Author: Salai

လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သက်တမ်းကုန်ပစ္စည်းများ စစ်ဆေးမှုပြုလုပ်

  ဇူလိုင် ၁၇   The kaladan Post   လောက်တူဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့သည် အခြေခံစားသုံးကုန်များ၊ ဆေးဝါးများနှင့် အလှကုန် ပစ္စည်းများအပါအဝင် အခြားသွင်းကုန်များအားလုံး သက်တမ်းကုန်ဆုံးမှုကို စစ်ဆေးခဲ့ကြောင်း စစ်ဆေးမှုမှတ်တမ်းများထုတ်ပြန်ထားပါသည်။ အဆိုပါထုန်ပြန်ချက်နှင့် ပတ်သက်ပြီး လောက်တူ ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက “ ကျွန်တော်တို့ ဒီသက်တမ်းကုန် ပစ္စည်းများ စစ်ဆေးမှုလုပ်ငန်းကို ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁ရက်နေ့ကနေစတင်ကာ ရပ်ကွက်၊ ကျေးရွာ ပြည်သူ့ အုပ်ချုပ်ရေးမှူးများနှင့် လူငယ်များ အကူအညီဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပါတယ် ပြီးတော့ ဒီစစ်ဆေး မှုအတွင်း သက်တမ်းကုန်ဆုံးပြီဖြစ်သော အစားကုန်အချို့ဟာဆိုရင် သက်တမ်းကုန်ဆုံးရက်ကို အတု ပြုလုပ်ပြီး တင်သွင်းလာမှုတွေ တွေ့နေရပါတယ်ဟု “ The Kaladan Post သို့ ပြောဆိုသည်။ တွေ့ရှိ ထားသော သက်တမ်းကုန်ပစ္စည်းများမှာ ဆေးဝါးများနှင့် အခြေခံစားသုံးကုန်အများအပြား တွေရှိခဲ့ ပြီး ၎င်းသက်တမ်းကုန်ပစ္စည်းအားလုံးကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ဒီသက်တမ်းကုန်ပစ္စည်းများသည် စီးပွား‌ရေးသမားများမှ နေရာပေါင်စုံကနေတင်သွင်းတာတွေ ပါဝင်နေသလို ‌ဒေသတွင်း ဈေးဆိုင် များမှ ရောင်းမထွက်ဘဲ ကြာရှည်တာတွေကြောင့် ဖြစ်သည်။ ပြည်သူလူထုကို အခက်အခဲမရှိဘဲ ဘေးကင်းလုံခြုံအောင် နောက်နောင်တွင် သက်တမ်းကုန်ပစည်းများ သယ်ဆောင်တင်သွင်းခွင့် မရရှိရန်နှင့် ရောင်းချခွင့်မရရှိအောင် တားမြစ်ပိတ်ပင်ထားသည့်အပြင် ပြည်သူ့အကျိုးအတွက် ဈေးနှုန်းမှန်ကန်မှုရှိပြီး၊ ပြည်သူ့များလိုအပ်သော စားသုံးကုန်များရရှိနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လောက်တူ‌ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောဆို သည်။ အခြေခံစားသုံးကုန်ပစ္စည်းများနှင့် ဆေးဝါးများသည် အချိန်ကြာရှည်ထားရှိပါက ၎င်းတို့၏ အရည်အသွေးနှင့် အာဟာရဓာတ်များ ဆုံးရှုံးသွားပြီး ၎င်းတို့၏ ထိရောက်မှုကို လျော့ကျစေကာ အာနိသင် မရှိတော့ပါ။ ထို့ကြောင့် ထုတ်လုပ်သူများသည် စားသုံးသူများအတွက် ကျန်းမာရေးကို ကာကွယ်ရန် အာမခံထားသော အသုံးပြုမှုနှင့် ဘေးကင်းလုံခြုံမှုကို ကန့်သတ်ထားခြင်းဖြစ်သည်။ စားသုံးကုန်များတွင် သက်တမ်းကုန်ဆုံးပါက ဘက်တီးရီးယားနှင့် မှိုများ ပေါက်ဖွားလာပြီး ကျန်းမာရေးထိခိုက်စေနိုင်သောကြောင့် ပြည်သူများအနေဖြင့် သက်တမ်းကုန်ဆုံးပစ္စည်းများကို ရှောင်ရှားခြင်းဖြင့် ကျန်းမာရေးနှင့် ဘေးကင်းမှုကို ထိန်းသိမ်းနိုင်လိုအပ်ပါသည်။...

