Author: Salai

ဒီဇင်(၂)သတင်းတိုပေါင်းချုပ်

စစ်တပ်က ကန့်ဘလူတွင် ပြည်သူ ၁၁ ဦးဖမ်းဆီး၊ ၄ ဦးကို ညှဉ်းပန်းသတ်ဖြတ် ဒီဇင် ၂ The Kaladan Post စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ စပါယ်နံ့သာဂိတ်တွင် နိုဝင်ဘာ ၂၆ ရက်က အကြမ်းဖက်စစ်တပ်က ဖားကန့်-တန့်ဆည်ကားလမ်းခရီးသည်များထဲမှ တန့်ဆည်မြို့ နယ်သား ၁၁ ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦးပါဝင်ပြီး ဖားကန့်တွင် အလုပ်လုပ်ကိုင်ပြီး နေရပ်ပြန်လာသူများဖြစ်ကြောင်း သိရသည်။ စစ်သားများက တန့်ဆည်သားများကို သီးသန့်ခွဲ၍ လက်ပြန်ကြိုးတုပ်၊ ဝါးရင်းတုတ်အစိုဖြင့် ရိုက်နှက်၊ အစာရေမျှ မပေးဘဲ နှိပ်စက်ခဲ့သည်။ နိုဝင်ဘာ ၂၇ ရက်တွင် ကားသမားတစ်ဦးကို အပြင်ခေါ်သွားပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး ၂၉ ရက်နံနက်တွင် အမျိုးသား ၅ ဦးကို တန်ပိုဂိတ်သို့ ခေါ်ဆောင်သွားရာ ထွက်ပြေးရန်ကြိုးစားရာ ၃ ဦး ပြန်လည်ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း ထွက်ပြေး လွတ်မြောက်လာသူများက ဆိုသည်။ လက်ရှိ ထွက်ပြေးလွတ်မြောက်လာသည့် ၂ ဦးမှာ PDF နယ်မြေတွင် ရောက်ရှိနေပြီး ဆေးကုသမှုခံယူနေသည်။ ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှား သူများအဖွဲ့က ဗျူဟာလမ်းကြောင်းများတွင် မမေးမမြန်း မသွားလာကြရန်နှင့် လူငယ်လူရွယ်များ အထူးသတိထားကြရန် သတိပေးထားသည်။ မင်းအောင်လှိုင် Non-CDM ဝန်ထမ်းများကို ကြံ့ဖွတ်ပါတီကိုသာ မဲပေးရန် ဖိအားပေး   ဒီဇင် ၂ The Kaladan Post စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြင်ဦးလွင်ရှိ...

Read More

ခမရ(၃၅) တပ်ရင်းမှ အထိုင်ဂိတ်စခန်း တိုက်ခိုက်ရှင်းလင်းခံရပြီး စစ်သား ၅ ဦးသေဆုံး

  ဒီဇင် ၂ The Kaladan Post ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ လိပ်ဥကုန်းလမ်းဆုံရှိ ခမရ(၃၅) တပ်ရင်းမှ လာရောက်အထိုင်ချ ထားသော စစ်တပ်ဂိတ်စခန်းကို နိုဝင်ဘာ ၃၀ ရက် နံနက် ၈:၃၀ အချိန်တွင် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁ နာရီခန့် ဖြစ်ပွားခဲ့ပြီး စစ်တပ် ၅ ဦးသေဆုံး ကာ ဂိတ်စခန်းတစ်ခုလုံး မီးရှို့ရှင်းလင်းနိုင်ခဲ့ကြေင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ(၂) က သတင်းထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ(၂)တာဝန်ရှိသူတစ်ဦးက ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ “စစ်တပ်ဂိတ်မှာ တပ်အင်အား ၃၀ခန့် အထိုင်ချထားတာဖြစ်ပါတယ် ဒီ စစ်တပ်ဂိတ်တိုက်ခိုက်မှုအတွင်း ၅ ဦးသေဆုံးပြီး ဒဏ်ရာရသူ တွေရှိသောလည်း အရေအတွက်ကို မသိရသေးပါဘူး “ဟု The Kaladan Post သို့ ပြောဆိုသည်။ ထို့အပြင် အဆိုပါဂိတ်သည် ကျေးရွာ ၄ ရွာဖြတ်သန်းသွားလာရာ လမ်းဆုံတွင်တည်ရှိပြီး ၎င်းဂိတ် စောင့် စစ်တပ်များသည် လူမဟုတ်ဘဲ ပြည်သူများကို အမျိုးမျိုးနှိပ်စက်ဒုက္ခပေးနေသဖြင့် ရှင်းလင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ(၂) တာဝန်ရှိသူက ဆက်လက် ပြောဆိုသည်။ တိုက်ခိုက်ရှင်းလင်းမှုတွင် ကာဘိုင်နက်ကျည်ကာ ၁ လက်၊ MA-1 သေနတ် ၁ လက်၊ ၅.၅၆ မမ ကျည် ၁၅၀ တောင့်နှင့် မိုဘိုင်းလ်ဖုန်း ၂ လုံး အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိခဲ့ကြောင်းသိရသည်။ အဆိုပါ ဂိတ်စခန်းကို စစ်ကောင်စီတပ်များ ပြန်လည်ဝင်ရောက်အထိုင်ချ ခြင်း မတွေ့ရသေးကြောင်း ဗိုလ်တိမ်တိုက်က ဆိုသည်။ စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ(၂)၊ သာယာဝတီခရိုင် ပကဖ (ရွှေတန်းမြေ) နှင့် လက်ပံတန်းမြို့နယ် ပကဖ (အထူး တိုက်ခိုက်ရေးအဖွဲ့) တို့က ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။ ဗိုလ်တိမ်တိုက်က “ဒေသခံပြည်သူများ စစ်ရေးတင်းမာနေသဖြင့် စစ်ကောင်စီတပ်နှင့် ဝေးရာသို့ ယာယီရှောင်ရှားနေထိုင်ကြရန်” အသိပေး...

