Author: Salai

ဒီဇင် (၆) သတင်းတိုပေါင်းချုပ်

စလင်းမြို့နယ်တွင် မဲစာရင်းစစ်ပြန်လာသော စစ်ကား ၂ စီးကို မိုင်းဆွဲတိုက်ခိုက်၊ ဗိုလ် ၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ   ဒီဇင် ၆ The Kaladan Post မကွေးတိုင်း၊ စလင်းမြို့နယ်အတွင်း ဒီဇင်ဘာ ၄ ရက်က မဲစာရင်းစစ်ဆေးပြီး မြို့ပေါ်သို့ ပြန်လာသည့် စစ်ကား ၂ စီးကို ဒေါင်းစစ်အောင် (Local PDF) တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ဗိုလ် ၁ ဦးသေဆုံးပြီး ၃ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်ခံရသည့် စစ်ကားများတွင် စစ်သား ၈၀ ခန့်လိုက်ပါလာကြောင်း သိရသည်။ သေဆုံးသွားသည့် ဗိုလ်တဦး၏ နာရေးကို လူမရှိသဖြင့် တိတ်တဆိတ် သင်္ဂြိုဟ်ခဲ့ရကြောင်း ဒေါင်းစစ်အောင်ဘက်က ထုတ်ဖော်ပြောဆိုသည်။ ဒေါင်းစစ်အောင် တာဝန်ခံ ကိုထူးလေးက အကြမ်းဖက်စစ်တပ်၏ အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများအား ခြိမ်းခြောက်အတင်းအကျပ်လုပ်နေသဖြင့် မြို့ပေါ်အသွားအလာ ဆင်ခြင်ကြရန်နှင့် ရွေးကောက်ပွဲဦးစီးသူများနှင့် ဝေးဝေးရှောင်ကြရန် ပြည်သူများကို သတိပေးထားသည်။ ယင်းတိုက်ခိုက်မှုကို ဒေါင်းစစ်အောင် LPDF ရဲဘော်များက တာဝန်ယူလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အတည်ပြုပြောဆိုသည်။ ဒီပဲယင်းတွင် ဘောလုံးပွဲပြန်ပြရင်း ကြည့်နေသည့် လက်ဖက်ရည်ဆိုင်ကို စစ်တပ်ဗုံးကြဲ၊ အရပ်သား ၁၈ ဦးသေ၊ ၃၀ ကျော်ဒဏ်ရာရ   ဒီဇင် ၆ The Kaladan Post စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်တွင် ဒီဇင်ဘာ ၅ ရက် ည ၈ နာရီခန့်က မြန်မာနှင့်...

Read More

ဒီဇင် (၅) သတင်းတိုပေါင်းချုပ်

ပခုက္ကူ-မြိုင် နယ်စပ်တွင် စစ်ကြောင်းနှင့် စစ်ကားကို မိုင်းဆွဲတိုက်ခိုက်၍ စစ်သား ၁ ဦးသေဆုံး၊ ပြည်သူ ၂ ဦးကို ကယ်တင်   ဒီဇင် ၅ The Kaladan Post ဒီဇင်ဘာ ၄ ရက်နေ့က မကွေးတိုင်း၊ ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ် နယ်စပ်၊ ညောင်ဂျစ်ပင်အနီးတွင် ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုက စစ်တပ်၏ မိတ္ထီလာတပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၇၊ ၄၁၈၊ ၄၁၉ တပ်ရင်းများပါဝင်သည့် စစ်ကြောင်းနှင့် စစ်သားများ လိုက်ပါလာသော ကား ၁ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း စစ်သား ၁ ဦး သေဆုံးခဲ့ပြီး နယ်မြေရှင်းလင်းစဉ် အလောင်း ၁ လောင်း၊ လက်နက်ကြီးကျည်များအပါအဝင် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း တပ်ပေါင်းစုက ထုတ်ပြန်သည်။ ထို့ပြင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်လာသည့် ကမ္မမြို့ အမှတ် ၃ ရပ်ကွက်မှ ပြည်သူ ၂ ဦးကိုလည်း အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကို MAGWAY PDF၊ မြိုင်ပကဖ၊ ပေါက်ပကဖ၊ ပခုက္ကူခရိုင်လိုကယ်တပ်ရင်းနှင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ စစ်သားများ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း တပ်ပေါင်းစုတာဝန်ရှိသူက အတည်ပြုပြောဆိုထားသည်။ မြ၀တီမြို့ BGF ကျားဖြန့်ရုံများကို စစ်တပ်စီးနင်း ဖောက်ခွဲ၍ လုပ်သားများ ထွက်ပြေး၊ တရုတ်သူဌေးများကို ရွှေ့ပြောင်း   ဒီဇင် ၅ The Kaladan...

