Author: Salai

ဟားခါးမြို့လယ်တွင် ချင်းတော်လှန်ရေးတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ကြား တိုက်ခိုက်မှုဖြစ်ပွား

  ဩဂုတ် ၇ The Kaladan Post ၂၀၂၅ ခုနှစ်၊ သြဂုတ်လ ၇ရက် နေ့လယ်ပိုင်းတွင် ချင်းတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီ တပ်ဖွဲ့တို့အကြား ချင်းပြည်နယ်၊ ဟားခါးမြို့လယ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ရဲအုပ်တစ်ဦး သေဆုံး ခဲ့ကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ၏ ထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ဟားခါးမြို့ခံတစ်ဦးက ယနေ့ နံနက် ၁၁နာရီခန့်တွင် မြို့အတွင်း တစ်နေရာ၌ လက်နက် ပစ်ခတ်သံများ ကြားရပါတယ် နေရာကိုတော အတိအကျမသိဘူး သေဆုံးသူရှိတယ်ဆိုတာ သတင်း မှားဖြစ်နိုင်တယ်လို့ ၎င်းကဆိုသည်။ ထို့အပြင် “တိုက်ပွဲဖြစ်ပွားပြီး အကြာမီအချိန်အတွင်းမှာဘဲ လူငယ်အဖွဲ့တွေက ညနေ ၀၅း၀၀ နာရီ နောက်ပိုင်း ဟားခါးမြို့လယ် မထွက်ရ အမိန့်ကို ကြေညာ ထားတယ်” ၎င်းက ဆက်လက်ပြောဆိုသည်။ ဒီရဲအုပ်သေဆုံးမှုနှင့် ပတ်သပ်ပြီး တာဝန်ရှိသူ CDF- Hakha တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသလို CDF – Hakha ရဲ့ Center Council အထွေထွေ အတွင်းရေးမှူးအား Telegram ကနေဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိ သဖြင့် The Kaladan Post အနေဖြင့် သတင်းထုတ်ပြန်သည့် အချိန်ထိ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။ CHRO ၏ ထုတ်ပြန်ချက်တွင် သေဆုံးသွားသော ရဲအုပ်မှာ ကားမောင်းနေစဉ် ပစ်ခတ်ခံရပြီး ရဲစခန်းသို့ ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ဒဏ်ရာပြင်းထန်မှုကြောင့် စခန်းအတွင်း ရောက်ရှိ ချိန်တွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းဖော်ပြထားသည်။ ထို့အပြင် ဟားခါးမြို့တွင် ပြီးခဲ့သည့် သြဂုတ်လ ၃ ရက်နေ့ညပိုင်းကလည်း မြို့တွင်း၌ လက်နက်ကြီးပေါက်ကွဲမှုများနှင့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ အရပ်သားများ ထိခိုက်ဒဏ်ရာရရှိမှုများ ရှိခဲ့သည်။ ဟားခါးမြို့တွင် ဆက်လက်ဖြစ် ပေါ်နေသည့် ပဋိပက္ခများကြောင့် ဒေသခံများ၏ လုံခြုံရေးနှင့် လူ့အခွင့်အရေးအခြေအနေများ စိုးရိမ်ဖွယ်ရာရှိနေသည်ဟု သုံးသပ်မှုများလည်း...

