Author: Salai

လူငယ်များ၏ စွန့်လွှတ်မှု၊ စိန်ခေါ်မှုများနှင့် ဒီမိုကရေစီအနာဂတ်အတွက် မျှော်မှန်းချက်များ

လူငယ်များ၏ စွန့်လွှတ်မှု၊ စိန်ခေါ်မှုများနှင့် ဒီမိုကရေစီအနာဂတ်အတွက် မျှော်မှန်းချက်များ ——————————————————————————————– အယ်ဒီတာ့အာဘော် ဇူလိုင် ၂၇ The Kaladan Post မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြောင်းအလဲများ၏ ဗဟိုချက်တွင် ရှိနေသည်။ ဤအာဏာသိမ်းမှုသည် ပြည်သူလူထု၏ စည်းလုံးညီညွတ်မှုနှင့် အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် နွေဦးတော်လှန်ရေးကို ဖြစ်ပေါ်စေခဲ့သည်။ ဤတော်လှန်ရေးတွင် လူငယ်များ သည် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်နေပြီး ဒီမိုကရေစီအတွက် စွန့်လွှတ်စွန့်စားမှုများနှင့် နည်းပညာအခြေပြု လှုပ်ရှားမှုများဖြင့် သမိုင်းတွင် ထူးခြားသော ခြေလှမ်းများကို ချန်ထားနေသည်။   တော်လှန်ရေး၏ လက်ရှိအခြေအနေ (က) ပြည်သူ့ခုခံမှုနှင့် လက်နက်ကိုင်တော်လှန်ရေး၏ အရှိန်အဟုန် ၂၀၂၁ ခုနှစ်မှစတင်ကာ မြန်မာ့နွေဦးတော်လှန်ရေးသည် အကြမ်းမဖက်ရေးလှုပ်ရှားမှုများမှ လက်နက်ကိုင်တိုက်ပွဲများအထိ အဆင့်ဆင့် ပြောင်းလဲလာခဲ့သည်။ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) သည် စစ်အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာ ဆန့်ကျင်ရာတွင် အရေးပါသော အစပြုမှုတစ်ခုဖြစ်ခဲ့သည်။ သို့သော် စစ်ကောင်စီ၏ လက်နက်ကိုင် အကြမ်းဖက်ဖိနှိပ်မှုများကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နှင့် ဒေသဆိုင်ရာ တော်လှန်ရေးအင်အားစုများ ပေါ်ပေါက်လာခဲ့သည်။ လက်ရှိတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဦးဆောင်မှု၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေး များကြောင့် တော်လှန်ရေးသည် ထူးခြားသော အောင်မြင်မှုများ ရရှိနေပြီဖြစ်သည်။ အထူးသဖြင့် ‘၁၀၂၇ စစ်ဆင်ရေး’ နောက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများသည် နိုင်ငံတစ်ဝန်းရှိ...

Read More

ချင်းစည်းလုံးညီညွတ်ရေးအတွက် ChinSolidarityNow ကမ်ပိန်း လှုပ်ရှားမှု CCM ဦးဆောင်ပြုလုပ်