Read More

ပြိုလဲနေသော စတုတ္ထမဏ္ဍိုင်- ချင်းတော်လှန်ရေးအတွင်းမှ အုပ်စုဖွဲ့မီဒီယာများ၏ အန္တရာယ်

ပြိုလဲနေသော စတုတ္ထမဏ္ဍိုင်- ချင်းတော်လှန်ရေးအတွင်းမှ အုပ်စုဖွဲ့မီဒီယာများ၏ အန္တရာယ်   နိုင်ငံတစ်နိုင်ငံ၏ ဒီမိုကရေစီစနစ်တွင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးရပ်ကို ထိန်းကျောင်းစောင့်ကြည့်ရန်နှင့် ပြည်သူ့အသံကို ဖော်ထုတ်ရန် “စတုတ္ထမဏ္ဍိုင်” ဖြစ်သော သတင်းမီဒီယာသည် မရှိမဖြစ်လိုအပ်ပါသည်။ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း စစ်ကောင်စီ၏ ဖိနှိပ်မှုကြောင့် မြန်မာ့ပင်မမီဒီယာလောကကြီး ပြိုလဲခဲ့ရသော်လည်း ပို၍စိုးရိမ် ဖွယ်ရာမှာ တော်လှန်ရေးနယ်ပယ်အတွင်း၌ပင် အထူးသဖြင့် ချင်းတော်လှန်ရေးအတွင်း၌ စတုတ္ထမဏ္ဍိုင်၏ အနှစ်သာရကို မိမိတို့ကိုယ်တိုင် ပြန်လည်ဖြိုဖျက်နေသည့် အန္တရာယ်ကြီး တစ်ခု ပေါ်ပေါက်လာနေခြင်းဖြစ်သည်။   တော်လှန်ရေးအောင်ပွဲများနောက်ကွယ်မှ အုပ်စုဖွဲ့မီဒီယာစစ်ပွဲ ချင်းပြည်နယ်သည် စစ်အာဏာရှင်ကို အစောဆုံးနှင့် အပြင်းထန်ဆုံး ခုခံတော်လှန်ခဲ့သော ဒေသတစ်ခုဖြစ်သည်။ CNF/CNA နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့(CDF)များ၏ ကြိုးပမ်းမှု ကြောင့် နယ်မြေအများအပြားကို ထိန်းချုပ်နိုင်ခဲ့သော်လည်း ထိုအောင်မြင်မှုများ နောက်ကွယ် တွင် အုပ်ချုပ်ရေး၊ နယ်မြေပိုင်ဆိုင်မှုနှင့် သဘောတရားရေးရာ အငြင်းပွားမှုများက ချင်းတော် လှန်ရေးအင်အားစုများကြား အက်ကွဲကြောင်းများ ဖြစ်ပေါ်စေခဲ့သည်။ ဤအက်ကွဲမှုများသည် ယနေ့အချိန်တွင် “မီဒီယာစစ်ပွဲ” အသွင်ဖြင့် လူမှုကွန်ရက်ပေါ်သို့ ကူးစက်ရောက်ရှိ လာခဲ့သည်။   လော်ဘီမီဒီယာများ၏ မွေးဖွားခြင်းနှင့် မီဒီယာကျင့်ဝတ်များ၏ သေဆုံးခြင်း ချင်းအချင်းချင်း အုပ်စုဖွဲ့အငြင်းပွားမှုများမှတစ်ဆင့် တစ်ဖက်နှင့်တစ်ဖက် အပုပ်ချတိုက်ခိုက် ရန် ရည်ရွယ်သည့် Social Media စာမျက်နှာများ၊ YouTube ချန်နယ်များနှင့် Telegram Group များ မှိုလိုပေါက်လာခဲ့သည်။ ၎င်းတို့သည် သတင်းမီဒီယာ၏ အခြေခံတာဝန်ဖြစ်သော ဘက်မလိုက်မှု၊ မျှတမှုနှင့် အချက်အလက်မှန်ကန်မှုတို့ကို လုံးဝမျက်ကွယ်ပြုကာ...