Read More

ဒီဇင် (၁) သတင်းတိုပေါင်းချုပ်

မိုးကုတ်-မိုးမိတ်လမ်းပိုင်း KIA ဦးဆောင်ပူးပေါင်းတပ်များ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက် ဒီဇင် ၁ The Kaladan Post မန္တလေးတိုင်း၊ မိုးကုတ်မြို့မှ မိုးမိတ်မြို့ဘက်သို့ ချီတက်လာသော စစ်ကောင်စီတပ် စစ်ကြောင်းကို KIA၊ KPDF နှင့် တော်လှန်ရေးပူးပေါင်းတပ်များက နိုဝင်ဘာ ၃၀ ည ၈ နာရီခန့်တွင် ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။ တိုက်ပွဲဖြစ်ပွားရာ မိုးကုတ်-မိုးမိတ်လမ်းပိုင်းတွင် ဆက်သွယ်ရေးခက်ခဲ နေသဖြင့် အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဗိုလ်မှူးကြီးနော်ဘူက ယခင်ကလည်း မိုးမိတ်မြို့နယ်အတွင်း KIA တပ်ရင်း ၃၄ နှင့် ABSDF၊ PDF များ ပူးတွဲအခြေစိုက်ထားပြီး TNLA ဆုတ်ခွာပါက မဟာမိတ်တပ်များအား စစ်ရေးကူညီမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။ မိုးမိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ကလည်း မည်သည့်အခြေအနေတွင်မဆို ပြည်သူနှင့်အတူ ရှိနေမည်ဟု ကတိပြုထားပြီး တော်လှန်ရေးအောင်ပွဲအတွက် ညီနောင်မဟာမိတ်များနှင့် အတူ ဆက်လက်တိုက်ပွဲဝင်သွား မည်ဟု ကြေညာထားသည်။ TNLA သည် အောက်တိုဘာ ၂၉ ရက်က တရုတ်ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီတပ်နှင့် အပစ်အခတ်ရပ်စဲခဲ့ပြီး မိုးကုတ်၊ မိုးမိတ်မှ ဆုတ်ခွာရန် တရားဝင်ထုတ်ပြန်ထားသည်။ ချောင်းဦးမြို့နယ် ချောင်းမနားရွာ Gyrocopter နှင့် ဗုံးကြဲခံရ၊ အရပ်သား ၂ ဦးသေဆုံး၊ ၉ ဦးဒဏ်ရာရ   ဒီဇင် ၁ The Kaladan Post စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ချောင်းမနားကျေးရွာကို နိုဝင်ဘာ...

Read More

နိုဝင် (၃၀) သတင်းတိုပေါင်းချုပ်

ဒါရိုက်တာ မိုက်တီး၊ အုန်းဒိုင်းနှင့် ကျော်ဝင်းထွဋ်တို့ကို ထောင်ဒဏ် ၇ နှစ်စီ ချမှတ်   နိုဝင် ၃၀ The Kaladan Post ဒါရိုက်တာ မိုက်တီး (ခေါ်) သန်းထွန်းဇော်၊ ဟာသသရုပ်ဆောင် အုန်းဒိုင်း (ခေါ်) ဇော်မြင့်နှင့် ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ် (ခေါ်) ကျော်မင်းထွဋ်တို့ကို ရွေးကောက်ပွဲ နှောင့်ယှက် ဟန့်တားဖျက်ဆီးမှုဆိုင်ရာ ဥပဒေပုဒ်မ ၂၃(က) ဖြင့် ထောင်ဒဏ် ၇ နှစ်စီ အသီးသီး ချမှတ်ခံရသည်။ ယင်းသုံးဦးကို အောက်တိုဘာ ၂၇ ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်တပ် ထောက်ခံဇာတ်ကားကို ဝေဖန်မှုနှင့် ဆက်စပ်နေသည်ဟု သိရသည်။ နိုဝင်ဘာ ၂၅ ရက်တွင် အုန်းဒိုင်းအား တောင်ဒဂုံမြို့နယ်တရားရုံး၊ ၂၇ ရက်တွင် မိုက်တီးအား ရန်ကင်းမြို့နယ်တရားရုံး၊ ၂၈ ရက်တွင် ကျော်ဝင်းထွဋ်အား ဗဟန်းမြို့နယ်တရားရုံးတို့က ရုံးထုတ် တစ်ကြိမ်တည်းဖြင့် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ တရားခံများဘက်မှ ခုခံချေပခွင့် သို့မဟုတ် ရှေ့နေငှားရမ်းခွင့် မရရှိခဲ့ကြောင်း အနုပညာနယ်ပယ်အသိုင်းအဝိုင်းထံမှ သိရသည်။ မြ၀တီတိုက်ပွဲ လက်နက်ကြီးကျည် ထိုင်းဘက်ကျ၍ မြန်မာကလေး၁ဦးအပါအဝင် ၂ဦး ဒဏ်ရာရ   နိုဝင် ၃၀ The Kaladan Post ကရင်ပြည်နယ် မြ၀တီမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများအတွင်း မြန်မာဘက်မှ ပစ်ခတ်လိုက်သည့် ၆၀ မမ လက်နက်ကြီးကျည် ၅ လုံး ယနေ့ နံနက် ၉ နာရီ ၁၂ မိနစ်ခန့်က...

Read More

သမိုင်းအမှားများကို ပြင်ဆင်၍ ချင်းညီညွတ်ရေးကို တည်ဆောက်မည့် လက်တွေ့ကျသော နိုင်ငံရေးလမ်းပြမြေပုံ

နိုဝင် ၂၉ The Kaladan Post ချင်းလူမျိုးများအကြား ပစ္စုပ္ပန်ကာလတွင် ကြုံတွေ့နေရသော ပဋိပက္ခသည် ချင်းအမျိုးသား ထုတစ်ရပ်လုံး၏ အနာဂတ်ကံကြမ္မာအတွက် အဆုံးအဖြတ်ပေးမည့် အရေးအကြီးဆုံး လမ်းဆုံလမ်းခွတစ်ခု ဖြစ်သည်။ ကိုလိုနီခေတ်က သုံးနိုင်ငံအဖြစ် ပိုင်းခြားခံခဲ့ရသည့် သမိုင်း သင်ခန်းစာနှင့် ဒုတိယကမ္ဘာစစ်ကာလ ချင်းခေါင်းဆောင်များ၏ နိုင်ငံရေး၊ စစ်ရေးအမှား များကို ပြန်လည်ပြင်ဆင်နိုင်မည့် ရွှေရောင်အခွင့်အရေးသည် ယနေ့ မြန်မာ့နွေဦး တော်လှန်ရေးကာလတွင် ရှိနေပါသည်။ မြန်မာနိုင်ငံတော်လှန်ရေးအလွန်ကာလတွင် ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေးအတွက် ချင်းညီညွတ်ရေးသည် ရွေးချယ်စရာမဟုတ်ဘဲ မဖြစ်မနေ လိုအပ်ချက်တစ်ခုဖြစ်သည်။ လက်ရှိအချိန်သည် သမိုင်းအမှားများကို ပြန်လည်ပြင်ဆင်ပြီး ညီညွတ်စွာချဉ်းကပ်ပါက အနာဂတ်အတွက် ခိုင်မာသော အုတ်မြစ်ချနိုင်မည့် အခွင့်အလမ်းကောင်း တစ်ရပ်ဖြစ်နေသဖြင့် အချင်းချင်း ပဋိပက္ခများကို အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းရန် အချိန်ကျရောက်နေပြီဖြစ်သည်။   ယနေ့ရင်ဆိုင်နေရသော ချင်းပဋိပက္ခများ၏ မြစ်ဖျားခံရာသည် ၂၀၂၁ ခုနှစ် စစ်အာဏာ သိမ်းပြီးနောက်ပိုင်း နိုင်ငံရေးသဘောထား ကွဲလွဲမှုများမှ စတင်ခဲ့ခြင်းဖြစ်သည်။ မင်းတပ် မြို့နယ်မှ လူငယ်များက စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရန် လက်နက်ကိုင်တော်လှန်ရေး လမ်းစဉ်ကို ရွေးချယ်ခဲ့ကြသော်လည်း ချင်းအမျိုးသားတပ်ဦး (CNF) ကမူ အာဏာသိမ်းမှုကို ဗမာအချင်းချင်းပြဿနာအဖြစ် ရှုမြင်ပြီး NCA လမ်းကြောင်းနှင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်သွားလိုခဲ့ရာမှ အမြင်မတူညီမှုများ စတင်ခဲ့သည်။ ဤကနဦး သဘောထားကွဲလွဲမှုမှ သည် ချင်းပြည်အနှံ့ လက်နက်ကိုင်တော်လှန်ရေး အရှိန်အဟုန်မြင့်တက်လာသောအခါ Chin Defense Force၊ Chinland Defense Force၊ People Defense...

Read More

Recent Comments

No comments to show.

Subscribe

en_USEnglish