ဇူလိုင် (၃၀) သတင်းတိုပေါင်းချုပ်
၁။ ဥသျှစ်ပင်မြို့ စစ်ဆေးရေးဂိတ်တာဝန်ခံ မူးယစ်ဆေးဝါးသယ်ယူမှုဖြင့် ဖမ်းဆီးခံရ ဇူလိုင် ၃၀ The Kaladan Post ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့ စစ်ဆေးရေးဂိတ်တာဝန်ခံ ဗိုလ်ကြီး စိုးမင်းထွန်းအား မူးယစ်ဆေးဝါးသယ်ယူမှုဖြင့် စစ်တပ်က ဖမ်းဆီးစစ်ဆေးလျက်ရှိသည်။ ၎င်းထံမှ ငွေကျပ်သိန်း ၉ သောင်းကျော်၊ ရွှေ၊ စိန်နှင့် ဇိမ်ခံကားများ၊ ခြံကွက်များ သိမ်းဆည်းရရှိခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။ ဇူလိုင် ၂၃ ရက်က မကွေးတိုင်း၊ ကံမမြို့နယ်တွင် ၎င်း၏ Alphard ကားဖြင့် မူးယစ်ဆေးဝါးများ သယ်ဆောင်လာ သည်ကို ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးခံရသူများတွင် ဗိုလ်ကြီး စိုးမင်းထွန်း၏ လက်အောက်ခံ စစ်သားနှင့် အရပ်သားတပည့်များ ပါဝင်သည်။ ဗိုလ်ကြီး စိုးမင်းထွန်းသည် အမှတ် ၉ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံမှ ဖြစ်ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းမှစ၍ မူးယစ်ဆေးဝါးသယ်ယူမှုကို လုပ်ကိုင်ခဲ့ကြောင်း စစ်ဆေးမှုအရ သိရသည်။ ၎င်း၏ တပ်တွင်းပြိုင်ဆိုင်မှုနှင့် တိုင်ကြားမှုကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ပြီး လက်ရှိတွင် စစ်ကြောရေးလုပ်နေသည်။ တပ်တွင်း သဘောထားကွဲလွဲမှုများကြောင့် အရာရှိအချို့က ၎င်း၏ မရိုးသားသော ချမ်းသာမှုကို အမြင်မကြည်ဖြစ်နေကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ဆိုသည်။ ၂။ ရှမ်းမြောက်တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံး ဇူလိုင် ၃၀ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာ...
Read More