မြိုင်မြို့စီမံကိန်းရုံးစခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်
——————————————————————– ဇူလိုင် ၁၄ The Kaladan Post မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်ရှိ စီမံကိန်းရုံးအထိုင်စခန်းအား ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၉ ရက် နံနက် ၄:၃၀ မှစတင်တိုက်ခဲ့ကာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း Scorpion People Defence Force ၏ထုတ်ပြန်ချက်အရသိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး Scorpion People Defence Force ရဲ့တာဝန်ရှိသူတစ်ဦးက “ ဒီစစ်ဆင်ရေးကို စစ်ကူပေးရန်ထွက်လာတဲ့ စခ ရခ ပခ ၄ကောင် ထက်မနည်း အသေအနာ ရှိနိုင်ပါတယ် ပြီးတော့ ကျွန်တော်တို့ဖမ်းဆီးထားတဲ့သူတွေထဲမှာ ဒဏ်ရာရသူ တွေလည်းပါတယ်ဆိုတော့ သူတို့ကိုဆေးတွေကုသပေးနေပါတယ် သူတို့တွေ ကျန်းမာ လာတာနဲ့အမျှ သူတို့အားလုံးကို ဥပဒေနှင့်အညီ ပြစ်မှုပေါ်မူတည်ပြီး ပြစ်မှုတွေပေးသွားမယ် “ဟုThe Kaladan Post သို့ပြောဆိုသည်။ ထိုတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်မှ စစ်သုံ့ပန်း ၁၂ ဦး ကို အရှင်ဖမ်းဆီး ရမိခဲ့သည့်အပြင် G3 ၁၀ လက်၊ MA3 ၁ လက်၊ MA4 ၁ လက်၊ 79 ၁ လက်၊ ကျည်မျိုးစုံ၊ လက်ပစ်ဗုံး ၉ လုံး၊ ဦးထုပ် ၅ လုံး၊ ဖုန်း ၃ လုံးနှင့် ငွေသား ၂၂ သိန်းတို့ကိုပါ သိမ်းဆည်း ရမိကြောင်းသိရသည်။ မြိုင်မြို့မရဲစခန်းမှ ထွက်လာသော စစ်ကူစစ်ကြောင်းများကို သုံးကြိမ်တိတိ တားဆီးနိုင်ခဲ့ပြီး၊ ညနေ ၄:၃၀ နှင့် ၅:၀၀ တွင် ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ရှိ ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဘက်မှ အထိအခိုက်မရှိဘဲ ဘေးကင်းကြောင်းသိရသည်။ ထိုစစ်ကောင်စီစခန်းအား ည ၇:၀၀ တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးကာ ပြည်သူ့ရဲဘော်သုံး ၆ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပါသည်။ သို့သော်လည်း ထိုနေ့ည ၈:၁၀ ခန့်တွင် အကြမ်းဘက်စစ်ကောင်စီက သနပ်ရင်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး ပြည်သူ ၁ ဦး၊ လသားအရွယ်ကလေးငယ် ၁ ဦး သေဆုံးခဲ့ကြပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ပါသည်။ ပေါက်မြို့ ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ အကြား တိုက်ပွဲများ ဆက်လက်ဖြစ် ပွားနေပြီး၊ ပြည်သူများအား ဘေးလွတ်ရာသို့ ရှောင်ရှားရန် အဆိုပါထုတ်ပြန်ချက်မှ တိုက်တွန်းထားပါသည်။ အဆိုပါတိုက်ပွဲအား မြိုင်ညီညွတ်ရေးတပ်ပေါင်းစု၊ ဇာမဏီပြောက်ကြားတပ်ဖွဲ့၊ ညီနောင်သုံးဖော် (YSO)၊ တပ်ပေါင်းစု (Good Brother)၊ အညာဟီးရိုး လက်နက်ကြီးအဖွဲ့၊ ဂျော်ကာပြောက်ကြားတပ်ဖွဲ့၊ ကင်ဒို၊ အညာမြေ ပြောက်ကြားတပ်ဖွဲ့၊ Burma Revolution Ranger၊ NFTA၊ Scorpion People Defence Force အဖွဲ့များ ပူးပေါင်း၍ တိုက်ခိုက်သိမ်း ပိုက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိမှာ ပြည်သူတွေအနေနဲ့ မြေပြင်ကတော့ မစိုးရိမ်ရပါဘူး လိုအပ်တာရှိရင် ရဲဘော်တွေက သတင်းပို့ပါလိပ်မယ် ကာကွယ်ရမှာတော့ လေကြောင်းကိုဘဲ အစဥ်သတိပြု ကြဖို့လိုတယ်ဟု Scorpion People Defence Force ရဲ့တာဝန်ရှိ သူတစ်ဦးက...
Read More