Read More

ဇူလိုင် (၁၆) သတင်းတိုပေါင်းချုပ်

၁။ ညောင်လေးပင်ခရိုင်တွင် ၆ လအတွင်း တိုက်ပွဲ ၃၀၀ ဖြစ်ပွားပြီး စစ်သား ၂၄၂ ဦး သေဆုံး ဇူလိုင် ၁၆ The Kaladan Post ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်တွင် ၂၀၂၅ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ၆ လအတွင်း တိုက်ပွဲအကြိမ် ၃၀၀ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ၂၄၂ ဦး သေဆုံးကာ လက်နက် ၂၀၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU ညောင်လေးပင်ခရိုင်က ထုတ်ပြန်သည်။ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၁၈၉ ဦး ဒဏ်ရာရရှိ၊ ၇ ဦး လက်နက်ချ အလင်းဝင်ရောက်ပြီး ၂၅ ဦးကို အရှင်ဖမ်းမိခဲ့သည်။ KNU ဘက်မှ ရဲဘော် ၄၄ ဦး သေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရရှိခဲ့သည်။ စစ်ကောင်စီသည် ကျေးရွာနေ ပြည်သူများကို လေကြောင်းနှင့် လက်နက်ကြီးများဖဖြင့် တိုက်ခိုက်ခဲ့ရာ ပြည်သူ ၄၉ ဦး သေဆုံးပြီး ၁၈၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် ပြည်သူ ၁၇ ဦးကို ဖမ်းဆီးချုပ်နှောင်ခဲ့သည်။ စာသင်ကျောင်း ၈ လုံး၊ ဘုရားကျောင်း ၂၁ လုံးနှင့် နေအိမ် ၁၆၈ လုံး အပါအဝင် ဆိုင်ကယ်၊ လယ်ထွန်စက်များ ပျက်စီးခဲ့သည်။       ၂။ ကုန်စည်တင်ပို့မှု လာဘ်ငွေယူမှုအတွက် အရာရှိကြီးများကို ထောင်ဒဏ်နှင့် သေဒဏ်ချမှတ်...

Read More

ဂိတ်ကြေးကောက်နေသော စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၄ကောင်သေဆုံး

ဇူလိုင် ၁၆ The Kaladan Post ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းရဲစခန်း အနီးတွင် ဂိတ်ကြေးကောက်ခံနေသော စစ်ကောင်စီလက်အောက်ခံ စစ်သား ၄ ဦး၊ ရဲ ၁ ဦးနှင့် ပျူ စောထီး ၁ ဦး၊ စုစုပေါင်း ၆ ဦးတို့ကို ခြေလျင်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြေင်း Aung San’s Land Notinduk အောင်တန်းမြေတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး Aung San’s Land Notinduk အောင်တန်းမြေတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက “ကျွန်ုပ်တို့ Aung San’s Land Notinduk အောင်တန်းမြေတပ်ဖွဲ့မှ ရဲဘော် ၅ ဦးဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာပါ ပြီးတော့ ဒီဂိတ်ဟာဆိုရင် ဂိတ်ကြေးကောက်ခံမှုတွေကြောင့် ဒေသခံပြည်သူများအား ခရီသွားပြည်သူများ ကြောက်လန့်မှု ဖြစ်ပေါ်စေပြီး စစ်တပ်ရှိနေတာဟာ လုံခြုံမှုမရှိဟု ခံစားနေကြရပါတယ် ဒါကြောင့် ဂိတ်ကြေးကောက်ခံမှုတွေ ရပ်တန့်စေရန်နှင့် ပြည်သူအားလုံး လွတ်လပ်အေးချမ်းစွာ ဖြတ်သန်း သွားလာ နိုင်ရန် ရည်ရွယ်ချက်ဖြင့် ဤတိုက်ခိုက်မှုကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်”ဟု The Kaladan Post သို့ပြော ဆိုသည်။ ဤတိုက်ပွဲတွင် ဗိုလ်ဆရာစံ ၁ ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးခဲ့ကြ သည့်အပြင် စစ်ကောင်စီတပ်ဖွဲ့ထံမှ MA-1 သေနတ် ၃ လက် (၁ လက်ပျက်စီး)၊ 5.56 မမ ကျည်ဆံ ၆၄ တောင့်၊ ခရီးသွားပြည်သူများထံမှ အဓမ္မကောက်ခံထားသော ဂိတ်ကြေး ငွေ ကျပ်တစ်သိန်း ရှစ်သောင်းငါးရာ(၁၈၀၅၀၀)ကျပ်တိတိ နှင့် ဖုန်း ၂ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါသည်။ တိုက်ပွဲသည် ၂မိနစ်သာ ကြာမြင့်ခဲ့ပြီး  စစ်ကောင်စီဘက်မှ ရဲ ၁ ဦးနှင့် ပျူစောထီး ၁ ဦးတို့သည် လက်နက်များယူဆောင်ကာ ထွက်ပြေးလွတ်မြောက်ခဲ့ပြီး  တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်များအားလုံး အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြသည်။ ဤသတင်းထုတ်ပြန်မှုကို နယ်မြေလုံခြုံရေးအတွက် တမင်နောက်ကျမှ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအဖွဲတွေ၏ သတင်းတွေကို စစ်ကောင်စီဘက်မှ နောက်ကျမှ သိလေလေ ကောင်းလေလေ ဖြစ်‌တယ်ဟု...

