Author: Salai

စစ်ကောင်စီ စစ်ကြောင်းထိုးမှုကြောင့် ရွှေဘိုမန်းလေးလမ်း အသုံးမပြုရန် ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အသိပေး

————————————————————————– ဩဂုတ် ၁၈ The Kaladan Post ရွှေဘိုမန်းလေးလမ်းကို အသုံးပြုနေကြသော ခရီးသွားပြည်သူများနှင့် ယဥ်ပိုင်ရှင်၊ ယဥ်မောင်းများအနေ ဖြင့် စစ်ကိုင်းမြို့နယ်ထဲမှ စစ်ကောင်စီတွေ စစ်ကြောင်းထိုးနေသောကြောင့် ရွှေဘိုမန်းလေးလမ်းအား ယနေ့ ၂၀၂၅ခုနှစ်၊ သြဂုတ်လ (၁၈)ရက်နေ့မှစ၍ အသုံးအပြုကြပါရန် ဝက်လက်မြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပကဖ) မှ အသိပေးထုတ်ပြန်ထားပါသည်။Mya အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက “ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေက အင်အား ၂၀၀ကျော်နဲ့ စစ်ကြောင်းထိုလာတာဖြစ်ပါတယ် သူတို့ဟာဆိုရင် စစ်ကိုင်းမြို့နယ်ထဲက ရွာတွေကို ရွှေဘို မန်းလေး လမ်းတလျှောက် အထိုင်ချထား ပါတယ် “ဟု The Kaladan Post သို့ပြောဆိုသည်။ ၎င်းစစ်ကြောင်းထိုးလာသော စစ်ကောင်စီ စစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲများ ခဏခဏဖြစ်ပွားခဲ့သည့်အပြင် ယနေ့မနက်ပိုင်းအထိ တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဖက်မှ ထိခိုက်မှုများစွာရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိကြောင်း ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။ ထိုကြောင့်မြေပြင်စစ်ရေးအခြေအနေအရ ရွှေဘိုမန်းလေးလမ်းကြော (ရွာသာကြီး စစ်ကိုင်းလမ်းပိုင်း) ကို ယနေ့ဩဂုတ်လ ၁၈ရက်နေ့ မှစ၍ အသုံးပြု၍ မရအသုံးပြု၍ မရပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ မိဘပြည်သူများအနေဖြင့် ပြန်လည်အသုံးပြုလို့ရမည့်အချိန်ကို ထက်မံမထုတ်ပြန် ခင်အချိန်ထိ ပူးပေါင်းပေးကြပါရန် ၎င်းက...

Read More

ဩဂုတ် (၁၇) သတင်းတိုပေါင်းချုပ်

ရန်ကုန်တွင် စစ်မှုထမ်းအဖြစ် အတင်းဖမ်းဆီးမှု ဆက်လက်ဖြစ်ပေါ် ဩဂုတ် ၁၇ The Kaladan Post ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်မှ ရေကြောင်းတက္ကသိုလ်ကျောင်းသား မောင်ထွန်းအောင်လွင်ကို စစ်တပ်က ဩဂုတ်လ ၉ ရက်က ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း သိရသည်။ ၎င်း၏ဖခင်မှာ အငြိမ်းစားစစ်ဝန်ထမ်း ဦးဝိုင်းမော်ချစ်ဖြစ်ပြီး မောင်ထွန်းအောင်လွင်သည် ဟိုပုံးမြို့နယ်သို့ ခေါ်ဆောင်ခံရပြီး ဗထူးတပ်သို့ ပို့ဆောင်မည်ဟု ဖုန်းဖြင့် အကြောင်းကြားခဲ့သည်။ ဖမ်းဆီးသူများက ၎င်းအား ထိုးကြိတ်ခေါ်ဆောင် သွားသည်ဟု ဆိုသည်။ မိသားစုက ထပ်မံဆက်သွယ်ရာ အဆက်အသွယ်ပြတ် တောက်နေသည်။ အဒေါ်ဖြစ်သူက လူမှုကွန်ရက်တွင် အကူအညီတောင်းခံထားပြီး ဖမ်းဆီးမှုမှာ သဘောရိုးမဟုတ်ဟု ယူဆသည်။ ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းလိုအပ်ချက်မရှိစေရန် မြို့နယ်အသီးသီးသို့ ညွှန်ကြားချက် ထုတ်ပြန်ထားသော်လည်း လမ်းဆုံလမ်းခွများတွင် လူမိုက်များနှင့် ပျူစောထီးများက လူငယ်များကို အတင်းဖမ်းဆီးနေသည်။ စစ်မှုထမ်းလူစားထိုးရန် တစ်ဦးလျှင် အနည်းဆုံး ငွေကျပ်သိန်း ၈၀ ဖြင့် အရောင်းအဝယ်ဖြစ်နေသည်။ အချို့မြို့နယ်များတွင် ငွေကြေးဖြင့် လူစားထိုးဝယ်ယူပြီး၊ အချို့တွင် ရပ်ကွက်များမှ လူဖမ်းဆီးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။         မိုးကုတ်မြို့သို့ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဆက်လက်ဖြစ်ပေါ် ဩဂုတ် ၁၇ The Kaladan Post မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်သို့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်လျက်ရှိသည်။ ဩဂုတ်လ ၁၇ ရက် နံနက် ၈ နာရီ ၅၉ မိနစ်နှင့် ၉...

