောက်ကုန်ဖြစ်သော ဆန်၊ဆီ စတာတွေကို ကြိုတင်ပြီးစုထားရတဲ့အခြေနေရှိကြောင်း သိရှိရပါသည်။ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေကို ဆက်လုပ်ဖို့ PDO/PDA စိုးမိုးထားတဲ့ဒေသတွင်းက ပြည်သူတွေ ဒီထက်ပိုစည်းလုံး ညီညွတ်ဖို့လိုအပ်ပြီးပါကြောင်းနှင့် ပြည်တွင်း၊ ပြည်ပရှိတိုင်ရင်းသား ညီအစ်ကိုများ အနေနဲ့လည်း စစ်ရှောင်ပြည်သူတွေရဲ့ ဆေးဝါးပစ္စည်းလိုအပ်ချက်များဖြစ်ဖြစ်၊ အလှူငွေဖြစ်ဖြစ် ဝိုင်းဝန်းကူညီ ပေးရန် လိုအပ်လျက်ရှိပြီး ကူညီပေးလိုပါက   PDO/PDA facebook page မှ လာရောက်ဆက်သွယ်ပြီး ကူပေး နိုင်ပါကြောင်း People’s Democratic Army ၏ တာဝန်ရှိသူ ရဲဘော် အုပ်စိုးက...

Read More
en_USEnglish