Author: Salai

ဩဂုတ် (၁၃) သတင်းတိုပေါင်းချုပ်

၁။ တလုပ်မြို့တွင် စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွား၊ စစ်သား ၈ ဦးသေဆုံးပြီး နေအိမ်များ မီးရှို့ခံရ ———————————————— ဩဂုတ် ၁၃ The Kaladan Post မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့တွင် တပ်စွဲထားသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက ဩဂုတ်လ ၉ ရက်နေ့ နံနက် ၆ နာရီတွင် စစ်ကြောင်း ၃ ကြောင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ၈ နာရီခန့်ကြာ ထိတွေ့တိုက်ပွဲအတွင်း စစ်သား ၈ ဦးသေဆုံးခဲ့ပြီး စစ်တပ်က လက်နက်ကြီးဖြင့် ၃၀ ကြိမ်ကျော်ပစ်ခတ်ကာ ရဟတ်ယာဉ်ဖြင့် ဗုံး ၁၂ လုံးချသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာခဲ့ရသည်။ တိုက်ပွဲအတွင်း စစ်တပ်၏ လက်နက်ကြီးနှင့် မီးလောင်ဗုံးများကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့သည်။ ဤစစ်ဆင်ရေးကို CDSOM (ဗိုလ်စင်္ကြာစစ်ကြောင်း) နှင့် PDF (Taloke) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်တပ်ဘက်မှ ပြင်းထန်စွာ ခုခံမှုကြောင့် မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခြင်း မရှိခဲ့ပေ။ CDSOM တာဝန်ရှိသူတစ်ဦးက “စစ်တပ်ဘက်က အထိနာခဲ့ သော်လည်း လေကြောင်းနှင့် လက်နက်ကြီးပစ်ကူမှုကြောင့် ဆုတ်ခွာခဲ့ရသည်” ဟု ပြောကြားသည်။ ၂။ ကျောက်ကြီးမြို့နယ်တွင် စစ်မှုထမ်းတပ်သား ၈ ဦး အလင်းဝင် ———————————————— ဩဂုတ် ၁၃ The Kaladan Post ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းနှင့် ကွင်းချောင်းဝဗျူဟာစခန်းများမှ စစ်မှုထမ်းတပ်သား ၈ ဦးသည် ဩဂုတ်လ ၁၂...

Read More

ဩဂုတ် (၉) သတင်းတိုပေါင်းချုပ်

၁။ စစ်ကြောင်းထိုးနေသော စစ်တပ်ကို PDF တပ်ဖွဲ့များ ပိတ်ဆို့တိုက်ခိုက် ဩဂုတ် ၉ The Kaladan Post နေပြည်တော်၊ မကွေးနှင့် ပဲခူးတိုင်းထိစပ်နယ်မြေများသို့ စစ်ကြောင်းထိုးဝင်ရောက်နေသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက တစ်လနီးပါး လိုက်လံပိတ်ဆို့တိုက်ခိုက်လျက်ရှိသည်။ ဇူလိုင် ၁၈ ရက်မှစတင်ကာ စစ်တပ်သည် အင်အား ၆၀၀ ဖြင့် စစ်ကြောင်း ၃ ကြောင်းခွဲ၍ နေပြည်တော်၊ ပဲခူးနှင့် မကွေးတို့မှ ထိုးစစ်ဆင်လာခဲ့သည်။ တိုက်ပွဲများအတွင်း စစ်သား ၇၅ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး တိုက်ပွဲများ ယခုချိန်ထိ ပြင်းထန်နေဆဲဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော် ၂ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ပြီး စခန်းအချို့ လက်လွှတ်ခဲ့ရသည်။ ဤတိုက်ခိုက်မှုကို နေပြည်တော်တိုင်းစစ်ဌာနချုပ် အမှတ် ၈၀၄၊ ၉၀၂ တပ်ရင်းများနှင့် သရက်ခရိုင်တပ်ရင်း ၁ နှင့် အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်။ စစ်တပ်သည် နင်းမိုင်းနှင့် ဆွဲမိုင်းများကြောင့် အထိနာခဲ့ပြီး ပြည်သူများမှာ စစ်ရှောင်ထွက်ပြေးခဲ့ရသဖြင့် ဘေးကင်းနေကြသည်။ တိုက်ပွဲများသည် သရက်ခရိုင်အတွင်း အဓိကဖြစ်ပွားနေပြီး နေပြည်တော်ရှိ ချောင်းတိမ်၊ ချောင်းမကြီး၊ အောင်ချမ်းသာရွာများမှ စစ်တပ်က အခြေစိုက်ထိုးစစ်ဆင်နေသည်။   ၂။ စလင်းနှင့် မုံရွာတွင် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး ဩဂုတ် ၉ The Kaladan Post မကွေးတိုင်း၊ စလင်းမြို့နယ်၊ နွယ်တမယ်ရွာတွင် ဩဂုတ်လ ၆ ရက်နေ့ ညနေ ၆ နာရီခန့်က စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်။ အင်အား ၅၀ ခန့်ရှိသော စစ်တပ်စစ်ကြောင်းနှင့် ဒေါင်းစစ်အောင် (Local PDF) ဦးဆောင်သည့် တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ တိုက်ပွဲသည် ၁ နာရီခန့် ကြာမြင့်ခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ ဤတိုက်ခိုက်မှုကို ဒေါင်းစစ်အောင်၊ ဗမာ့တပ်တော်၊ ပေါက်တောင်ပိုင်းကျန်းမာရေးနှင့် သူနာပြုတပ်ဖွဲ့နှင့် စလင်းမြို့နယ် ပကဖ တို့က ပူးပေါင်းဆောင်ရွက်ခဲ့သည်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတွင် ဩဂုတ်လ ၃ ရက်နေ့ နံနက် ၁၁ နာရီခွဲခန့်က စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးခဲ့သည်။ စစ်သင်္ဘော ၁ စီးနှင့် တွဲသင်္ဘော ၁၀ စီးကို ရှေ့ထွက်မိုင်း ၃ လုံးဖြင့် ဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သည်။ Chindwin Fighter Group နှင့် Brave Heart Army တို့က ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်။ ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆက်လက်ပူးပေါင်းပါဝင်ရန် Chindwin Fighter Group က တိုက်တွန်းထားသည်။   ၃။ တနင်္သာရီမြို့နယ်တွင် စစ်တပ်စစ်ကြောင်းနှင့် စခန်းများကို တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး ဩဂုတ် ၉ The Kaladan Post တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်တွင် စစ်တပ်၏ စစ်ကြောင်း၊ စစ်ဆေးရေးဂိတ်နှင့် ရိက္ခာပို့ယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့သည်။ ဇူလိုင် ၂၈ ရက်နေ့ နံနက်တွင် သစ်ပင်ခြောက်ရွာရှိ စစ်ကြောင်းနှင့် တနင်္သာရီမြို့မှ စစ်ကူလာသည့် စစ်ကြောင်းကို ဒရုန်းဗုံးကြဲပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။ တိုက်ပွဲအတွင်း စစ်သား ၂၀ ကျော် ဒဏ်ရာရရှိခဲ့သော်လည်း သေဆုံးမှု အတိအကျ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဩဂုတ်လ ၄...