Read More

ဒီဇင် (၄) သတင်းတိုပေါင်းချုပ်

ရေတာရှည်တွင် ဆက်ကြေးကောက်သည့် တပ်ကြပ်ကြီးကို အရှင်ဖမ်းမိ၊ ကယ်ထုတ်လာသည့် စစ်ကြောင်းနှင့် တိုက်ခိုက်ရာ စစ်သား ၆ ဦးသေ   ဒီဇင် ၄ The Kaladan Post ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်တွင် နိုဝင်ဘာ ၂၅ ရက်က တောင်သူများထံ ဆက်ကြေးလာရောက်ကောက်ခံသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ကြပ်ကြီး မြင့်လွင်ကို တပ်ရင်း ၃၅၀၄ ရဲဘော်များက လက်ပစ်ဗုံး ၃ လုံး၊ ငွေသား၊ ဖုန်း ၂ လုံးနှင့် ကား ၁ စီးတို့အပါအဝင် အရှင်ဖမ်းဆီးရမိခဲ့သည်။ ထို့နောက် နိုဝင်ဘာ ၂၆ ရက်တွင် အင်အား ၁၂၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့ စစ်ကြောင်း ၂ ခုက ကယ်ထုတ်ရန်ကြိုးပမ်းလာရာ တပ်ရင်း ၃၅၀၄ နှင့် ရေတာရှည်မြို့နယ်ပကဖပူးပေါင်းအဖွဲ့က မိုင်းဆွဲ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရရှိခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဘဲ လက်နက်ခဲယမ်းနှင့် ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ ဖမ်းဆီးရမိထားသော တပ်ကြပ်ကြီး မြင့်လွင်ကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ဆက်လက်ထိန်းသိမ်းထားကြောင်း တပ်ရင်း ၃၅၀၄ က ထုတ်ပြန်သည်။ တပ်ရင်းတာဝန်ရှိသူက “စစ်ခွေးသေစာရင်း ထပ်မတိုးတော့ပါ။ ဖမ်းဆီးထားတဲ့ တပ်ကြပ်ကြီး ကို စစ်သုံ့ပန်းဥပဒေနဲ့ပဲ ဆက်လက်အရေးယူသွားမည်။ မြစ်အနောက်ဘက်ကမ်းထိ ကျွန်တော်တို့စစ်ဆင်ရေးသည် ရွေးကောက်ပွဲကို လက်လှမ်းမီသမျှ ဖျက်ဆီးမည်ဟု စစ်ကောင်စီကို သတိပေးခြင်းဖြစ်သည်” ဟု ပြောသည်။ ယင်းမာပင်-ကန့်ဘလူ-သံတောင်ကြီး ကျေးရွာများကို ဗုံးကြဲ၊ လက်နက်ကြီးပစ် ကိုယ်ဝန်ဆောင်အပါအဝင်...

