ဇူလိုင် (၂၁) သတင်းတိုပေါင်းချုပ်
၁။ ဧရာဝတီမြစ်ကြောင်းတွင် စစ်သင်္ဘောများ တိုက်ခိုက်ခံရ၍ တစ်စီးနစ်မြုပ် ဇူလိုင် ၂၁ The Kaladan Post ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးမှ ဆန်တက်လာသော စစ်သင်္ဘော ၁၄ စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က တိုက်ခိုက်ခဲ့ရာ သင်္ဘော တစ်စီးနစ်မြုပ်ပြီး သုံးစီး မီးလောင်ပျက်စီးခဲ့သည်။ ဇူလိုင်လ ၁၇ ရက်တွင် မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းမြို့နယ်များတစ်လျှောက် ဖြတ်တောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ လက်နက်ခဲယမ်းနှင့် ရိက္ခာတင်ဆောင်ထားသော တွဲတွန်းသင်္ဘော တစ်စီးလုံးဝနစ်မြုပ်သွားပြီး စစ်သင်္ဘော တစ်စီးနှင့် တွန်းသင်္ဘော နှစ်စီး မီးလောင်ပျက်စီးခဲ့သည်။ ဤတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ရိက္ခာနှင့် ခဲယမ်းများ ဆုံးရှုံးမှုများပြီး ထိခိုက်မှုများသည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ ကိုအော်စမွန်က ပြောသည်။ စစ်သင်္ဘောအုပ်သည် အထက်သို့ ဆန်တက်ရာတွင် Y-12 လေယာဉ်များဖြင့် ဗုံးကြဲကာကွယ်ပေးထားပြီး ဂျက်ဖိုက်တာနှင့် Mi-35 များဖြင့် အကြိမ်ကြိမ် တိုက်ခိုက်နေသော်လည်း တော်လှန်ရေးရဲဘော်များက အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သည်။ မီးလောင်ပျက်စီးသော သင်္ဘောများကို ဘေးနှစ်ဖက်မှ ညှပ်ဆွဲတွဲခေါ်ကာ ဆန်တက်သွားသော်လည်း ဆက်လက်ဖြတ်တောက်တိုက်ခိုက်ရန် တော်လှန်ရေးတပ်ဖွဲ့များ ပြင်ဆင်နေသည်။ ဤတိုက်ခိုက်မှုကြောင့် စစ်ကောင်စီအနေဖြင့် ၎င်းတို့၏ ရည်မှန်းချက်သို့ ရောက်ရှိရန် မလွယ်ကူနိုင်ဟု ကိုအော်စမွန်က ထပ်လောင်းပြောကြားသည်။ ၂။ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ကလေးငယ်အပါ ၄ ဦးဒဏ်ရာရပြီး ၁ ဦးဖမ်းဆီးခံရ ဇူလိုင် ၂၁ The Kaladan Post ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ရှိ...
Read More