    ဇူလိုင် ၂၇ The Kaladan Post ချင်းတော်လှန်ရေး အင်အားစုများအကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခများရပ်တန့်ကာ အနာဂတ်ချင်းပြည် သစ် တည်ဆောက်ရေးတွင် အရပ်ဘက်ပြည်သူလူထု၏ အသံကို ထင်ဟပ်စေရန် ရည်ရွယ်၍ Chin Civic Movement (CCM) က #ChinSolidarityNow ကမ်ပိန်းကို စတင်လိုက်ပြီဖြစ်သည်။ ယခု ကမ်ပိန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် စတင်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ထားသည့် နောက်ဆုံးရက် သို့မဟုတ် ပါဝင်ရမည့် လူဦးရေ ရာခိုင်နှုန်း ကန့်သတ်ချက်မရှိကြောင်း CCM မှ တာဝန်ရှိသူတစ်ဦးက The Kaladan Post သို့ ပြောကြားသည်။ “Campaign ဟာ ချင်းလူထုရဲ့အသံနဲ့ ပူးပေါင်းပါဝင်မှုကို တတ်နိုင်သမျှ ဖိတ်ခေါ်တာဖြစ်ပြီး လူထုရဲ့ စိတ်ဝင်စားမှုအပေါ်မှာ မူတည်ပါတယ်။ ချင်းအရေးကို အဓိကရည်ရွယ်ပေမယ့် တခြားတိုင်းရင်းသားတွေကလည်း ချင်းအရေးမှာ ကျွန်တော်တို့နဲ့ သဘောထားထပ်တူကျရင် ပူးပေါင်းပါဝင်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။ ထို့အပြင် ချင်းမီဒီယာများသာမက အခြားတိုင်းရင်းမီဒီယာများနှင့် Mainstream Media များကိုလည်း ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ကြောင်း၊ ကမ်ပိန်းတွင် ပါဝင်ရန် အခက်အခဲရှိသူ များအနေဖြင့် CCM ၏ Chat Box တွင် အကူအညီတောင်းခံနိုင်ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးရန် အသင့်ရှိကြောင်းလည်း သိရသည်။ ကမ်ပိန်းနှင့် ပတ်သက်၍ ချင်းပြည်သူတစ်ဦးက ပြည်တွင်းပြည်ပရှိ ချင်းလူမျိုးအားလုံး၏ ပူးပေါင်းပါဝင်မှုသည် အလွန်အရေးကြီးပြီး မရှိမဖြစ်လိုအပ်သည်ဟု သုံးသပ်ပြောဆိုသည်။ “ပြည်ပက ချင်းတွေမှာ စွမ်းရည်နဲ့ အရင်းအမြစ်တွေရှိပြီး ပြည်တွင်းက ချင်းတွေမှာတော့ မြေပြင်အတွေ့အကြုံနဲ့ ခိုင်မာတဲ့စိတ်ဓာတ်တွေ ရှိနေတာကို တွေ့ရပါတယ်။ သူတို့က လက်ရှိအခြေအနေတွေကို တကယ်ရင်ဆိုင်နေရတာမို့ လှုပ်ရှားမှုအတွက် အစစ်အမှန်လိုအပ်တဲ့အသံကို ထုတ်ပေးနိုင်တယ်။ ဒီလို ပြည်တွင်းပြည်ပ ပူးပေါင်းမှုကသာ စစ်မှန်တဲ့ စည်းလုံးညီညွတ်မှုကို ဖော်ဆောင်ပြီး ထိရောက်တဲ့ လှုပ်ရှားမှု ဖြစ်လာမှာပါ” ဟု ၎င်းက ဆိုသည်။ ဆက်လက်ပြီး ၎င်းက “ပြည်သူအားလုံးပါဝင်လာအောင် ကမ်ပိန်းဦးဆောင်သူတွေအနေနဲ့ အသံမက်ဆေ့ချ်တွေ၊ ဗီဒီယိုတွေ ဖန်တီးပေးဖို့၊ လူမှုကွန်ရက်မှာ တက်ကြွလှုပ်ရှားသူတွေကို နေရာပေးဖို့ လိုအပ်ပါတယ်” ဟု အကြံပြုခဲ့သည်။ ဤကမ်ပိန်း အောင်မြင်ပါက ချင်းမျိုးနွယ်စုများအကြား ယုံကြည်မှု တိုးပွားလာစေမည်ဖြစ်ပြီး မတူညီသော ဒေသအသီးသီးရှိ ချင်းလူမျိုးအချင်းချင်း ချစ်ခင်ရင်းနှီးမှု ပိုမိုခိုင်မာလာမည် ဖြစ်သည်။ ထို့အပြင် ယဉ်ကျေးမှုထိန်းသိမ်းရေး၊ ပညာရေး၊ ဘာသာရေးနှင့် လူမှုရေးကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာနိုင်သည့်အပြင် နိုင်ငံရေး၊ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ချင်းလူမျိုးများ၏ တစ်စုတစ်စည်းတည်းသော အသံကို ထိရောက်စွာ ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။      ...

