Author: Salai

ဇူလိုင်(၄) သတင်းတိုကဏ္ဍ

၁။ ခမောက်ကြီးတွင် စစ်တပ်ခန့်အုပ်ချုပ်ရေးမှူးနှင့် သတင်းပေးသူ ပစ်ခတ်ခံရပြီး သေဆုံး ဇူလိုင် ၄ The Kaladan Post တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်တွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လှနိုင်နှင့် စစ်တပ်အတွက် သတင်းပေးသူ မြင့်ရှိန်တို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ထံမှ သိရသည်။ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် အေးချမ်းသာကျေးရွာနှင့် ဆိပ်ဖူးကျေးရွာ တို့တွင် ၎င်းတို့ကို ရှင်းလင်းခဲ့ခြင်းဖြစ်သည်။ မြင့်ရှိန်သည် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သတင်းပေးမှုနှင့် ပြည်သူများအား အနိုင်ကျင့်မှုများ ပြုလုပ်ခဲ့သည်။ လှနိုင်မှာလည်း အုပ်ချုပ်ရေးမှူးအဖြစ် အာဏာအလွဲသုံးစားပြုကာ စစ်တပ်ထံ သတင်းပေးခဲ့သည်။ သတိပေးမှုများကို လျစ်လျူရှုခဲ့သဖြင့် ၎င်းတို့အား ရှင်းလင်းခဲ့ရခြင်းဖြစ်သည်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့် စစ်ကောင်စီအတွက် လုပ်ဆောင်နေသူများအား ဆက်လက်အရေးယူမည်ဟု အသိပေးထားသည်။ ကော့သောင်း မြို့နယ်အတွင်း လူငယ်များအား ပျက်စီးစေသော စိတ်ကြွဆေးပြားများ ရောင်းဝယ်သုံးစွဲမှု တိုးပွားလာနေသဖြင့် ထိရောက်စွာ ဖမ်းဆီးအရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ ပြည်သူများအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်းများတွင် ပါဝင်ခြင်းမပြုရန်နှင့် စစ်ကောင်စီ ယန္တယားမှ ခွဲထွက်ကာ ပြည်သူ့ဘက်သို့ အမြန်ဆုံးပြန်လှည့်ရန် တိုက်တွန်းထားသည်။     ၂။ စစ်ဆေးရေးဂိတ်အပြောင်းအလဲလာသည့် စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်မှု ၈ ဦးသေဆုံး ဇူလိုင် ၄ The Kaladan Post မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင်-သာဂရလမ်းပိုင်းတွင် စစ်ဆေးရေးဂိတ်အချိန်း အပြောင်းလုပ်ရန် ထွက်လာသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် ၈...

Read More

ဇူလိုင် (၃) သတင်းကဏ္ဍ

၁။ စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီး ညပျံသန်းနေစဉ် ပျောက်ဆုံးသွား ဇူလိုင် ၃ The Kaladan Post အကြမ်းဖက်စစ်ကောင်စီ၏ တိုက်လေယာဉ်တစ်စီးသည် ဇူလိုင် ၁ ရက် ညပိုင်းတွင် နေပြည်တော်အရှေ့တောင်ဘက် ၁၃၀ ကီလိုမီတာအကွာတွင် ရုတ်တရက် ရေဒါမှပျောက်ကွယ်ကာ ဆက်သွယ်မှုပြတ်တောက်သွားခဲ့သည်။ ယင်းလေယာဉ်မှာ ခရီးဝေးလေ့ကျင့်ပျံသန်းမှုဆောင်ရွက်နေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်ချို့ယွင်းမှု သို့မဟုတ် ရာသီဥတုဆိုးရွားမှုကြောင့်ဖြစ်နိုင်သည်ဟု စစ်ကောင်စီက ယူဆထားသည်။ လက်ရှိတွင် ရာသီဥတုဆိုးဝါးနေသော်လည်း ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ စေလွှတ်နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ အဆိုပါဖြစ်ရပ်မှာ ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ၏ လေယာဉ်ပျက်ကျမှု ၄ ကြိမ်မြောက်ဖြစ်သည်။ လေတပ်မှ အငြိမ်းစားစစ်အင်ဂျင်နီယာအရာရှိဟောင်းတစ်ဦးက ယင်းနေရာမှာ ပဲခူးတိုင်း အတွင်း ရွှေကျင်၊ ကျောက်ကြီးအနီးဖြစ်နိုင်ပြီး ကယ်ဆယ်ရေးအတွက် သွားလာရခက်ခဲသည့် နေရာဖြစ်သည်ဟု သုံးသပ်သည်။ ယခင်ဖြစ်ရပ်များတွင် ဇွန်လ ၁၀ ရက်က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် PLA က တရုတ်လုပ် F-7 တိုက်လေယာဉ်ကို ပစ်ချခဲ့ပြီး လေယာဉ်မှူး သေဆုံးခဲ့သည်။ ထို့ပြင် မေလ ၂၀ ရက်က ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် KIA က စစ်ကူရဟတ်ယာဉ် ၃ စီးကို ပစ်ခတ်ရာ Mi-17 ရဟတ်ယာဉ် ၂ စီး ပျက်စီးကာ စစ်သား ၁၈ ဦးထက်မနည်း သေဆုံးခဲ့သည်။ လက်ရှိပျောက်ဆုံးနေသော တိုက်လေယာဉ်ကို ရှာဖွေနိုင်ရန် စစ်ကောင်စီ၏ ကြိုးပမ်းမှုများကို ဆက်လက်စောင့်ကြည့်နေရဦးမည်ဖြစ်သည်။   ၂။ စစ်ကောင်စီတပ်သား...