Read More

CDF Hualngo က ဖမ်းဆီးထားသော အရပ်သား ၅ ဦး လွတ်မြောက်

—————————————————————– ဩဂုတ် ၁၇ The Kaladan Post ဖလမ်းမြို့နယ်၊ Belawi ကျေးရွာမှ ကျဆုံးသွားသော CNDF ရဲဘော် Uk Lian Piang ၏ ရုပ်အလောင်းကို ရှာဖွေရန် မိခင်ဖြစ်သူ၏ ညွှန်ကြားမှုအရ ဆွေမျိုး သူငယ်ချင်း ၅ ဦးတို့သည် ရှာဖွေရန် ထွက်ခွာခဲ့ပြီးအပြန်တွင် CDF- Hualngoram က ၎င်းတို့ကိုဖမ်းဆီးထားကြောင်း ဒေသတွင်း သတင်းမီဒီယာ ဖော်ပြချက်အရသိရသည်။ အဆိုပါသတင်းဖော်ပြချက်နှင့် ပတ်သက်ပြီး CDF- Hualngoram တပ်ဖွဲ့ရဲ့ စစ်ဘက်ဆိုင်ရာအတွင်းအရေးမှူး Salai Venpuia က “ကျွန်တော်တို့ ဖမ်းဆီးထားတဲ့သူတွေဟာ အရက်အလွန်အကျွန် မူးတာကြောင့် ဖမ်းဆီးစစ်ဆေး တာဖြစ်ပါတယ် စစ်ဆေးချိန်တွင် ကျွန်တော်တို့သည် CNDFတပ်ဖွဲ့ဝင်တွေဖြစ်ပါတယ် အဲ့ဒါကြောင့် ဖလမ်းမြို့နယ် တစ်ခုလုံးကို ကြိုက်သလိုသွားလို့ရတယ်ဟု ပြောလို့ ခဏထိန်းသိမ်းထားတာဖြစ်ပါတယ်။ ပြီးတော့ သူတို့ဟာအမူးပြေလာတော့ သူ့တို့သိတဲ့သူတွေကို ခေါ်ပြီးတော့ စစ်ဆေးရာ CNDF တပ်ဖွဲ့ဝင် တွေမဖြစ်တော့ သူတို့ကို လွှတ်ပေးလိုက်ပါပြီး ဟု “ The Kaladan Post သို့ပြောဆိုသည်။ အဆိုပါ သတင်းမီဒီယာ ဖော်ပြချက်များသည် CDF- Hualngoram ကို ရည်ရွယ်ချက်ရှိစွာဖြင့် တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ ၎င်းသတင်းဖော်ပြထားချက်တွင် ၎င်းတို့သည် ရိခေါ်ဒါရ်မြို့ရှိ CDF Ngawn ခေါင်းဆောင်တစ်ဦး၏ အကူအညီဖြင့် ရုပ်အလောင်းကို ရှာဖွေရန် ရိခေါ်ဒါရ်မြို့သို့ သွားရောက်ခဲ့သော်လည်း အလောင်းကို မတွေ့ရှိဘဲ ပြန်လှည့်လာစဉ် ရိခေါ်ဒါရ်မြို့နှင့် Lianhna ကျေးရွာကြားရှိ CDF Hualngoram ၏ ဂိတ်တွင် ၎င်းတို့ကို CNDF အဖွဲ့ဝင်များဟု စွပ်စွဲကာ ရိုက်နှက်ဖမ်းဆီးခဲ့ကြောင်း ဆိုသည်။ ထို့အပြင် ၎င်းတို့နှင့် နီးစပ်သူတစ်ဦးက CDF Hualngo တွေက သူတို့ကို ဘယ်ကိုသွားမလဲလို့ မေးတဲ့အခါ ဦးလေးရဲ့ အလောင်းကို လေးလက်ရွာဘက်မှာ သွားရှာမယ် လို့ဖြေတယ် အဲဒါကြောင့် ခင်ဗျားတို့က CNDF တွေပဲဆိုပြီး ဖမ်းကြတယ်။ တုတ်နဲ့လည်း ရိုက်ပြီးတော့ သေနတ်တွေကို ဘယ်မှာ ဖွက်ထား လဲ လို့မေးတယ်ဟု...

