Author: Salai

စက်တင် (၁၆) သတင်းတိုပေါင်းချုပ်

ရန်ကုန်မြို့တော်ခန်းမရှေ့ ဗုံးကြဲမှု ဖြစ်ပွား စက်တင် ၁၆ The Kaladan Post ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ်မြို့တော်ခန်းမရှေ့ စစ်တပ်လုံခြုံရေး ဘယ်ရီ ဂိတ်တွင် စက်တင်ဘာ ၁၆ ရက်နံနက် ၆ နာရီ ၄၅ မိနစ်ဝန်းကျင်တွင် ဗုံးကြဲမှုဖြစ်ပွားခဲ့သည်။ ရန်ကုန်ကင်းထောက်အဖွဲ့နှင့် နီးပတ်ဝန်းကျင်နေထိုင်သူများက အတည်ပြုပြောဆိုခဲ့သည်။ ပေါက်ကွဲမှုကြောင့် ကားဘီးပေါက်ကွဲသလို ထင်ရသော်လည်း ရဲကား၊ စစ်ကားနှင့် မီးတန်းကားများ လျင်မြန်စွာ ရောက်ရှိကာ နေရာကို စစ်ဆေးခဲ့သည်။ ရှင်းလင်းရေး ၁၅ မိနစ်ခန့်သာ ကြာခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း သိရသည်။ ဖြစ်ပွားခဲ့သော နေရာကို လူအသွားအလာကန့်သတ်ထားသော်လည်း ကားများ ပုံမှန်သွားလာခွင့်ပြုထားကာ ရဲနှင့် စစ်သားများ လက်နက်ကိုင်ဆောင်ကာ လုံခြုံရေး စောင့်ကြည့်နေကြောင်း သိရသည်။ ယခင်က ၂၀၂၂ ခုနှစ်တွင်လည်း အတူတူ နေရာတွင် ဗုံးကြဲမှုဖြစ်ခဲ့ဖူးသည်။ ဤဖြစ်ရပ်သည် ရန်ကုန်မြို့တွင် လုံခြုံရေး အခြေအနေ တင်းမာမှုကို ပြသလက္ခဏာဖြစ်နိုင်ကာ အာဏာပိုင်များ စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။ ပြည်သူများ သတိထားရန် အကြံပြုထားသည်။ ရေဦးမြို့တွင် စစ်တပ်ဂိတ်နှင့် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် စက်တင် ၁၆ The Kaladan Post စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်နှင့် ဒီပဲယင်းလမ်းပိုင်းရှိ စစ်တပ်ဂိတ်စခန်းနှင့် စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း YE-U Freedom Comrades (YFC) မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ စက်တင်ဘာလ ၇ ရက်ည ၁၁ နာရီခန့်တွင်...

Read More

ဒီပဲယင်းလမ်းပိုင်းရှိ စစ်တပ်ဂိတ်နှင့် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့ဖက်မှ ဒရုန်းနှစ်စီး ဆုံးရှုံး

