Author: Salai

ပလက်ဝမြို့နယ်တွင် AA ၏ စစ်မှုထမ်းစာရင်းကောက်ယူမှုကြောင့် တချို့ပြည်သူများ ထွက်ပြေး

  The Kaladan Post ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် အာရခိုင့်တပ်တော်အေအေက အမျိုးသမီးများ အသက် ၁၈နှစ်အရွယ်မှ ၃၅နှစ်အထိနှင့် ယောကျ်ားလေး အသက် ၁၈နှစ်မှ ၄၅နှစ်အထိကို မဖြစ်အနေ စစ်မှူးထမ်းဆောင်ရန် စားရင်းများပြုစုနေကြောင်း ဒေသတွင်းသတင်းရင်းမြစ်က ပြောဆိုသည်။ အဆိုပါ အာရခိုင့်တပ်တော် ၏ စစ်မှုထမ်းစာရင်းကောက်ယူမှုကြောင့် စစ်မှုမထမ်းဆောင်လိုသူများ တချို့မှာ အိန္ဒယားနိုင်ငံ မီဇိုရမ်း ပြည်နယ်သို့ထွက်ပေးနေကြပြီးနှင့် တချို့မှာ အေအေထိန်းချုပ်ဒေသ မဟုတ်သော လွတ်မြောက်နယ် မြေများသို့ တိန်းရှောင်နေကြကြောင်း  သတင်းရင်းမြစ်က ဖော်ပြ သည်။ အဆိုပါဖြစ်စဥ်နှင့် ပတ်သက်ပြီး ပလက်ဝကောင်စီ တွဲဖက်အတွင်းရေးမှူး (ကာကွယ်ရေး တာဝန်ခံ) ဆလိုင်း လုကာ က “ပလက်ဝမြို့နယ် တစ်ခုလုံးရှိပြည်သူများအားလုံးကို စစ်မှုထမ်းရန် အာရခိုင့်တပ်တော်အေအေက စာရင်းကောက်ပြုစုနေတယ်ဆိုတာမှန်တယ် ပြီးတော့ ကျွန်တော်တို့ ထိန်းချုပ်နယ်မြေတွေကိုပါ စာရင်းကောက်ဖို့သူတို့ကြိုးစားနေကြတယ် ဒါကြောင့် ကျွန်တော်တို့က တားမြစ်လို့ သူတို့ထိန်းချုပ်နယ်မြေတွေကို စာရင်းကောက်နိုင်တယ် ဒါ့အပြင် ဒီလုပ်ရပ်ဟာ လုံးဝ မဖြစ်သင့်တဲ့ကိစ္စလို့မြင်တယ် ရခိုင်ပြည်နယ်မှာနေထိုင်သူတွေကို စစ်သားစုဆောင်းတာကျွန်တော် တို့ဘက်က အပစ်ပြောဆရာမရှိဘူး အခု အေအေလုပ်ရပ်ဟာ ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ချင်းလူမျိုးတွေကို စစ်သားစုဆောင်းတာဖြစ်နေပါတယ် ဒါဟာမဖြစ်သင့်ပါဘူးဟု  “ The Kaladan Post သို့ ပြောဆိုသည်။ ပလက်ဝမြို့နယ်သည် အရှေ့မှ အနောက်သို့ ၅၉.၂ မိုင်၊ တောင်မှမြောက်သို့ ၉၈.၄ မိုင်ရှိပြီး ၃၁၂၇.၀၄စတုရန်းမိုင် အကျယ်အဝန်း ရှိကာ လူဦးရေမှာ ၁၁၀၀၀၀ ကျော်ရှိကာ ရခိုင်တိုင်းရင်းသားများက ၁၉ ရာခိုင်နှုန်းခန့် နေတိုင်ကြသောမြို့ တစ်ခုဖြစ်သည်။ ပလက်ဝမြို့နယ် အာရခိုင့်တပ်တော် AAက  ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်မှ စတင်ပြီး ထိုးစစ်ဆင်ကာ နှစ်လကျော် ကြာတိုက်ခိုက်ခဲ့ပြီး၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်တွင် စစ်ကောင်စီစခန်းအားလုံး သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ပလက်ဝမြို့ တခုလုံးကို AA က...

