ဒီဇင် (၁၁) သတင်းတိုပေါင်းချုပ်
ယာယီသမ္မတ ဒူဝါလရှီးလ အသံတိတ်သပိတ်ကို ဦးညွှတ်၊ လက်နက်အာဏာသာယာသူများ ရှိကြောင်း ဝန်ခံ ဒီဇင် ၁၁ The Kaladan Post အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ၂၀၂၅ ဒီဇင်ဘာ ၁၀ ရက်တွင် ကျရောက်သော အခမ်းအနားအစီအစဉ်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက စစ်အာဏာရှင်များ၏ ရက်စက်ကြမ်းကြုတ်မှုများကို လက်မခံနိုင်ကြောင်း ပြသသည့် အသံတိတ်သပိတ်တွင် ပါဝင်ဆင်နွှဲကြသည့် ပြည်သူများကို လေးစားစွာ ဦးညွှတ်ကြောင်း မိန့်ကြားသည်။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေသရွေ့ ပြည်သူများ၏ လူ့အခွင့်အရေးမှာ နေ့စဉ်ဆုံးရှုံးနေရဆဲဖြစ်ကြောင်း သမ္မတက ထည့်သွင်းပြောကြားခဲ့သည်။ တော်လှန်ရေး ငါးနှစ်နီးပါးကာလအတွင်း အာဏာ၊ လုပ်ပိုင်ခွင့်နှင့် လက်နက်ကိုင်စွဲထားမှုကြောင့် တချို့တွင် သာယာဝါဒ ပေါ်ပေါက်လာပြီး တော်လှန်ရေးကျင့်ဝတ်နှင့် စံနှုန်းများမှ လွဲချော်လာသည် ကို တွေ့ရှိရကြောင်း ယာယီသမ္မတက ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။ နွေဦးတော်လှန်ရေးသည် စစ်အုပ်စုပြုတ်ကျရေးသာမက ဖက်ဆစ်စစ်တပ်၏ အတွေးအခေါ်၊ အမှုအကျင့်အားလုံးကို အမြစ်ပြတ်ဖျက်သုဉ်းရေးအထိ ရည်မှန်းထားသည့် တော်လှန်ရေးဖြစ်သောကြောင့် ထိုအဆိပ် အတောက်များ ကူးစက်မခံရန် အထူးသတိထားရမည်ဟုလည်း တိုက်တွန်းမိန့်ကြားခဲ့သည်။ ကမ္ဘာ့ဘိန်းဖြူဈေးကွက်သစ်ကို မြန်မာဘိန်းက ထိုးဖောက်နေ၊ ကုလသမဂ္ဂ အစီရင်ခံစာ ထုတ်ပြန် ဒီဇင် ၁၁ The Kaladan Post ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုဆိုင်ရာရုံး (UNODC) ၏ နောက်ဆုံးအစီရင်ခံစာအရ မြန်မာနိုင်ငံသည် ကမ္ဘာ့အမှတ်(၁) ဘိန်းစိုက်ပျိုးထုတ်လုပ်သူ နေရာကို ဆက်လက်ဆုပ်ကိုင်ထားပြီး ယခုနှစ်တွင် ဘိန်းခင်းဧကပေါင်း ဟက်တာ ၅၃,၀၀၀ (ဧက...
Read More