Read More

ဒီဇင် (၃) သတင်းတိုပေါင်း

ဆားတောင်တံတားအောက်တွင် စစ်တပ်သတ်ဖြတ်ထားသော ပြည်သူ ၅ ဦးအလောင်းတွေ့   ဒီဇင် ၃ The Kaladan Post စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့၊ သိမ်ကျောင်းတံတားအောက်တွင် နိုဝင်ဘာ ၂၉ ရက်က အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့သည့် ပြည်သူ ၅ ဦးတို့၏ ရုပ်အလောင်းများကို ဒေသခံများက တွေ့ရှိခဲ့သည်။ အလောင်းများမှာ ပုပ်သိုးနေပြီး မည်သူမည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေး ကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက အတည်ပြုသည်။ အဆိုပါနေရာသို့ ရွာသာကြီးရွာအခြေစိုက် စစ်ကြောင်းက အကြိမ်ကြိမ်ဝင်ရောက် စီးနင်းနေ ခြင်းဖြစ်ပြီး နိုဝင်ဘာ ၃ ရက်ကလည်း မောက်ကဒီးရွာမှ ပြည်သူ ၄၀ ကျပ်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ယနေ့ထိ ပြန်လွတ်မြောက်ခြင်းမရှိသေးပေ။ ဝက်လက်မြို့နယ်အတွင်း အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက်စစ်တပ်က ရွာတော်ကုန်း၊ တမာကုန်း၊ ထုံးဘို၊ မူးကြီး၊ တံတားဦး စသည့် ကျေးရွာ ၁၅ ရွာထက်မနည်းကို မီးရှို့ဖျက်ဆီးခဲ့သည်။ ရာနှင့်ချီသော နေအိမ်များ ပြာကျခဲ့ပြီး ရွာသာကြီး၊ ထုံးဘို၊ တံတားဦး၊ ကျီးကန်စသည့် ရွာများမှ ပြည်သူ ၂ သောင်းကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေရသည်။ စစ်ကြောင်းများ လက်ရှိအချိန်ထိ ဝက်လက်နှင့် ဆားတောင်ပတ်ဝန်းကျင်တွင် ဆက်လက်ရှိနေဆဲဖြစ်သည်။ ကုန်းပေါင်းရွာဝင်စစ်ကြောင်းကို ချေမှုန်း၊ စစ်သား ၂၀ သေဆုံး၊ လက်နက် ၂၂ လက်သိမ်း   ဒီဇင် ၃ The...

Read More

ဒီဇင်(၂)သတင်းတိုပေါင်းချုပ်

စစ်တပ်က ကန့်ဘလူတွင် ပြည်သူ ၁၁ ဦးဖမ်းဆီး၊ ၄ ဦးကို ညှဉ်းပန်းသတ်ဖြတ် ဒီဇင် ၂ The Kaladan Post စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ စပါယ်နံ့သာဂိတ်တွင် နိုဝင်ဘာ ၂၆ ရက်က အကြမ်းဖက်စစ်တပ်က ဖားကန့်-တန့်ဆည်ကားလမ်းခရီးသည်များထဲမှ တန့်ဆည်မြို့ နယ်သား ၁၁ ဦးကို ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၂ ဦးပါဝင်ပြီး ဖားကန့်တွင် အလုပ်လုပ်ကိုင်ပြီး နေရပ်ပြန်လာသူများဖြစ်ကြောင်း သိရသည်။ စစ်သားများက တန့်ဆည်သားများကို သီးသန့်ခွဲ၍ လက်ပြန်ကြိုးတုပ်၊ ဝါးရင်းတုတ်အစိုဖြင့် ရိုက်နှက်၊ အစာရေမျှ မပေးဘဲ နှိပ်စက်ခဲ့သည်။ နိုဝင်ဘာ ၂၇ ရက်တွင် ကားသမားတစ်ဦးကို အပြင်ခေါ်သွားပြီး ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး ၂၉ ရက်နံနက်တွင် အမျိုးသား ၅ ဦးကို တန်ပိုဂိတ်သို့ ခေါ်ဆောင်သွားရာ ထွက်ပြေးရန်ကြိုးစားရာ ၃ ဦး ပြန်လည်ဖမ်းဆီးခံရပြီး သတ်ဖြတ်ခံခဲ့ရကြောင်း ထွက်ပြေး လွတ်မြောက်လာသူများက ဆိုသည်။ လက်ရှိ ထွက်ပြေးလွတ်မြောက်လာသည့် ၂ ဦးမှာ PDF နယ်မြေတွင် ရောက်ရှိနေပြီး ဆေးကုသမှုခံယူနေသည်။ ကျွန်းလှကန့်ဘလူ တက်ကြွလှုပ်ရှား သူများအဖွဲ့က ဗျူဟာလမ်းကြောင်းများတွင် မမေးမမြန်း မသွားလာကြရန်နှင့် လူငယ်လူရွယ်များ အထူးသတိထားကြရန် သတိပေးထားသည်။ မင်းအောင်လှိုင် Non-CDM ဝန်ထမ်းများကို ကြံ့ဖွတ်ပါတီကိုသာ မဲပေးရန် ဖိအားပေး   ဒီဇင် ၂ The Kaladan Post စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြင်ဦးလွင်ရှိ...

Read More
en_USEnglish