Read More

ဒီဇင် (၁၃) သတင်းတိုပေါင်းချုပ်

အိန္ဒိယအစိုးရနှင့် လွှတ်တော်သို့ မြန်မာပြည်သူများ အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆို   ဒီဇင် ၁၃ The Kaladan Post ဒီဇင်ဘာ ၁၃ ရက်နေ့တွင် မြန်မာပြည်သူလူထုကိုယ်စား အရပ်ဘက်အဖွဲ့အစည်း (၁၁၃) ဖွဲ့နှင့် တသီးပုဂ္ဂလ (၂၉) ဦးတို့က အိန္ဒိယနိုင်ငံ အစိုးရနှင့် လွှတ်တော်သို့ ယနေ့ အိတ်ဖွင့်ပေးစာတစ်စောင် တရားဝင်ပေးပို့ခဲ့သည်။ အကြမ်းဖက်စစ်အုပ်စုက တရားမဝင် ကျင်းပရန် ပြင်ဆင်နေသည့် အတုအယောင်ရွေးကောက်ပွဲကို အိန္ဒိယနိုင်ငံက လက်ခံ အသိအမှတ်မပြုရန်နှင့် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးကိုယ်စားလှယ်များ လုံးဝမစေလွှတ်ရန် အဓိက တောင်းဆိုထားသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် စစ်မှန်သော နိုင်ငံရေးတည်ငြိမ်မှုနှင့် ဒီမိုကရေစီစနစ် ပြန်လည်ရရှိရေး အတွက် လက်တွေ့ကျပြီး ထိရောက်သော အကူအညီများသာ ပံ့ပိုးပေးရန် ပေးစာတွင် ထည့်သွင်း တောင်းဆိုထားသည်။ အိတ်ဖွင့်ပေးစာကို နိုင်ငံတဝန်း တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် နာမည်ကြီး တက်ကြွလှုပ်ရှားသူများ ပါဝင်လက်မှတ်ရေးထိုး ထောက်ခံ ထားခြင်းဖြစ်ရာ စစ်အာဏာသိမ်းမှု (၅) နှစ်ပြည့်ခါနီးတွင် ပြည်သူလူထု၏ တညီတညွတ်တည်း ဆန္ဒသံတစ်ခု ထပ်မံကျယ်လောင်လာခဲ့ခြင်းဖြစ်သည်။ ရေဖြူမြို့ အပြီးသတ်သိမ်း- PDF တပ်များ ဌာနဆိုင်ရာရုံးအားလုံး၊ မဲပေးစက်များ မီးရှို့ရှင်းလင်း   ဒီဇင် ၁၃ The Kaladan Post ရေဖြူမြို့ပေါ်ရှိ ရဲစခန်း၊ ထွေ/အုပ်ရုံး၊ လဝကရုံးအပါအဝင် ဌာနဆိုင်ရာရုံးအားလုံးကို ဒီဇင်ဘာ ၁၂ ရက် နံနက် ၇ နာရီခန့်က စတင်၍ PDF တပ်ဖွဲ့များက အလျင်အမြန်...

Read More

ဒီဇင် (၁၂) သတင်းတိုပေါင်းချုပ်

ဒေါ်ဇင်မာအောင် ကိုရီးယားလွှတ်တော်တွင် စစ်ကောင်စီ အတုအယောင် ရွေးကောက်ပွဲ ပြင်းပြင်းထန်ထန် ရှုတ်ချတောင်းဆို   ဒီဇင် ၁၂ The Kaladan Post အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဒီဇင်ဘာ ၁၁ ရက်တွင် တောင်ကိုရီးယား အမျိုးသားလွှတ်တော်၌ လွှတ်တော်အမတ်များနှင့် တွေ့ဆုံစဉ် မြန်မာစစ်တပ်၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာက ပြစ်တင်ရှုတ်ချရန်နှင့် တောင်ကိုရီးယားနရောက် မြန်မာနိုင်ငံသားများအတွက် လူသားချင်းစာနာသော နေထိုင်ခွင့်ဗီဇာများ ဆက်လက်ထုတ်ပေးရန် ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်သည်။ “စစ်အုပ်စု၏ ရွေးကောက်ပွဲသည် မြန်မာပြည်တွင် အပြောင်းအလဲ ယူဆောင်လာနိုင်မည် မဟုတ်ဘဲ စစ်အုပ်ချုပ်ရေးကို သက်ဆိုးရှည်စေရုံသာ ဖြစ်သည်” ဟု ၎င်းက အလေးအနက်ထား ပြောကြားခဲ့သည်။ တွေ့ဆုံပွဲသို့ ကိုရီးယား ဒီမိုကရက်တစ်ပါတီ၊ ပြန်လည်ထူထောင်ရေးပါတီ၊ အခြေခံဝင်ငွေပါတီ၊ ဆိုရှယ်ဒီမိုကရက်ပါတီတို့မှ လွှတ်တော်အမတ် ၁၀ ဦးခန့် တက်ရောက်ခဲ့ကြပြီး မြန်မာပြည်သူများ၏ ဒီမိုကရေစီတိုက်ပွဲကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အထူးသဖြင့် ဒီမိုကရက်တစ်ပါတီအမတ် အီယုန်ဆောန်က “ကိုရီးယားလည်း ပြီးခဲ့သည့်နှစ်က အာဏာသိမ်းမှုကို ပြည်သူနှင့်လွှတ်တော်စွမ်းအားဖြင့် နှိမ်နင်းနိုင်ခဲ့သလို မြန်မာပြည်သူများ၏ ဆက်လက်တိုက်ပွဲကို ဂုဏ်ယူမိသည်” ဟု ပြောဆိုခဲ့သည်။ ထွန်းထွန်းနောင် ကျားဖြန့်လိမ်လည်မှုကို “ကွင်းဆက်စီးပွားရေး” ဟု ခေါ်ပြီး စစ်တပ်တာဝန်လွှတ်   ဒီဇင် ၁၂ The Kaladan Post အကြမ်းဖက်စစ်တပ်ခန့် ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က မြန်မာနိုင်ငံအတွင်း ကျားဖြန့်အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများကို “ကွင်းဆက်စီးပွားရေးလုပ်ငန်းများ” အဖြစ်သာ ရှုမြင်ရမည်ဟု ဒီဇင်ဘာ ၁၁...