Read More

မုံရွာမြို့အခြေစိုက် နမခ မှစစ်ကောင်စီ တပ်သား(ပစ) ၃ ယောက်အလင်းဝင်

ဇူလိုင် ၁၅ The Kaladan Post မုံရွာမြို့အခြေစိုက် နမခမှစစ်ကောင်စီ တပ်သား(ပစ) ၃ ယောက်သည် မုံရွာမြို့နယ် ပြည်သူ့ကာကွယ် ရေးအဖွဲ့၊ တိုက်နယ် ၂ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ရေးအဖွဲ့နှင့်ချိတ်ဆက်ပြီး ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ရက်နေ့တွင် အလင်းဝင်လာတယ်လို့ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန် ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မုံရွာမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “ ယခုလိုအလင်းဝင်လာတဲ့သူတွေရဲ့ အချက်အလက်တွေကို မဖော်ပြတာက သူတို့မိသားစုရဲ့ လုံခြုံရေးအခြေနေကြောင့် ဖြစ်ပါတယ် ပြီးတော့ ကျွန်တော်တို့ တော်လှန်ရေးတွေ အတွက် အဲ့ဒီလိုအလင်းဝင်လာသူတွေများလေလေ တော်လှန်ရေးအောင်လေလေပါပဲဗျ ဒါ့အပြင် သွေးထွက် သံယိုမှုလည်း နည်းလာမည်”ဟု The Kaladan Post သို့ပြောဆိုသည်။  မုံရွာမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့က အလင်းဝင်လာသူများကို နွေးထွေးစွာကြိုဆိုပြီး ၎င်းတို့သည် စစ်ဆေးချက်အရ စစ်ရာဇဝတ်မှုများနှင့် ပတ်သက်မှုမရှိတဲ့ သူတွေဖြစ်သောကြောင့် သူတို့ဖြစ်စေ ချင်တဲ့ အတိုင်းအတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးနေပါတယ်ဗျဟု ဆက်လက်ပြောဆိုသည်။ ထို့အတူ ယခုနှစ် ဇူလိုင် ၃ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ အတင်းအဓမ္မစစ်မှုထမ်းခိုင်းခံရသူ တပ်သား ၄ ဦးသည် မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) တိုက်နယ် ၂ တိုက်ခိုက်ရေးအဖွဲ့နှင့် ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့ကြသည်။ ၎င်းတို့ သည် စစ်ကောင်စီမှ ပေါ်တာအစားထိုးအဖြစ် စစ်မှုထမ်းခိုင်းခံရသူများဖြစ်ပြီး အောက်ခြေအုပ်ချုပ် ရေးမှူးများက ငွေကြေးရှိ သူများ၏ သားသမီးများအစား ၎င်းတို့ကို စစ်မှုထမ်းရန် အတင်းအကြပ်  စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အလင်းဝင်လာသူများကို စစ်ကောင်စီက ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PDF) ထံသို့ထွက်ပြေးပါက ပစ္စည်းများသိမ်းဆည်းပြီး သတ်ဖြတ်မည်ဟု ခြိမ်းခြောက် ခဲ့သော်လည်း၊ ၎င်းတို့သည် သတ္တိရှိရှိ ထွက်ပြေးလာခဲ့ကြသည်။ ပကဖအဖွဲ့က ၎င်းတို့အားနွေးထွေး စွာကြိုဆိုကြပြီး၊ စစ်ကောင်စီ၏ လိမ်ညာမှုများကို သိရှိခဲ့ကြောင်း ၎င်းတို့က ပြောကြားခဲ့သည်။ မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မည်သည့်အကြောင်းကြောင့်ဖြစ်စေ အလင်းဝင်လာ သူများအား အမြဲကြိုဆိုထားပြီး၊ လုံခြုံမှုနှင့် ပြည်သူ့ချစ်ခြင်းကို ခံစားလိုသူများအား ချက်ချင်းဆက် သွယ်ရန် တိုက်တွန်းထားသည်။ ယခုအလင်းဝင်လာသူများသည် သူတို့၏လုံခြု့ရေးအခြေနေ ကြောင့် လက်နက်များမယူဆောင်နိုင်ခြင်း ဖြစ်ကြောင်းသိရသည်။...

Read More
en_USEnglish