  ——————————————————————————————————————————   စက်တင် ၁၆ The Kaladan Post ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်နှင့် ဒီပဲယင်းလမ်းပိုင်းရှိ စစ်တပ် လုံခြုံရေးဂိတ်နှင့် တပ်အင်အား ၆၀ပါ စစ်ကောင်စီ စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း YE-U Freedom Comrades – YFC မှ သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး YE-U Freedom Comrades – YFCတာဝန်ရှိသူတစ်ဦးက “ စက်တင်ဘာလ ၁၄ရက်နေ့က တိုက်ခိုက်တဲ့စစ်ကောင်စီ စစ်ကြောင်းအင်အား (၆၀)ခန့်ကို ကျွန်တော်တို့က ဒရုန်ုး(၃)စီးဖြင့် တိုက်ခိုက် ပြီးနောက် စစ်ကောင်စီတပ်တွေက ရေဦးမြို့ထဲကို ပြန်ဝင်သွားပါတယ် ဒီတိုက်ခိုက်မှုအတွင်းမှာ ကျွန်တော်တို့ဘက်က ဒရုန်း(၂) ဆုံးရှုံးသွားပါတယ် ပထမတစ်စီးကတော့ ကျွန်တော်တို့ရှေ့မှာတင် မတော်တဆဖြစ်မှုကြောင့်ပျက်ကြသွားပါတယ် ဒုတိယတစ်စီးကတော့ စစ်ကောင်စီ ဂျဘာနဲ့မိပြီး အောက်က စလင်ဒါနဲ့ပစ်တော့ စစ်ကောင်စီ လက်ထဲပါသွားတာပါ”ဟု The Kaladan Post သို့ပြော့ ဆိုသည်။ စစ်ကိုင်းတိုင်း၊ ရေဦးမြို့ တောင်ဘက် ကြာဖူးအဝိုင်းရှိ အင်အား ၂ဝခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ လုံခြုံရေးဂိတ်ကို ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေး ဒရုန်းအဖွဲ့က စက်တင်ဘာလ ၇ ရက် နေ့ ည ၁၁ နာရီခန့်တွင် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ အလားတူ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီ ၃၀မိနစ် ခန့်အချိန် ရေဦး-ဒီပဲယင်း လမ်းပိုင်းရှိ စက်မှု လယ်ယာရုံး အနီးကို ရောက် ရှိလာသော အင်အား ၆၀ ခန့်ပါ စစ်ကြောင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း ၃ စီး ဖြင့် ဗုံးကျဲ ချခဲ့ကြောင်းသိရသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အရေ အတွက်ကို အတည်ပြုနိုင်ခြင်းမရှိဘဲ အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လက်နယ်ငယ်များဖြင့် ရမ်းသမ်း ပစ်ခတ်ပြီး ရေဦးမြို့တွင်း သို့ ပြန်လည် ဝင်ရောက်သွားကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ အဆိုပါတိုက်ခိုက်မှုအတွင်းတော်လှန်ရေး ရဲဘော်တွေဖက်မှ အထိအခိုက်မရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။၎င်း တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေး ဒရုန်းအဖွဲ့ (ရွေဘိုခရိုင်) နှင့် ၅/မဟူရာ ကျွဲရိုင်း (ရေဦး ပကဖ) တို့က ပူပေါင်း...

Read More

“အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်မှုဖြင့် တော်လှန်ရေးနိုင်ဖို့ရန် အလားအလာ နည်းမှုကြောင့် ပေါ်‌ပေါက်လာသော နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (NRA) အကြောင်း”

“အမျိုးသားညီညွတ်ရေးအစိုးရ ဦးဆောင်မှုဖြင့် တော်လှန်ရေးနိုင်ဖို့ရန် အလားအလာ နည်းမှုကြောင့် ပေါ်‌ပေါက်လာသော နိုင်ငံလုံးဆိုင်ရာ တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (NRA) အကြောင်း”

Read More

စက်တင် (၁၅) သတင်းတိုပေါင်းချုပ်

တောင်ငူ-လိပ်သိုလမ်းတွင် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး စက်တင် ၁၅ The Kaladan Post ပဲခူးတိုင်း၊ တောင်ငူ-လိပ်သိုလမ်းပိုင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်ကို KNLA တပ်မဟာ ၂၊ တပ်ရင်း ၅ ကမ်းနီကြားဒေသ ကာကွယ်ရေးတပ်ဖွဲ့က နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်အရာရှိ ၁ ဦးအပါအဝင် စစ်သား ၄ ဦးသေဆုံးခဲ့သည်။ စက်တင်ဘာလ ၁၁ ရက်တွင် ဥသျှစ်ပင်ကျေးရွာအနီး၌ အင်အား ၂၀၀ ခန့်ဖြင့် ထွက်လာသော စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်။ သေဆုံးဒဏ်ရာရသူများကို တောင်ငူမြို့သို့ ကားဖြင့် သယ်ဆောင်သွား ခဲ့သည်။ စက်တင်ဘာလ ၁၄ ရက် နံနက်အစောပိုင်းတွင် သံတောင်ကြီးမြို့နယ်၊ မုခ်ဦးကျေးရွာအနီး၌ ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။ တိုက်ခိုက်မှုအတွင်း KNLA ရဲဘော်များ အထိအခိုက်မရှိခဲ့ဘဲ စစ်တပ်က ဒဏ်ရာရသူများကို ပုခက်များဖြင့် ထမ်းကာ နောက်ပြန်ဆုတ်သွားခဲ့သည်။ စစ်တပ်သည် နေ့စဉ်အင်အားအများ အပြားဖြင့် စစ်ကြောင်းထိုးနေသဖြင့် လက်နက်ခဲယမ်းလိုအပ်ချက်ရှိကြောင်း တာဝန်ရှိသူက ပြောသည်။ ပြည်သူများအနေဖြင့် ဝိုင်းဝန်းထောက်ပံ့ကူညီရန် မေတ္တာရပ်ခံထားသည်။ လက်ရှိ တောင်ငူ-လိပ်သိုလမ်းပိုင်းတွင် စစ်ကြောင်းများ ဆက်လက်ထိုးစစ်ဆင်နေသဖြင့် လမ်းသွား လမ်းလာများ ဂရုစိုက်သွားလာရန် သတိပေးထားသည်။ ဘုတလင်မြို့နယ်တွင် စစ်တပ်က ကျေးရွာ ၅ ခုကို မီးရှို့၊ ပြည်သူ ၅ ဦးဖမ်းဆီး...