Read More

CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွား

——————————————————————– ဇူလိုင် ၃ The Kaladan Post ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟွာလ်ငိုးရမ်းဒေသတွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၂ ရက် နေ့လယ် ၁၂:၃၀ ခန့်မှစ၍ CNO/CNDF နှင့် CDF-Hualngoram တပ်ဖွဲ့များအကြား Satawm၊ Lianhna နှင့် Tuichirh ကျေးရွာများတွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သတင်းမီဒီယာများဖော်ပြချက်အရသိရသည်။ ဤဖြစ်စဥ်နှင့်ပတ်သက်ပြီး CDF-Hualngoram ၏ ပြောရေးဆိုခွင့်ရှိသူက သတင်းသည် မှန်ကန်ကြောင်း အတည်ပြုပြောဆိုသည်။ အဆိုပါ ချင်းတော်လှန်ရေးတပ်ဖွဲ့များဖြစ်သော CNO/CNDF နှင့် CDF-Hualngoram ထိတွေ့ပစ်ခတ်မှုနှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံရောက် အမည်မဖော်လိုတဲ့ ချင်းလူငယ် တစ်ဦးက “ ဒီတိုက်ပွဲကိုအခြေခံပြီး ကျွန်တော်ပြောမည်ဆိုရင် လူဆိုတာဘယ်သူမဆိုအမှားနဲ့ မကင်းကြပါဘူး ဒါပေမယ့် ယခုလိုမျိုး ပြသာနာ၏အရင်းအမြစ်ကိုမရှာဖွယ်ပြီး တွေ့ဆုံဖြေရှင်းခြင်းမဟုန်ဘဲ သူကအရင်မှားလိုဆိုပြီး အချင်းချင်းကြားလက်နက်နဲ့ဖြေရှင်းနေတာဟာ လက်နက်ကိုအားကိုးပြီး ပြည်သူအာဏာကို သိမ်းခဲ့တဲ့ စစ်ကောင်စီနဲ့ အတူတူပါဘဲ ဥပမာပြောရရင် ခေါင်းကိုက်တဲ့သူကို ခေါင်းကိုက်ပျောက်ဆေးတိုက်တာဟာ မှန်သလိုလိုဘဲ ဖြစ်ပေမယ့် ခေါင်းကိုက်ရခြင်းအကြောင်းရင်းကို အရင်သိမှ တကယ့်ရော့ဂါကို ပျောက်အောင်ကုလို့ရမည် ဆိုတာကို အားလုံးနားလည်ဖို့လိုတယ်ဟု” The Kaladan Post သို့ပြောဆို သည်။ ကျွန်တော်တို့ ချင်းတော်လှန်ရေးခေါင်းဆောင်တိုင်းသည် သမိုင်းနှင့် ပြည်သူတွေ လွတ်မြောက်ရေးကို အကြောင်းပြပြီး အလှူခံကာ အာဏာလုနေကြတယ်လို့တောင်ပြောဆို လို့ရမည့်အခြေအနေတောင်ဖြစ်နေပြီ ပြည်သူတွေကိုအကြောင်းပြီး အာဏာရှင်အမြစ်ပြတ်ခြေမှုန်းရေး ဆောင်ပုဒ်ကိုကိုင်ဆောင်ကာ အလှူငွေတွေရှာပြီး မိမိပြည်သူတွေ ကျေးရွာထဲမှာ မနေနိုင်ဘဲ ထွက်ပြေးနေကြ တာတွေဟာ စိတ်မကောင်းဆရာဖြစ်တယ်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။ ဒါ့အပြင် CC နှင့် CB တို့သည် အိန္ဒယားနိုင်ငံ မီရိုရမ်းပြည်နယ်ဦးဆောင်မှုဖြင့် ၂၀၂၅ခုနှစ် အစောပိုင်းက အချင်းချင်းအကြား ပြသာနာများအား လက်နက်ဖြင့် မဖြေရှင်းကြရန်ဆိုတဲ့ သဘောတူညီချက်ရပြီး လက်မှတ်ရေးထိုးထား ကြသော...