Read More

အလင်းဝင်လာသူတပ်သား မောင်တင်ဝင်းသည် စစ်ကောင်စီကို ပြန်တော်လှန်သွားမည်ဟုဆို

—————————————————————————– ဩဂုတ် ၆ The Kaladan Post ၂၀၂၅ခုနှစ်၊ဇူလိုင်လ ၃၀ရက်နေ့တွင် တနင်္သာရီမြို့နယ်၊အောက်ကင်းရွာအခြေစိုက် ခမရ (၅၅၇) တပ်ရင်းမှ တပ်သား(၁) ဦး လက်နက်နှင့်အတူ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)ထံ အလင်း ဝင်ရောက်ခဲ့ကြောင်း တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တပ်ဖွဲ့ရဲ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ထံ အလင်းဝင်လာသူသည် ၂၀၂၅ခုနှစ်၊ ညဖက် လမ်းထွက်နေချိန်တွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ တွေက ခဏလိုက်ခဲ့ဆိုပြီး ဖမ်းဆီးခေါ်ဆောင်သွားခံရတယ် ဖမ်းဆီးခံရသူဟာဆိုရင် စစ်ကောင်စီတပ်ထဲမှာ တာဝန်ထမ်းဆောင်ခဲ့တာ ၃ လနီးပါးပဲ ရှိသေးတယ်”ဟု The Kaladan Post သို့ပြောဆို သည်။ ဒါ့အပြင် အလင်းဝင်လာသူကို ကနဦးအနေနဲ့ ကျွန်တော်တို့တပ်ဖွဲ့မှ ကျပ် ၁၀သိန်း ချီးမြှင့် ထားပါတယ်၊ MOD ကိုတင်ထားတဲ့ဟာကျလာတာနဲ့ ထပ်ပြီးတော့ထောက်ပံ့ ပေးသွားမှာဖြစ်ပြီး လက်ရှိမှာ သူ့ကိုတော်လှန်‌ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတစ်ခုတွင် ထားထားကြောင်း တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ထပ်လောင်းပြောဆိုသည်။ အလင်းဝင်ရောက်လာသူမှာ တပ်သား အမည်လွဲ မောင်တင်ဝင်း၊ ကိုယ်ပိုင်အမှတ် ပစ/၁၄၄၂၁၆ ဖြစ်ပြီး ၎င်းနှင့်အတူ MA-2 (၁) လက်၊ ကျည်ဘောက် (၁)ခု၊ ကျည် (၁၈)တောင့်၊ တို့ ပါဝင်ခဲ့ပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ နွေးထွေးစွာ ကြိုဆိုလက်ခံခဲ့ကြောင်းသိရသည်။ အကြမ်းဖက်မင်းအောင်လှိုင်၏ တပ်သား များအနေဖြင့် ပြည်သူ လူထုဖက်မှရပ်တည်လိုပါက တနင်္သာရီတိုင်းစစ်ဌာန၏ တပ်ရင်းတပ်ဖွဲ့များ၊ နီးစပ်ရာတော်လှန်ရေး တပ်များထံ အမြန်ဆုံးပူးပေါင်းကြရန်တိုက်တွန်းလိုပြီး တနင်္သာရီတိုင်းစစ်ဌာန၏ တပ်ရင်းတပ်ဖွဲ့များထံ လက်နက်နှင့်အတူ အလင်းဝင်ရောက်လာပါက ထိုက်တန်စွာဂုဏ်ပြု ချီးမြှင့်သွားမည် ဖြစ်ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အလင်းဝင်ရောက်လာသူ တပ်သား အမည်လွဲ မောင်တင်ဝင်းသည် အကြမ်းဖက် စစ်ကောင်စီကို ပြန်တော်လှန်ရန်...