Read More

နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီကားတိုက်ခိုက်ထံရပြီး ၃ကောင်သေဆုံး

———————————————————————- ဩဂုတ် ၈ The Kaladan Post ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ (၅) ရက်၊ နေ့လည် ၃:၁၂ နာရီခန့်တွင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ ကနားကျေးရွာမှ ပြင်စည်ကျေးရွာသို့ သွားရောက်နေသော စစ်ကောင်စီ၏ ကားတစ်စီးအား မြင်းခြံ ခရိုင် အမှတ် (၄) တပ်ရင်းနှင့် အမှတ် (၁၀) တပ်ရင်းတို့မှ ကနား-ပြင်စည်လမ်းပိုင်းတစ်နေရာ၌ ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Natogyi People Defence Force for KR Support ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး NPDF ရဲ့ တာဝန် ရှိသူ Soe Aung က “ ဟုတ်ကဲ့ဗျ ကျွန်တော်တို့က စစ်ကောင်စီ ကားထွက်လာတယ်ဆိုတာကို သတင်းကြိုတင်ရထားတာကြောင့် စောင့်ကြိုပြီးတော့တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကားကိုတော့ မီးရှိုးခဲ့ပါတယ် သေဆုံးသွားတဲ့ စစ်ကောင်စီ အလောင်းတွေကိုတော့ သူတို့သေတဲ့နေရာမှာ ထားခဲ့ တာပါ ယခုဆိုရင် စစ်ကောင်စီဘက်က သေဆုံးသူတွေ အလောင်းကိုလာကောက်ရန် အင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးပြီးတော့ လာကောက်သွားကြပါပြီ ခင်ဗျ“ဟု The Kaladan Post သို့ ပြောဆိုသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီကားပေါ်ပါ တပ်ဖွဲ့ဝင် (၅) ဦးအနက် (၃) ဦးသေဆုံးခဲ့ပြီး (၂) ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ထို့အပြင် စစ်ကောင်စီထံမှ M-79 လက်နက် (၁) လက်၊ MA-3 လက်နက် (၃) လက်၊ 5.56 မမ ကျည်ဆံ (၂၁၅) တောင့်၊ ၄၀ မမ ကျည် (၁) လုံး၊ လက်ပစ်ဗုံး (၁) လုံးနှင့် ကျည်ဘောက် (၅) ဘောက်တို့အား သိမ်းဆည်းရမိခဲ့သည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ၎င်းတိုက်ပွဲ အတွင်း တော်လှန်ရေးရဲဘော်များမှာ အထိအခိုက်မရှိ အောင်မြင် စွာ...