Read More

မုံရွာမှ ကျောက္ကာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ၃၀ခန့် သေဆုံး

ဩဂုတ် ၁၆ The Kaladan Post ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၈ ရက်မှ ၁၀ ရက်နေ့အထိ ၃ရက်အတွင်း မုံရွာမြို့မှ ကျောက္ကာသို့ သာလွန် အင်အားဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ်များနှင့် တော်လှန်ရေးရဲဘော်များအကြား ပြင်းထန် သော အထိတွေ့တိုက်ပွဲ ၅ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း သပြေညိုပြောက်ကျားတပ်ဖွဲ့ ၏ ထုတ်ပြန် ချက်အရသိသည်။ အဆိုပါတိုက်ပွဲများနှင့်ပတ်သက်ပြီး သပြေညိုပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက “ကျွန်တော်တို့နှင့်တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပထမစစ်ကြောင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အင်အား ၂၀၀ခန့်ဖြစ်ပြီး သူတို့ဘက်က အထိနာတော့ စစ်ကူအင်အားထပ်ဖြည့်လာပါတယ် ဒါပေမယ့် ထပ်ဖြည့်တဲ့အင်အားကိုတော့ ကျွန်တော်တို့ အတိအကျမသိသေးပါဘူးဗျ ပြီးတော့ ဒီစစ်ကောင်စီစစ်ကြောင်းသည် နယ်မြေရှင်းလင်းရေးအတွက် သတ်သတ်ဖြစ်ပါတယ်” ဟု The Kaladan Post သို့ ပြောဆိုသည်။  ဤတိုက်ပွဲများသည် ကျောက္ကာ၊ ပေါ်တော်မှု၊ နှင့် ရေနံကုန်းအနီး တဝိုက်တွင် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၃၀ခန့်သေဆုံးခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များမှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့သည်။ အဆိုပါတိုက်ပွဲများသည် သြဂုတ်လ ၈ ရက်၊ နေ့လယ် ၁:၄၅ နာရီခန့်တွင် စစ်တပ်များသည် ကျော က္ကာရွှေဂူနီဘုရားအရှေ့ရှိ စာသင်ကျောင်းအတွင်း နေရာယူထားပြီး၊ တော်လှန်ရေး ရဲဘော် များက ဘုရားမုဒ်ပေါက်တွင် တပ်စွဲကာ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲသည် ၃၀ မိနစ်ခန့် ကြာမြင့် ခဲ့ပြီး စစ်တပ်ဘက်မှ ၆ ဦး သေဆုံးခဲ့သည်။ ထိုနေ့တွင်ပင် ကျောက္ကာဘောလုံးကွင်း အနောက်ဘက် တွင် နောက်ထပ်တိုက်ပွဲတစ်ခု ၂၀ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄ ဦး သေဆုံးခဲ့သည်။ သြဂုတ်လ ၁၀ ရက်၊ နေ့လယ် ၃:၁၅ နာရီခန့်တွင် ပေါ်တော်မှုကျောင်းအတွင်း စစ်တပ်နှင့် တော်လှန်ရေး ရဲဘော် များအကြား ခဏတာအထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ တော်လှန်ရေး ရဲဘော်များသည် ဆုတ်ခွာပြီး ရွှေဂူဖြူဘုရားသို့ ပြန်လည်ရောက်ရှိခဲ့သည်။ ထိုနေ့တွင်ပင် ညနေ ၄:၁၅ နာရီခန့်တွင် ရေနံကုန်းသို့ ထိုးစစ်ဆင်လာသော စစ်တပ်နှင့် ဒုတိယအကြိမ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲတွင် စစ်တပ် ဘက်မှ ၂၀ ဦးခန့် သေဆုံးခဲ့ပြီး ၁ ဦး အရှင်ဖမ်းမိခဲ့သည်။ ဤတိုက်ပွဲသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘက်မှ လက်နက်ကြီးများနှင့် paramotor များဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်ခဲ့သော် လည်း တော်လှန်ရေးရဲဘော်များသည် အကာအကွယ်ကောင်းမွန်စွာဖြင့် ခုခံတိုက်ခိုက်နိုင်ခဲ့သည်။ ထို့ပြင် စစ်တပ်ဘက်တွင် ထိခိုက်ဒဏ်ရာ ရသူများလည်း များပြားခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်ထိ စစ်တပ်စစ်ကြောင်းများသည် အရာတော်-မုံရွာလမ်းပိုင်းတွင် ခြေရှုပ်နေဆဲဖြစ် သည်။ ဒေသခံပြည်သူများအနေဖြင့် အဆိုပါဧရိယာအတွင်း သွားလာမှုမပြုလုပ်ရန် မေတ္တာရပ်ခံ ထားကြောင်း ၎င်းထုတ်ပြန်ချက်တွင်ဖော်ပြထာပါသည်။ ဤစစ်ဆင်ရေးများကို သပြေညိုပြောက် ကျားတပ်ဖွဲ့၊ အရာတော်မြို့နယ်တိုက်နယ် (၉၊ ၁၀၊ ၁၁) ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ)၊ မုံရွာမြို့နယ်တိုက်နယ် (၂)၊PLA နှင့် ဗျူဟာ (၆၆) တို့မှ ပူးပေါင်း ဆောင်ရွက်ခဲ့သည်။ ဤတိုက်ပွဲများသည် တော်လှန်ရေးရဲဘော်များ၏ ဗျူဟာမြောက်ခံစစ်နှင့် အကာအကွယ်စွမ်းရည်ကို ထင်ရှားစွာ ပြသခဲ့ ပြီး၊ စစ်တပ်အား သိသာထင်ရှားသော ထိခိုက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ ဒေသခံပြည်သူများ၏ လုံခြုံရေးအတွက် သတိထားသွားလာရန်...