Read More

ဩဂုတ် (၆) သတင်းတိုပေါင်းချုပ်

၁။ သံတောင်ကြီးတွင် မိုးသည်းထန်မှုနှင့် မြေပြိုမှုကြောင့် လူ ၈ ဦးသေဆုံး ဩဂုတ် ၆ The Kaladan Post ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဩဂုတ်လ ၃ ရက်မှစ၍ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျချောင်းရေနှင့် မြေပြိုမှုများ ဖြစ်ပွားခဲ့သည်။ ယင်းဒဏ်ကြောင့် ကလေးငယ်များ အပါအဝင် လူ ၈ ဦးသေဆုံးပြီး ပျောက်ဆုံးသူများ ရှိနေသည်။ လူနေအိမ် များနှင့် ဥယျာဉ်ခြံမြေများ ပျက်စီးဆုံးရှုံးခဲ့ရပြီး တောင်ငူ-သံတောင်ကြီးလမ်းမှာ ပြတ်တောက် နေသည်။ ကျေးရွာချင်းဆက်လမ်းများ ပျက်စီးမှုကြောင့် ဆက်သွယ်ရေး ခက်ခဲနေပြီး ထီးပူခီးကျေးရွာတစ်ခုလုံး ယာယီရှောင်နေရသည်။ ကယ်ဆယ်ရေးအဖွဲ့များ မရောက်ရှိ သေးဘဲ မိုးဆက်လက်ရွာသွန်းနေသည်။ သံတောင်ကြီးမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲများကြောင့် လုံခြုံရေးတင်းကျပ်ထားသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ခက်ခဲနေသည်။ ဒေသခံများထံမှ သိရသည်မှာ တံတားနှစ်စင်းနှင့် အိမ်များ ရေစီးနှင့်မျောပါသွားပြီး ရွာအချို့တွင် မြေပြိုမှု ကြောင့် ရွာတစ်ဝက်ခန့် ဆုံးရှုံးခဲ့ရသည်။ ယခုအခါ ကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိမှသာ ပျောက်ဆုံးသူများကို ရှာဖွေနိုင်မည်ဟု ဒေသခံပရဟိတအဖွဲ့များက ပြောကြားသည်။           ၂။ တင်အောင်စန်းကို အမျိုးသားလုံခြုံရေးအကြံပေးအဖြစ် မင်းအောင်လှိုင်ခန့်အပ် ဩဂုတ် ၆ The Kaladan Post စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ရေတပ်ဦးစီးချုပ်ဟောင်း တင်အောင်စန်းကို အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်လိုက်ပြီး ဗိုလ်ချုပ်ကြီး မိုးအောင်၏ နေရာကို အစားထိုးသည်။ ယမန်နေ့ စစ်ကောင်စီ၏ ကြေညာချက်အရ...

Read More

ဟားခါးတွင် ဘုရားကျောင်းအပြန် လူငယ် ၅၀ ကျော်ကို စစ်ကောင်စီက အစုလိုက်ဖမ်းဆီး

  ဩဂုတ် ၅ The Kaladan Post ချင်းပြည်နယ်၊ ဟားခါးမြို့တွင် ပြီးခဲ့သည့် ဩဂုတ်လ ၃ ရက်နေ့က ဘာသာရေးအခမ်းအနားမှ အပြန် လူငယ် ၅၀ ကျော်ကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက အစုလိုက်အပြုံလိုက် ဖမ်းဆီးခေါ် ဆောင်သွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ဟားခါးမြို့ပေါ်ရှိ ဘာသာရေးလူငယ်ခေါင်းဆောင်များ ဦးဆောင်၍ လူငယ်များ ချစ်ကြည်ရေး ဝတ်ပြုကိုးကွယ်ပွဲကို ဘုရားကျောင်းတစ်ခုတွင် ပြုလုပ်ခဲ့ပြီး အပြန်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် များက ကြိုတင်စောင့်ဆိုင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု မြို့ခံလူငယ်တစ်ဦးက The Kaladan Post သို့ ပြောသည်။ “ဟားခါးမြို့ပေါ်မှာ နေထိုင်တဲ့ ဘာသာရေးလူငယ်ခေါင်းဆောင်တွေ ဦးဆောင်မှုနဲ့ လူငယ်တွေအား လုံး ချစ်ကြည်ရေးအဖြစ် အဲ့ဒီနေ့တုန်းက ဘုရားကျောင်းတစ်ခုမှာ ဝတ်ပြုကိုးကွယ်ခြင်းပြုလုပ်ခဲ့ပြီး အပြန်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေက ကြိုတင်စောင့်ဆိုင်းကာ အစုလိုက်ဖမ်းဆီးခြင်းပါ” ဟု ၎င်းက ပြောသည်။ ဖမ်းဆီးခံရသူများမှာ ယနေ့အချိန်အထိ တစ်ဦးတစ်ယောက်မျှ ပြန်လည်လွတ်မြောက်လာခြင်း မရှိ သေးကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။ အဆိုပါ ဖမ်းဆီးမှုမဖြစ်ပွားမီ Chinland Defense Force – Hakha (CDF-Hakha) က စစ်ကောင်စီ အရာရှိတစ်ဦးကို ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်ရှိခဲ့သောကြောင့် ယခုကဲ့သို့ စစ်ကောင်စီဘက်က လက်တုံ့ ပြန်သည့်အနေဖြင့် ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း အဆိုပါဒေသခံက သုံးသပ်သည်။ သို့သော် စစ်ကောင်စီအရာရှိ ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ Hakha Center Council GS ထံ Telegram မှတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဤသတင်းရေးသားသည့်အချိန်အထိ အကြောင်းပြန် ကြားခြင်း မရှိသေးသဖြင့် The Kaladan Post အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ ဖမ်းဆီးခံထားရသည့် လူငယ်များကို စစ်ကောင်စီက စစ်မှုထမ်းဥပဒေအရ သင်တန်းတက်ခိုင်းခြင်း သို့မဟုတ် CDF-Hakha က ဖမ်းဆီးထားသည့် စစ်ကောင်စီအရာရှိနှင့် အကျဉ်းသားချင်း လဲလှယ်ရန် ဓားစာခံအဖြစ် အသုံးပြုလာနိုင်သည်ဟုလည်း သုံးသပ်မှုများရှိနေသည်။ ဟားခါးမြို့တွင် ယခင်က ယခုကဲ့သို့ လူငယ်များကို အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုမျိုး မရှိခဲ့ဖူး သော်လည်း စစ်ကောင်စီက လူငယ်များကို တစ်ဦးချင်း ဖမ်းဆီးခြင်းများမှာမူ မကြာခဏ ဖြစ်ပွား လျက်ရှိသည်။ ထိုသို့ ဖမ်းဆီးခံရသူများအနက် အများစုကို ငွေကြေးဖြင့် ပြန်လည်ရွေးထုတ်ခိုင်းခဲ့ သလို အမှုဖွင့်တရားစွဲဆိုခံရပြီး ထောင်ဒဏ်ကျခံရသူများလည်း ရှိခဲ့ကြောင်း...

