Author: Salai

ဖေဖော်ဝါရီလ (၂၄) ရက် သတင်းတိုပေါင်းချုပ်

စစ်တပ်လေယာဉ်ဆီ ထောက်ပံ့ရေး ကွင်းဆက်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချမှတ်ရန် JFM တောင်းဆို ဖေဖော် ၂၄ The Kaladan Post တရားမဲ့ မြန်မာစစ်အုပ်စု၏ လေယာဉ်ဆီ ထောက်ပံ့ရေးကွင်းဆက်တွင် ပါဝင်ပတ်သက်နေသော သင်္ဘောများနှင့် ကုမ္ပဏီများကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုအသစ်များ ချက်ချင်း ချမှတ်ရန်နှင့် မြန်မာသို့ လေယာဉ်ဆီ တင်ပို့မှုများကို လုံးဝ တားဆီးရန် Justice For Myanmar (JFM) က အီးယူ၊ ယူကေ၊ ကနေဒါ၊ အမေရိကန်နှင့် ဩစတေးလျ အစိုးရများကို တောင်းဆိုကြောင်း ၎င်းက ထုတ်ပြန် သည်။ ဤထောက်ပံ့မှုက စစ်တပ်၏ အရပ်သားများအပေါ် လေကြောင်း အကြမ်းဖက်တိုက်ခိုက်မှု များကို အားပေးနေခြင်း ဖြစ်ကြောင်း JFM က ပြောဆိုသည်။ ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီ၏ အတု ရွေးကောက်ပွဲ ပြင်ဆင်မှုနှင့်အတူ လေကြောင်း တိုက်ခိုက်မှုများ မကြုံစဖူး များပြားခဲ့ပြီး ကျောင်း၊ ဆေးရုံနှင့် ရပ်ရွာများ ပျက်စီးကာ ကလေးများအပါအဝင် အသက်ဆုံးရှုံးမှုများ ဖြစ်ပွားခဲ့သည်။ မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ အချက်အလက်အရ လေယာဉ်ဆီ တင်သွင်းမှု ပမာဏမှာ ၂၀၂၄ ခုနှစ်မှ ၂၀၂၅ သို့ နှစ်ဆနီးပါး တိုးလာခဲ့သည်။ Amnesty International နှင့် Reuters တို့၏ မကြာသေးမီ သက်သေ အထောက်အထားများအရ ဤတင်ပို့မှုများမှာ အီရန်ဆက်နွယ် “မှောင်ခို သင်္ဘော အုပ်စု” များမှ ပံ့ပိုးနေ...

Read More

တော်လှန်ရေးရဲ့ အတွင်းစည်း အကျပ်အတည်းတွေ ဘယ်လိုဖြေရှင်းမလဲ

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ NUG နဲ့ Local အင်အားစုတွေကြားက အမြင်မတူမှုတွေဟာ တော်လှန်ရေးကို ဘယ်လောက်အထိ ရိုက်ခတ်နေသလဲ၊ စစ်ရေးနည်းလမ်းနဲ့ ကိုင်တွယ်မှုတွေက ရန်သူ့ထံ ဘက်ပြောင်းသူတွေ တိုးလာစေမှာလား၊ အချင်းချင်း သတ်ဖြတ်မှုတွေအစား အားလုံးလက်ခံနိုင်တဲ့ ဦးဆောင်မှုဖြစ်အောင် ဘယ်လို အားထုတ်သင့်သလဲဆိုတာတွေကို ဒီ Interview မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAရဲ့  အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော် မှ ပွင့်ပွင့်လင်းလင်း ဆွေးနွေးထားပါတယ်။ ဒီရုပ်သံအပါအဝင် တော်လှန်ရေးခြေအနေသုံးသပ်ချက်တွေ ဒီလင့်ခ်မှာ https://youtu.be/o4ufa_IovAg?si=x2_-g2x7r89shCBb ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ် #SpringRevolution, #နွေဦးတော်လှန်ရေး #ပြည်တွင်းအကျပ်အတည်း #LocalForces #PoliticalAnalysis, #PLA #NUG...