Read More

ဇူလိုင် (၂၇) သတင်းတိုပေါင်းချုပ်

၁။ စစ်ကောင်စီ၏ ကယ်ဆယ်ရေးငွေ အလွဲသုံးစားမှုကို ရန်ကုန်တွင် ဆန့်ကျင်ဆန္ဒပြ ဇူလိုင် ၂၇ The Kaladan Post ရန်ကုန်တော်လှန်ညီနောင်လေးဖွဲ့က အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကိုင်းငလျင်အတွက် နိုင်ငံတကာမှ ပေးအပ်ထားသော အရေးပေါ်ကယ်ဆယ်ရေးငွေများကို အလွဲသုံးစားပြုလုပ်နေ မှုကို ဆန့်ကျင်သည့် လှုပ်ရှားမှုတစ်ခုကို ရန်ကုန်မြို့တွင် ယနေ့ပြုလုပ်ခဲ့သည်။ စစ်ကောင်စီ သည် ယင်းငွေများကို ပြည်သူများ၏ ပြန်လည်ထူထောင်ရေးအတွက် အသုံးမပြုဘဲ လက်နက် ဝယ်ယူခြင်း၊ ကျေးရွာများကို ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အာဏာတည်မြဲရေးအတွက် တရားမဝင် ရွေးကောက်ပွဲများ ပြင်ဆင်ရာတွင် အသုံးပြုနေသည်ဟု ဆိုသည်။ ဤလှုပ်ရှားမှုသည် စစ်ကောင်စီ၏ မတရားသော လုပ်ရပ်များကို ပြည်သူများအား သိရှိစေရန်နှင့် နိုင်ငံတကာထံ သတိပေးရန် ရည်ရွယ်သည်ဟု သိရသည်။ တော်လှန်ညီနောင်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက “ကယ်ဆယ်ရေးငွေများသည် ပြည်သူများ၏ ဘဝပြန်လည်ထူထောင်ရေးအတွက်သာ အသုံးပြုသင့်ပြီး အကြမ်းဖက်လုပ်ရပ် များအတွက် အလွဲသုံးစားပြုလုပ်ခြင်းသည် လက်မခံနိုင်စရာ ဖြစ်သည်” ဟု ပြောကြားခဲ့သည်။ လှုပ်ရှားမှုတွင် ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လုပ်ရပ်များကို ဆန့်ကျင်ရန်နှင့် တရားမျှ တမှု ပြန်လည်ရရှိရေးအတွက် စည်းလုံးညီညွတ်ရန် တိုက်တွန်းခဲ့သည်။ ဤဆန္ဒပြမှုသည် ရန်ကုန်မြို့တွင် လူထုအခြေပြု ဆန္ဒပြမှုများထဲမှ တစ်ခုဖြစ်ပြီး စစ်ကောင်စီအား ဖိအားပေးရန် ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။     ၂။ နွားထိုးကြီးတွင် စစ်တပ်၏ ဒရုန်းဗုံးကြဲမှု ကလေးငယ် ၄ ဦးအပါအဝင် ၆ ဦးသေဆုံး ဇူလိုင် ၂၇ The Kaladan Post မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊...

Read More

ဇူလိုင် (၂၆) သတင်းတိုပေါင်းချုပ်

၁။ မြို့မရဲစခန်းကို ၄၀ မမ ဗုံးသီးဖြင့် တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံး ဇူလိုင် ၂၆ The Kaladan ပဲခူးတိုင်း၊ ရေတာရှည်မြို့မ ရဲစခန်းကို ဇူလိုင်လ ၂၁ ရက် နံနက် ၄ နာရီ ၂၀ မိနစ်တွင် Black Leopard UG (ကျားသစ်နက်မြို့ပြပြောက်ကျား) အဖွဲ့က ၄၀ မမ ဗုံးသီး ၁၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ဗုံးသီးအားလုံး ရဲစခန်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးခဲ့သည်။ ရဲစခန်းဘေးရှိ ကြံ့ဖွံ့ပါတီရုံးလည်း ထိခိုက်ပျက်စီးခဲ့သည်။ တိုက်ခိုက်မှုအပြီး စစ်ကောင်စီတပ်သားများ ထပ်ရောက်လာကာ ရဲစခန်းကို အမှောင်ချ၍ နာရေးကား ၃ စီးဖြင့် အလောင်းများသယ်ထုတ်သွားသည်။ Black Leopard UG အဖွဲ့က စစ်ကောင်စီ၏ အရေးကြီးပစ်မှတ်များကို ဆက်တိုက်ခိုက်မည်ဟု ပြောသည်။ ပြည်သူများ ထိခိုက်မှုမရှိစေရန် စစ်ကောင်စီထောက်တိုင်များအနီး ရှောင်ရှားရန် တိုက်တွန်းထားသည်။ အချုပ်ခန်းထဲ ဗုံးသီး ၂ လုံးကျသော်လည်း မပေါက်ကွဲခဲ့ဟု သိရသည်။                 ၂။ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်း တိုက်ပွဲပြင်းထန်၊ စစ်တပ်က ပြည်သူ ၂ ဦးကို သတ်ဖြတ် ဇူလိုင် ၂၆ The Kaladan ကရင်ပြည်နယ်၊ ကော့ကရိတ်-ကျုံဒိုးလမ်းပိုင်းတွင် ဇူလိုင် ၂၅ ရက်...

