ဇူလိုင် (၂၅) သတင်းတိုပေါင်းချုပ်
၁။ ထားဝယ်မြို့နယ်တွင် ၃ ရက်ဆက်တိုက်တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်ထိခိုက်သေဆုံးမှုများရှိ ဇူလိုင် ၂၅ The Kaladan Post တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် ဇူလိုင် ၂၁ မှ ၂၃ ရက်အထိ ၃ ရက်ဆက်တိုက် စစ်ကောင်စီတပ်ဖွဲ့များနှင့် ဒေသခံတော်လှန်ရေးတပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများရှိခဲ့ကြောင်း ဒူရကစစ်ကြောင်းနှင့် Launglone Peninsula Force (LPF) ထံမှ သိရသည်။ ဇူလိုင် ၂၁ ရက်တွင် ဇဟာရွာအနီး စစ်ကြောင်းကို DNLA နှင့် YPPDF တို့က ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ဇူလိုင် ၂၂ ရက်တွင် ဇီးကျကျေးရွာမှ ညင်းထွေးရွာသို့ ဖြတ်သန်းလာသော စစ်ကြောင်းကို DNLA၊ YPPDF၊ ကျားသစ်နက်၊ ဘီလုံးပြောက်ကျားနှင့် DGRF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။ ဇူလိုင် ၂၃ ရက်တွင် မောင်မယ်ရှောင်ရွာအနီး စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ရာ ၆ နာရီခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ လက်ရှိတွင် စစ်ကောင်စီတပ်သည် ညင်းထွေးရွာတွင် တပ်စွဲထားကြောင်း သိရပြီး ဖုန်းလိုင်းပြတ်တောက်မှုကြောင့် နောက်ဆက်တွဲသတင်းများ စုံစမ်းရန်ခက်ခဲနေသည်။ LPF မှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့အဖွဲ့သည် ၂၃ ရက်တိုက်ပွဲတွင်သာ ပါဝင်ခဲ့ပြီး ၎င်းတို့ရဲဘော်များ အားလုံးဘေးကင်းကြောင်း ပြောကြားသည်။ တိုက်ပွဲများတွင် DNLA၊ YPPDF၊ ကျားသစ်နက်၊ ဘီလုံးပြောက်ကျား၊ DGRF၊ ဧဒင်မှူးပြောက်ကျားနှင့် ဒေါနတပ်ရင်းတို့ ပူပေါင်းတိုက်ခိုက်ခဲ့သည်။ ပြည်သူများအနေဖြင့် စစ်ရေးသတိထားပြီး လေကြောင်းရန်ကာကွယ်ရေးအတွက် သတင်းအချက်အလက်များကို လိုက်နာရန် တိုက်တွန်းထားသည်။ စစ်ကောင်စီတပ်မှ စစ်သည်များအား...
Read More