Read More

အိန္ဒိယနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို ၅ နှစ်အတွင်း မဲစာရင်းမှသာမက နိုင်ငံတွင်းကပါ ဖယ်ရှားမည်ဟု အမိတ်ရှား (Amit Shah) ပြောကြား

ဖေဖေါ် ၂၃ The Kaladan Post   အိန္ဒိယနိုင်ငံ ပြည်ထဲရေးဝန်ကြီး အမိတ်ရှား (Amit Shah) က အိန္ဒိယနိုင်ငံအနေဖြင့် နာဇယ် (Naxal) သူပုန်ပြဿနာကို ဖြေရှင်းနိုင်ခဲ့သကဲ့သို့ တရားမဝင် ဝင်ရောက်လာသူများ ကိစ္စကိုလည်း ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။ လာမည့် ၅ နှစ်အတွင်း တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို မဲပေးပိုင်ခွင့်စာရင်း (Electoral Rolls) မှ ပယ်ဖျက်ရုံသာမက နိုင်ငံအတွင်းမှပါ ဖယ်ရှားရှင်းလင်းသွားမည်ဖြစ်ကြောင်း ၎င်းက အခိုင်အမာ ပြောဆိုခဲ့သည်။   ထို့အပြင် အတိုက်အခံ ကွန်ဂရက်ပါတီခေါင်းဆောင် ရာဟူးဂန္ဒီ (Rahul Gandhi) ကိုလည်း ဝေဖန်တိုက်ခိုက်ခဲ့ပြီး၊ ရာဟူးဂန္ဒီက တရားမဝင် ဝင်ရောက်လာသူများကို ဖယ်ရှားမည်ဟု ပြောဆိုခဲ့ဖူးသော်လည်း လက်တွေ့တွင် ကွန်ဂရက်ပါတီအနေဖြင့် ထိုသို့ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း၊ အကြောင်းမှာ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများသည် ကွန်ဂရက်ပါတီ၏ မဲဆန္ဒရှင် အခြေခံလူတန်းစား (Vote Bank) ဖြစ်နေသောကြောင့် ဖြစ်ကြောင်း အမိတ်ရှားက ထောက်ပြ ပြောဆိုခဲ့သည်။   အာဏာရ BJP ပါတီအနေဖြင့် အမျိုးသားလုံခြုံရေးကို ဦးစားပေးကာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများနှင့် တရားမဝင် နေထိုင်မှုများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ဖြေရှင်းသွားမည့် သဘောထားကို ထပ်လောင်း အတည်ပြုလိုက်ခြင်းလည်း ဖြစ်သည်။   Source: DNA...

Read More

ဖေဖော်ဝါရီလ (၂၃) ရက် သတင်းတိုပေါင်းချုပ်

ငါးဇွန်မြို့နယ်တွင် စစ်တပ် ရိက္ခာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်သား ၁၀ ဦး သေဆုံး ဖေဖော် ၂၃ The Kaladan Post မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ ဆုံရွာမှ ဆီမီးခုံမြို့ဘက်သို့ ထွက်လာသော စစ်သားနှင့် ပျူစောထီး ပါဝင် သည့် အင်အား ၂၀ ခန့်ပါ ရိက္ခာယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံးခဲ့ကြောင်း မန္တလေးခရိုင် အမှတ်(၃) တပ်ရင်း အသိပေးထားသည်။ မန္တလေးခရိုင် အမှတ်(၃) တပ်ရင်း (People’s Defense Force – Mandalay) ဦးဆောင်ပြီး ဆီမီးခုံ PDF၊ SRF၊ ဧရာဝတီမင်းသား ပြောက်ကျားတပ်ဖွဲ့၊ နယ်စီးမခြားတပ်ဖွဲ့၊ MGN နှင့် NGAZUN တပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ထိုတိုက်ပွဲသည် ၁၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်မှ ပထမတွင် ၆ ဦး သေဆုံး၊ ကျန်ပျူစောထီးအများအပြား ဒဏ်ရာရရှိခဲ့ကာ ဆေးရုံတက်ရောက်နေသော ပျူစောထီးနှင့် ရဲ ၄ ဦး ထပ်မံ သေဆုံးခဲ့သည်ဟု PDF – Mandalay တာဝန်ရှိသူက ပြောဆိုသည်။ တိုက်ပွဲအတွင်း G3 သေနတ် ၂ လက်၊ ကာဘိုင် ၁ လက်၊ ကင်းထောက်ဒရုန်း ၁ စီး၊ G3 ကျည် ၅၃ တောင့်တို့ကို...

Read More

သဒ်ပါတီဟု ခေါ်ဝေါ်ခြင်းခံရသူများ၏ နိုင်ငံရေးအမြင်နှင့် စစ်ရေးမဟာဗျူဟာ — အနာဂတ်သို့ ဦးတည်ချက်

https://youtu.be/dHGTxGyEkUk Special Program / Interview with Myo Htike Tan Thein အပိုင်း(၁) အင်တာဗျူးအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။  YouTube Channel: https://www.youtube.com/watch?v=bKqh05eV0U8 Official Telegram Channel: https://t.me/thekaladanpost X (Twitter) Channel: https://x.com/TheKaladanPost​ Website: thekaladanpost.com...

Read More
en_USEnglish