Read More

ရိက္ခာရှာဖွေရန်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် တိုက်ခိုက်ခံရပြီး ၂ယောက်သေဆုံး

  ဇူလိုင် ၂၆ The Kaladan Post ကမ္မမြို့ ရေလည်ကျောင်းထဲ ယာယီ အထိုင်ချတပ်ဆွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရိက္ခာ ပြတ်တောက်၍ ရိက္ခာရှာဖွေရန်ထွက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်အင်အားသုံးဆယ်ခန့်အား RED GIANT အဖွဲ့ နှင့်မဟာမိတ်တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း RED GIANT၏ ထုတ်ပြန်ချက် အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး RED GIANT တပ်ဖွဲ့ရဲတာဝန်ရှိသူ တစ်ဦးက “ ကျွန်တော်တို့က ဒီတိုက်ခိုက်မှုကို ၂၀၂၀ခုနှစ်၊ ဇူလိုင်လ ၂၅ရက်နေ့ ညနေ ၄ နာရီခန့်အချိန်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ကျွန်တော်တို့ မျက်စီရှေ့တွင် (၂)ရောက်သေပါတယ်ခင်ဗျ ပြီးတော့ ဒီ ကမ္မမြို့ရှိ ကျောင်းတစ်ခုအတွင်း ယာယီတပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့၏ အင်အားမှာ ၆၀ ဝန်းကျင်ခန့်ရှိ ပါတယ် ဒီကောင်တွေကို ကျွန်တ်ေတို့စောင့်ကြည့်နေကြရပါတယ်”ဟု The Kaladan Post သို့ပြော ဆိုသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအခြားထိခိုက်မှုရှိမရှိကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များသည် ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရ သည်။ RED GIANT တပ်ဖွဲ့ရဲတာဝန်ရှိသူ တစ်ဦးက ပြည်သူများသို့ ပြောကြားလိုသည်မှာ ပြည်သူများ ရှိနေခြင်းကြောင့် ကျွန်ုပ်တို့၏လုပ်ငန်းများ လွတ်လပ်စွာ ဆောင်ရွက်ရန် အခက်အခဲရှိပြီး၊ ပြည်သူ များကြောင့် လုပ်ဆောင်မှုများကို ရပ်ဆိုင်းခဲ့ရသည့်အခါများလည်း များစွာရှိခဲ့ပြီး ယခုအခါ ပြည်သူ များ ထိခိုက်မှုမရှိစေရန် အတတ်နိုင်ဆုံး ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် ပြည်သူများအား ကမ္မမြို့ပေါ်တွင် နေထိုင်ခြင်းမပြုလိုပါဘူး ပြည်သူများဘေးလွတ်ရာသို့ တိန်းရှောင် နိုင်မှသာ တိုက်ပွဲများကို လွတ်လပ်စွာဖော်ဆောင်နိုင်မှာဖြစ်ပါတယ်ဟု ဆက်လက်ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို RED GIANT၊ Pakokku People Defense Force (PPDF)၊ ABSDF အမှတ် (၃) စစ်ကြောင်း၊ YGFလူငယ်ပျောက်ကျားတပ်ဖွဲ့ PI PDF၊ အလင်တန်းပျောက်ကျားတပ်ဖွဲ့(မြိုင်)၊ (TWF)၊ အညာမြေတပ်ပေါင်းစုတို့...

Read More
en_USEnglish