ဒီဇင် (၂၉) သတင်းတိုပေါင်းချုပ်
ညောင်ဦး-ချောက်တွင် တော်လှန်ရေးတပ်များ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၈ ဦး သေဆုံး ဒီဇင် ၂၉ The Kaladan Post မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်း မဲရုံများကို ကင်းစောင့်ထားသည့် စစ်တပ်ကို ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များက ဒီဇင်ဘာ ၂၇ ရက် ညနေပိုင်းက ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်တပ်က နတ်ပလ္လင်၊ ကန်စောင့် အပါအဝင် ကျေးရွာ ၅ ရွာရှိ မဲရုံများကို ပြန်လည်ရုပ်သိမ်းခဲ့ရသည်။ အလားတူ မကွေးတိုင်း ချောက်မြို့နယ်တွင် ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ရေနံချောင်းမှ ချောက်သို့ စစ်ကူလာသော ယာဉ်တန်းကို ချောက်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်တပ်ဖွဲ့များက ကြားဖြတ်မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ရာ အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ များပြားခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များက စစ်တပ်ပြုလုပ်နေသော တရားမဝင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ဆက်လက်တွန်းလှန်သွားမည်ဟု အသိပေးထားသည်။ ထားဝယ်ခရိုင် ရာဖူးရွာအတွင်း စစ်တပ်စခန်းကို ဝင်တိုက် တပ်ကြပ်အပါအဝင် စစ်သား ၃ ဦး သေဆုံး ဒီဇင် ၂၉ The Kaladan Post တနင်္သာရီတိုင်း ထားဝယ်ခရိုင် ရာဖူးကျေးရွာအတွင်း တပ်စွဲထားသော ခလရ ၂၈၂ တပ်စခန်းကို ဒီဇင်ဘာ ၂၈ ရက်နေ့က...
Read More