Read More

ဩဂုတ် (၁၆) သတင်းတိုပေါင်းချုပ်

ဒီးမော့ဆိုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂၀ ဦးသေဆုံး ဩဂုတ် ၁၆ The Kaladan Post ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ဆည်မှ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဩဂုတ်လ ၈ ရက်နှင့် ၉ ရက်တွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးသေဆုံးပြီး KNDF ရဲဘော် ၁ ဦး ကျဆုံးခဲ့သည်။ စစ်တပ်သည် အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲ၍ ထိုးစစ်ဆင်ခဲ့ပြီး လက်နက်ကြီး၊ ဒရုန်းဗုံး၊ တင့်ကားနှင့် ဟောင်ဝှစ်ဇာများအသုံးပြု၍ ဆက်လက်ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်။ စစ်တပ်က သေဆုံးသူများ၏ ရုပ်အလောင်းများကို ပြန်လည်ကောက်ယူသွားခဲ့သည်။ ဒဏ်ရာရသူ ၂၀ ကျော်ရှိနိုင်ကြောင်း ဗျူဟာ ၁၁ ကရင်နီ စစ်ဒေသ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဩဂုတ်လ ၃ ရက်မှစတင်၍ ငွေတောင်ဆည်မှ စစ်ကြောင်းထိုးလာပြီး ကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေသဖြင့် ထောင်နှင့်ချီသော ဒေသခံများ ဘေးလွတ်ရာ သို့ ထွက်ပြေးနေရသည်။ တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဗျူဟာ ၁၁ မှ တာဝန်ရှိ သူက သတိပေးထားသည်။ ဒီးမော့ဆိုသို့ စစ်ကြောင်းထိုးလာမှုသည် ဒေသတွင်း တင်းမာမှုများ ပိုမိုမြင့်တက်လာစေပြီး ပြည်သူများ၏ ဘေးကင်းလုံခြုံမှုကို ခြိမ်းခြောက်လျက်ရှိသည်။     စစ်တပ်က ဆုံးရှုံးထားသော နယ်မြေများအပါအဝင် တစ်နိုင်ငံလုံး ရွေးကောက်ပွဲ ကျင်းပမည်ဟု ကြေညာ ဩဂုတ် ၁၆...

Read More
en_USEnglish