Read More

ဇူလိုင် (၂) သတင်းတိုကဏ္ဍ

၁။ မင်းလှနှင့် နွားထိုးကြီးမြို့နယ်များတွင် စစ်တပ်၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးမှုနှင့် ဗုံးကြဲတိုက်ခိုက်မှု ဇူလိုင် ၂ The Kaladan Post ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ ဇရစ်မျှောင်နှင့် ရွှေပေါက်ပင်ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင် ၂ ရက် နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်းသတင်း ရင်းမြစ်များက ပြောသည်။ နံနက် ၁၁ နာရီခန့်တွင် ချီပါတောင်ဘုန်းကြီးကျောင်းတွင် တပ်ဆွဲထားသော စစ်ကောင်စီတပ်သားများက ဇရစ်မျှောင်ရွာကို ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ခဲ့သည်။ ထို့ပြင် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ရွှေပေါက်ပင်ရွာကိုလည်း ထပ်မံမီးရှို့ဖျက်ဆီးနေသည်။ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေရပြီး မီးမလောင်ရသေး သည့် အိမ်များကိုပါ ဆက်လက်ရှို့နေသည်ဟု သိရသည်။ မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အဘွားအို ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ဇွန်လ ၂၉ ရက်က ဖြစ်ပွားခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတွင် အသက် ၈၀ အရွယ် အဘွားအို ၁ ဦး ခြေပြတ်ဒဏ်ရာရပြီး အသက် ၆၇ နှစ်အရွယ် အဘွားအို ၁ ဦးမှာ လည်ပင်းနှင့် ဗိုက်တွင် ဒဏ်ရာရခဲ့သည်။ ထို့ပြင် နေအိမ် ၉ လုံးလည်း ပျက်စီးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ် များက ပြောသည်။     ၂။ လှိုင်သာယာတွင် မဇွန်ပွင့်လှိုင်ကို ကယ်ထုတ်မှုနှင့် ပြန်လည်ဖမ်းဆီးရမိ...

Read More

ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းပျူရွာ တိုက်ခိုက်ခံရပြီး စကစ ၂၀သေဆုံး

—————————————————————— ဇူလိုင်း ၂ The Kaladan Post ၂၀၂၅ခုနှစ်၊ဇွန်လ ၂၉ရက်နေ့တွင် AhNyar Heroes တော်လှန်ရေးတပ်ဖွဲ့မှ စစ်ကောင်စီတပ်ကို အားပေးထောက်ခံသော ဂန့်ဂေါ့မြို့နယ် မြောက်ခင်ရန်း ပျူရွာကို တိုက်ခိုက်ခဲ့ကြောင်း AhNyar Heroes ၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး AhNyar Heroes တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဒီတိုက်ခိုက်မှုသည် ကျွန်တော်တို့က ၂၀၂၅ခုနှစ်၊ ဇွန်လ ၆ရက်နေ့မှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဒါပေမယ့် ကျွန်တော်တို့က အခြေအနေအမျိုးမျိုးကြောင့် ဇွန်လ ၂၉ ရက်ဆွဲဖြင့်ထုတ်ပြန်တာဖြစ်တယ်ဟု “ The Kaladan Post သို့ပြေဆိုသည်။ ဒါ့အပြင် ဤတိုက်ခိုက်မှုကို AhNyar Heroes တော်လှန်ရေးတပ်အဖွဲ့မှ ကိုယ်တိုင်ထုတ်လုပ်ထားတဲ့ လက်နက်ကြီး အမည် (Hand Made) ခေါ် လက်နက်ကြီးကို အသုံးပြုထားကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို အရင်နှစ်ပိုင်းက AhNyar Heroes နှင့် မဟာမိတ်တပ်ဖွဲ့ ရဲဘော်နှစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခံခဲ့ရတဲ့ သူရဲကောင်းရဘေ်တွေကို ရည်ညွှန်းပြီးတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။ အဆိုပါထုန်ပြန်ချက်တွင် ဒေသခံသတင်းရင်းမြစ်အရ စစ်သားနှင့် ပျူစောထီး အကောင် ၂၀ ခန့် သေဆုံးခဲ့ကြောင်းသိရသည်။ ဒါ့အပြင် ရှေ့လျှောက်တိုက်ပွဲတွေ အကောင်းဆုံးဆက်လက်ဖော်ဆောင်သွားမှာဖြစ်ပြီး၊ မိဘပြည်သူများအနေနဲ့ အားတင်းထားကြရန် မေတ္တာရပ်ခံထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေကို ကူညီထောက်ပံ့ပေးသောမိဘပြည်သူများအပေါ် အထူးပင်ကျေးဇူးတင်ထားကြောင်း ၎င်ထုတ်ပြန်ချက်တွင်...

Read More
en_USEnglish