Read More

ဩဂုတ် (၈) သတင်းတိုပေါင်းချုပ်

၁။ ပဲခူးမြို့လယ်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တု ညအချိန် ဖယ်ရှားဖျက်ဆီး ဩဂုတ် ၈ The Kaladan Post ပဲခူးမြို့လယ်ခေါင်ရှိ ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ညသန်းခေါင်ယံတွင် လျှပ်စစ်မီးများ ဖြတ်တောက်၍ ဖယ်ရှားဖျက်ဆီးခဲ့ကြောင်း ပဲခူးမြို့ခံများက ပြောသည်။ ယမန်နေ့ ည ၁၂ နာရီဝန်းကျင်တွင် ဘုရားလမ်းနှင့် တောင်ငူလမ်းထောင့်ရှိ ရုပ်တုကို ကရိန်းကားများဖြင့် သယ်ယူဖယ်ရှားခဲ့သည်။ ရုပ်တုထားရှိရာ အထိုင်တုံးကိုလည်း ဖြိုချခဲ့ပြီး လုပ်ငန်းစဉ်တစ်ခုလုံး အမှောင်ထဲတွင် ပြုလုပ်ခဲ့သည်။ စစ်ကားများဖြင့် လုံခြုံရေးယူထားပြီး မီးပြန်လည်မလာခဲ့ဟု သိရသည်။ အလားတူ နေပြည်တော်တွင်လည်း ဇူလိုင်လ ၂၈ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုတစ်ခုကို စစ်တပ်က ဖယ်ရှားဖျက်ဆီးခဲ့သည်။ စစ်တပ်သတင်းရင်းမြစ်အချို့က ဤဖယ်ရှားမှုများမှာ NLD အစိုးရလက်ထက် ထုလုပ်ခဲ့သော ရုပ်တုများကို ပစ်မှတ်ထားခြင်းဖြစ်နိုင်ပြီး ယတြာတစ်ခုဖြစ်နိုင်သည်ဟု သုံးသပ်သည်။ သို့သော် တပ်ရင်းများတွင် ဗိုလ်ချုပ်ပုံတူများကို ဆက်လက်ချိတ်ဆွဲထားရန် ညွှန်ကြားထားဆဲဖြစ်သည်။             ၂။ မင်းအောင်လှိုင် အာဆီယံပဋိညာဉ်လိုက်နာရန် တိုက်တွန်းသော်လည်း ထိပ်သီးအစည်းအဝေးတက်ရောက်ခွင့် ပိတ်ပင်ခံထားရဆဲ ဩဂုတ် ၈ The Kaladan Post အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပြည်တွင်းရေးစွက်ဖက်မှုမပြုရေး အာဆီယံပဋိညာဉ်ကို လေးစားလိုက်နာရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၅၈ နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့သို့ စာပေးပို့ပြောဆိုသည်။ ဒေသတွင်း စိန်ခေါ်မှုများကို ပြင်ပဝင်ရောက်စွက်ဖက်မှုမပါဘဲ ဖြေရှင်းရန်နှင့် ပဋိညာဉ်စာတမ်းပါ အခြေခံမူများကို လိုက်နာရန် ၎င်းက တိုက်တွန်းသည်။...

Read More

ဩဂုတ် (၇) သတင်းတိုပေါင်းချုပ်

၁။ စစ်ကြောင်းထိုးလာသော စစ်တပ်ကို တော်လှန်ရေးတပ်များ ပိတ်ဆို့တိုက်ခိုက် ဩဂုတ် ၇ The Kaladan Post မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် ဇူလိုင်လအတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့များက အကြိမ်ကြိမ် ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးပြီး ၃၅ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော် ၁ ဦးကျဆုံးကာ ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင်လ ၇ ရက်မှ ၁၂ ရက်အတွင်း ဆီးမီးခုံဆိပ်ကမ်းမှ ကုန်းလည်ရွာ၊ ပေါက်တောရွာနှင့် နတ်ကြီးရွာသို့ စစ်ကြောင်းထိုးလာစဉ် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။ စစ်တပ်သည် ရဲကင်းစခန်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။ ထို့ပြင် ဇူလိုင်လ ၈ ရက်တွင် စစ်တပ်က ကုန်းလည်ရွာရှိ နေအိမ် ၁၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ဇူလိုင်လ ၁၂ ရက်တွင် တိုက်လေယာဉ်ဖြင့် နတ်ကြီးရွာသို့ ဗုံး ၆ လုံးကြဲကာ စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များသည် စစ်ကောင်စီကို ဆက်လက်ခုခံရန် စည်းလုံးညီညွတ်စွာ ကြိုးပမ်းနေကြောင်း၊ ပြည်သူများအနေဖြင့် စိတ်မပျက်ကြရန်နှင့် သားသမီးများကို စစ်ကောင်စီ၏ လက်နက်ကိုင်အဖြစ် မဖြစ်ပေါ်စေရန် ဂရုစိုက်ရန် မန္တလေးခရိုင် အမှတ် ၅ တပ်ရင်းမှ တာဝန်ရှိသူက တိုက်တွန်းပြောကြားသည်။         ၂။ ယာယီသမ္မတ ဦးမြင့်ဆွေ ကွယ်လွန် ဩဂုတ်...

Read More
en_USEnglish