Read More

ဖလမ်းမြို့သို့ ထိုးစစ်ဆင်သောစစ်တပ်ကို ချင်းတော်လှန်ရေးတပ်ပေါင်းစုမှ တိုက်ခိုက်ရာ စစ်သား ၂၀ ခန့် သေဆုံးပြီး လက်နက် ၃၀ နှင့် သုံ့ပန်းများဖမ်းမိ

ဒီဇင် ၁၂ Kaladan Post ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ ဒီဇင်ဘာ ၁၁ ရက် နံနက် ၁၀ နာရီမှစတင်၍ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသော အကြမ်းဖက်စစ်တပ်ကို ချင်းတော်လှန်ရေးတပ်ပေါင်းစု (CB၊ CC ပူးပေါင်း) က အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ အနည်းဆုံး အရာရှိ၊ စစ်သား ၂၀ ခန့် သေဆုံးခဲ့ပြီး၊ လက်နက်ခဲယမ်းများ (လက်နက် ၃၀ ခန့်အပါအဝင်) နှင့် စစ်သုံ့ပန်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ချင်းတော်လှန်ရေးဘက်မှ သတင်းရင်းမြစ်များက ယနေ့ အတည်ပြုပြောဆို သည်။ အဆိုပါစစ်ကြောင်းသည် စစ်တပ်ဘက်မှ အထိနာသဖြင့် တစ်နေ့လုံး တိုက်လေယာဉ်များဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သော်လည်း ချင်းတော်လှန်ရေးတပ်ပေါင်းစုဘက်တွင် ကျဆုံးသူ မရှိဘဲ အောင်ပွဲရရှိခဲ့ ကြောင်း သိရသည်။ စစ်တပ်သည် မြေပြင်တပ်များအပြင် လက်နက်ကြီး၊ ဒရုန်းနှင့် လေကြောင်းပစ်ကူ များဖြင့် အင်အားအလုံးအရင်းအသုံးပြု၍ ဖလမ်းအပါအဝင် ချင်းပြည်နယ်အတွင်း စစ်ကြောင်းများ ခွဲကာ ထိုးစစ်ဆင်လျက်ရှိနေသည်။ ဒီဖြစ်စဥ်နှင့်ပတ်သက်ပြီး ဟားခါးမြို့တွင်းနေထိုင်သူတစ်ဦးက “ဒီအောင်မြင်မှုကိုရရှိတယ်ဆိုတာထက် ကျွန်တော်အနေဖြင့် ဝမ်းသာမိတာက CB၊ CC စု ပေါင်းပြီး တိုက်ခိုက်တယ်ဆိုပါ ဒီလိုအောင်မြင်မှုက စုပေါင်းအားဆိုတဲ့အဓိပ္ပာယ်ကို သတ်သေပြလိုက်တာပါ ဒီ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းဟာ တစ်ရက်ထက်တစ်ရက်အရှိန်မြင့်လာတယ် အဲ့ဒါကြောင့် ကျွန်တော်တို့ ချင်းပြည်တစ်စုတစည်းတည်း ပေါင်းစည်းနိုင်ရေးကို တော်လှန်ခေါင်းဆောင်များအနေ ဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးစေပါတယ်ဟု “ The Kaladan Post သို့ မှတ်ချက်ပြုပါသည်။ ထို့အပြင် လွန်ခဲ့တဲ့နိုဝင်ဘာလကလည်း ချင်းပြည်သို့ စစ်ကြောင်းထိုး စစ်ကောင်စီတပ်ကု ချင်းတော်လှန်ရေး ပူးပေါင်းတပ်များနှင့် ကလေးနယ်အခြေစိုက်တော်လှန်ရေးတပ်များပူးပေါင်းကာ စစ်တပ်ဗိုလ်မှူးနှင့် ဗိုလ်ကြီး အဆင့် အရာရှိများ အပါအဝင် ရန်သူအင်အား ၁၀၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ပြီး စစ်သုံ့ပန်းတချို့ ဖမ်းဆီးရမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း ချင်းပြည်(Chinland)အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက...

Read More

Myanmar Silent Strike on December 10: Leader Interview.

International organizations and governments, including India, must not disregard the will of the Myanmar people, who have demonstrated through Silent Strikes to demand: the release of all political prisoners, including Daw Aung San Suu Kyi; the rejection of the sham election prepared by the military regime; and the abolition of its illegal conscription law.

Read More
en_USEnglish