စက်တင် (၉) သတင်းတိုပေါင်းချုပ်
စစ်တပ်က PDF များအား သွေးခွဲဖိတ်ခေါ်မှု ထပ်မံထုတ်ပြန် စက်တင် ၉ The Kaladan Post အကြမ်းဖက်စစ်တပ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များအား အလင်းဝင်ရန် ဖိတ်ခေါ်သည့် ကြေညာချက်တစ်ရပ်ကို ယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များက PDF များကို လက်ကိုင်တုတ်အဖြစ် အသုံးပြုကာ ၎င်းတို့၏ဘဝများကို စတေးပြီး နယ်မြေကျူးကျော်ချဲ့ထွင်နေသည်ဟု စစ်တပ်က စွပ်စွဲထားသည်။ CRPH နှင့် NUG တို့က PDF များကို ဖွဲ့စည်းကာ EAO များလက်အောက်သို့ သွတ်သွင်းခဲ့သည်ဟုလည်း စစ်တပ်က သွေးခွဲပြောဆိုသည်။ စစ်တပ်က ၎င်းတို့၏အာဏာသိမ်းမှုသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ တရားဝင်ဖြစ်ပြီး ရွေးကောက်ပွဲမဲစာရင်းမှားယွင်းမှုကြောင့်ဟု ဆိုသည်။ PDF များနှင့် စစ်တပ်တို့၏ ရည်မှန်းချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်အတူတူဖြစ်သည်ဟု စစ်တပ်က ဖိတ်ခေါ်ထားသည်။ ဤကြေညာချက်သည် PDF နှင့် EAO၊ PDF နှင့် NUG၊ PDF နှင့် CRPH တို့ကို သွေးခွဲရန် ရည်ရွယ်ထားကြောင်း ရန်ကုန်မြို့မှ ဝါရင့်အယ်ဒီတာတစ်ဦးက သုံးသပ်သည်။ စစ်တပ်၏ ယခင်ဖိတ်ခေါ်မှု (ဇူလိုင် ၅) မအောင်မြင်ခဲ့ဘဲ ယခုမှာ ဒုတိယအကြိမ်ထပ်မံ ထုတ်ပြန်ခြင်း ဖြစ်သည်။ စစ်တပ်က PDF များ၏ လက်နက်ကိုင်တိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာမှုကို သွယ်ဝိုက်ဝန်ခံထားသည်ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ပြည်တွင်းလူငယ်များမှာ အခွင့်အလမ်းနည်းပါးလာပြီး ပြည်ပကို ထွက်ပြေးရန်လည်းကောင်း၊ လက်နက်ကိုင်တိုက်ပွဲ...
Read More