Read More

ဩဂုတ် (၅) သတင်းတိုပေါင်းချုပ်

၁။ ပခုက္ကူတပ်မ ၁၀၁ ဌာနချုပ်တိုက်ခိုက်ခံရ၊ လက်ပကန်ရွာမှ ပြည်သူ ၃၀ ကျော်ဖမ်းဆီးခံရ ဩဂုတ် ၅ The Kaladan Post မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ ဌာနချုပ်ကို ဩဂုတ်လ ၂ ရက်နေ့တွင် Burma Revolution Rangers (B.R.R) ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ၆၀ မမ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဗုံးသီး ၂ လုံး ဌာနချုပ်အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်တပ်က လေထီးဖြင့် လက်နက်ကြီးပစ်ခတ်ကာ မြေပြင်စစ်ကြောင်းထိုးခဲ့ရာ တော်လှန်ရေးရဲဘော်များ ပိတ်မိခဲ့သော်လည်း ဖောက်ထွက်နိုင်ခဲ့သည်။ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲအပြီး စစ်ကောင်စီတပ်ဖွဲ့များက လက်ပကန်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ၃၀ ကျော်ကို ဖမ်းဆီးကာ ရိုက်နှက်စစ်ဆေးနေကြောင်း Burma Revolution Rangers မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကို DEMO က ပြောသည်။ ဖမ်းဆီးခံရသူများတွင် လူငယ်၊ လူလတ်ပိုင်းနှင့် လူကြီးပိုင်းများ ပါဝင်ပြီး အမျိုးသားနှင့် အမျိုးသမီးများ ပါဝင်သည်။ ဤတိုက်ခိုက်မှုကို B.R.R၊ Pakokku People Defense Force (P.P.D.F) နှင့် ဧရာဒေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့သည်။     ၂။ စစ်ကားနှင့်ရဲကားကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး ဩဂုတ် ၅ The Kaladan Post မကွေးတိုင်း၊...

Read More
en_USEnglish