Read More

မင်းလှမြို့နယ်တွင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်များအား တော်လှန်‌ရေးပူးပေါင်းတပ်များ မိုင်းဆွဲတိုက်ခိုက်

  ————————————————————————————————— စက်တင် ၁၅ The Kaladan Post ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်အတွင်း၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့၊ ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် စစ်ကောင်စီရဲတပ်ဖွဲ့၏ ဆိုင်ကယ်ယာဉ်တန်းတစ်ခုအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ကြောင်း မြေအောက် ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက် ပြီး မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖို့ရဲ့ တာဝန်ရှိသူက “ ကျွန်တော်တို့ တိုက်ခိုက်ခဲ့တဲ့ မင်းလှ မြို့မရဲစခန်းမှ ထွက်လာတဲ့ ရဲတပ်ဖွဲ့တွေက ဆိုင်ကယ် ၄စီးဗျ တပ်အင်အားက ၈ယောက်ဖြစ်ပါတယ်  ကျွန်တော်တို့ဘက်က စောင့်ကြိုပြီးတော့ မိုင်းဆွဲတိုက်ခိုက်တာကြောင့် သူတို့က ကစဥ်က လျားထွက်ပြေးကြတယ် ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီရဲတပ်ဖွဲ့တွေဘက်က ၃ဦး ဒဏ်ရာရရှိထား တယ်”ဟု The Kaladan Post သို့ပြောဆိုသည်။ ဖြစ်စဉ်မှာ မင်းလှမြို့မရဲစခန်းမှ ကင်းလှည့်ရန်ထွက်ခွာလာသည့် ရဲတပ်ဖွဲ့၏ ဆိုင်ကယ်ယာဉ်တန်း အား တိုင်တရာဗလီနှင့် နေဠုန်ဝန်ဘုန်းကြီးကျောင်းကြားရှိ ရေကန်ဘေးလမ်းမပေါ်တွင် သာယာ ဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်း၍ စောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိအခိုက်မရှိဘဲ ဘေးကင်းလုံခြုံစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ မြေအောက်ပြောက်ကျားတပ်ဖွဲ့ (အုတ်ဖို) က ထုတ်ပြန်ချက်တွင် ပြည်သူများနှင့် တော်လှန်ရေး တပ်ဖွဲ့များကို ဒုက္ခပေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ပျူများနှင့် ၎င်းတို့၏ အုပ်ချုပ်ရေးထောက်တိုင်များအား ပြင်းပြင်းထန်ထန် ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့အပြင် ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏ အုပ်ချုပ် ရေးဆိုင်ရာ နေရာများအနီးတွင် သွားလာနေထိုင်ခြင်းများ လုံးဝမပြုလုပ်ရန် မြေအောက်ပြောက် ကျားတပ်ဖွဲ့က အသိပေးထားသည်။ ဤဖြစ်စဉ်သည် မင်းလှမြို့နယ်အတွင်း စစ်ကောင်စီ၏ လှုပ်ရှား မှုများကို တော်လှန်ရေးတပ်ဖွဲ့များက ဆက်လက်ထိန်းချုပ်ရန် ကြိုးပမ်းနေမှုတစ်ခုဖြစ်ပြီး၊ ဒေသခံ ပြည်သူများ၏ လုံခြုံရေးအတွက် သတိပေးချက်များကို လိုက်နာရန် လိုအပ်ကြောင်း...

Read More
en_USEnglish