Author: Salai

လောက်တူဒေသတွင် ဘာသာရေးဆိုင်ရာ စည်းမျဉ်းထုတ်ပြန်ချက်အပေါ် မကျေနပ်မှုတချို့ရှိ

  ——————————————————————————————— ဩဂုတ် ၂၅ The Kaladan Post လောက်တူဒေသအတွင်း အများပြည်သူအတွက် ဘာသာရေးလွတ်လပ်ခွင့်မရှိဟူသော သတင်းသည် ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၂၂ ရက်နေ့တွင် ဒေသတွင်းသတင်းမီဒီယာများ၌ လောက်တူဒေသရှိ အသင်းတော်အသီးသီးထံ ပေးပို့သော စာနှင့်တကွ ပြန့်နှံ့ခဲ့သည်။ ထိုစာတွင် “ဘာသာရေးဆိုင်ရာ ပွဲတော်/သင်တန်း ကျင်းပလိုပါက ခွင့်ပြုချက်ရယူရန်နှင့် ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးရုံးသို့ ခွင့်ပြုမိန့်ယူပြီးမှသာလျှင် ဆောင်ရွက်ခွင့်ပြုစေရန်” ဆိုသည့် အချက်တို့ပါရှိသည်။ အဆိုပါ စာပြန့်နှံ့ခြင်းနှင့် ပတ်သက်ပြီး လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးမှူးက “ဒီစာက တကယ်တော့ အထူးဆန်းကြီး မဟုတ်ပါဘူး။ တော်လှန်ရေး စလာကတည်းကနေ ဒီလိုပဲ မည်သည့်အသင်းအဖွဲ့၊ ဘာသာရေးအဖွဲ့နဲ့မဆို ပြည်သူ တစ်ရပ်လုံးက ပူးပေါင်းပြီး လုပ်ကြတာ ဖြစ်ပါတယ်။ ဒီလိုလုပ်တာကလည်း ဘာသာရေးအတွက် သီးသန့်လုပ်တာ မဟုတ်ပါဘူး။ အထူးကိစ္စရပ်များဖြင့် လူစုလူဝေးလုပ်ဖို့လိုအပ်တဲ့ ကဏ္ဍအသီးသီးနဲ့ ဆိုင်ရင်အားလုံး သတင်းပို့၊ ခွင့်ပြုချက်ယူကြဖို့ ကျွန်တော်တို့ ဆောင်ရွက်စေတဲ့ သဘောဖြစ်ပါတယ်။ အခုချိန်မှာ ရန်သူစကစမှ လွတ်မြောက်နယ်မြေထဲက လူစုလူဝေးမှန်သမျှကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု မကြာခဏရှိတာကြောင့် ကျွန်တော်တို့ဖက်က လိုအပ်တဲ့ကိစ္စရပ်များကို ပြန်ပြီး ကူညီပံ့ပိုးပေးနိုင်ဖို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။ အခုစာက စနစ်တကျမှတ်တမ်းတင်နိုင်အောင် ပုံစံလေးထုတ်ပြီး ထပ်မံနှိုးဆော်ပေးတာပဲဖြစ်ပြီးတော့ ဘာသာရေးလွတ်လပ်ခွင့် ဖိနှိပ်တာမျိုးမဟုတ်ဘဲ လိုအပ်သော လုံခြုံရေးသတိပြု ပူးပေါင်းနိုင်ဖို့သာဖြစ်ကြောင်း” The Kaladan Post သို့ ပြောဆိုသည်။ ထို့အပြင် လောက်တူဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လုပ်နေတဲ့လုပ်ငန်းစဉ်အဝဝသည် မည်သောအခါမှ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်တာတွေ၊ လှည့်စားဖျားယောင်းတာတွေ၊ ပြီးတော့မဟုတ်မမှန် အယုံသွင်းတာမျိုးကို ဘယ်တော့မှ လုပ်မှာမဟုတ်ကြောင်းနှင့် လက်ရှိအချိန်တွင် ချင်းနိုင်ငံရေး အင်အားစုများအကြား အထူးသဖြင့် အမြင်မတူသော အင်အားစုများအကြား သက်ဆိုင်ရာလော်ဘီများ၏ အပြင်းအထန် ထိုးနှက်မှုများသာဖြစ်ပြီး အခုစာကိစ္စမျိုးသည် မြေပြင်တွင် လုံခြုံရေးသတိပြုနိုင်ဖို့ရန် တာဝန်ရှိသူများမှ ဆောင်ရွက်နေကြကြောင်း ၎င်းကဆက်ပြောသည်။ ယခုစာကိစ္စနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက “တချို့သောလှည့်လည်တရားဟောဆရာများက မြေပြင်မှာရှိပြီးသား အသင်းတော်များအား ဖြိုခွဲကာ အသင်းတော်အသစ်ထောင်ရန် လုပ်ဆောင်မှုမျိုး မကြာခဏရှိပြီး ဘာသာရေး အသင်းကွဲများကြားမှာ မကြာခဏ ပြဿနာရှိတယ်။ ဒီလိုကိစ္စရပ်မျိုးကြောင့် ရပ်ရွာအတွင်း စည်းလုံးမှု ပျက်ပြားမှုများစွာ ဖြစ်စေတဲ့အတွက် အခုကို စာထုတ်ပြန်ခြင်းမျိုး ဖြစ်နိုင်ကြောင်း The Kaladan Post သို့ သုံးသပ်ပြောဆိုသည်။ မြေပြင်ဘာသာရေးအခြေအနေနှင့် ပတ်သက်ပြီး လောက်တူပြည်သူ့အုပ်ချုပ်ရေးမှူးမှ “အသင်းတော်အသစ်ထူထောင်ရန် လိုက်လံချဉ်းကပ်နေတာတွေရှိနေပါတယ်။ ဒါက ကိုးကွယ်ယုံကြည်မှုနှင့် တစ်သီးပုဂ္ဂလတစ်ဦးစီ၏ အမျော်အမြင်အရ ရွေးချယ်တာလား ဆိုတာမျိုးက ကျွန်တော်မသိနိုင်ပေမယ့် ကိုယ်ပိုင်လွတ်လပ်မှုအရ ရွေးချယ်တာမျိုးမဟုတ်ဘဲ သွေးဆောင်ဖျားယောင်း တာမျိုးကြောင့်မျိုးဟု မကြာခဏ တိုင်တန်းမှုရှိပါတယ်။ ဒီတော့ ဒီလိုကိစ္စရပ်များကို လောက်တူပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြဿနာပိုမကြီးထွားအောင် ကိုင်တွယ်ပေးနေရတာ ရှိပါတယ်။ ဒါပေမယ့် စာကိစ္စကတော့ လုံခြုံရေးရှုထောင့်ကနေ ထုတ်ပြန်ချက်မျိုးဖြစ်တယ်။ ဒီတော့ အကြောင်းအမျိုးမျိုးကြောင့် အသင်းတော်အသစ် ထူထောင်တာပဲဖြစ်ဖြစ်၊ ခွဲထွက်ပဲဖြစ်ဖြစ် မည်သည့်ပြဿနာ တစ်စုံတစ်ရာမျှ ရပ်ရွာအတွင်း မဖြစ်စေဘဲ ကောင်းမွန်စွာ Blessing ပေးပြီး ဆောင်ရွက်တာမျိုး ဖြစ်သင့်ပါတယ်” ဟု လောက်တူပြည်သူ့အုပ်ချုပ်ရေးမှူးက...

Read More

“ကျောင်းသားသမဂ္ဂတွေဦးဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေး ဦးတည်ချက်ကဘာလဲ” Exclusive Interview/ Episode-011

“ကျောင်းသားသမဂ္ဂတွေဦးဆောင်တဲ့ လက်နက်ကိုင်တော်လှန်ရေး ဦးတည်ချက်ကဘာလဲ” Exclusive Interview/ Episode-011

Read More

အင်အား ၃၀၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ဦးသေဆုံးကာ ၈ဦး ဒဏ်ရာပြင်းထန်ရရှိ

————————————————————————– ဩဂုတ် ၂၆ The Kaladan Post မြင်းခြံမြို့မှ စစ်ကြောင်းထိုးလာသော စစ်ကောင်စီစစ်သားများနှင့် ပျူစောထီးများ ဦးဆောင်သော စစ်ကြောင်းသည် ရက်ပေါင်း၂၀အကြာတွင် ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၁၈ရက်နေ့တွင် မာန်လည်ရွာကို စစ်ကြောင်းထိုးလာခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့တွင် တော်လှန်ရေးတပ်ဖွဲ့များက ပူး ပေါင်းတိုက်ခိုက်ခဲ့ကြောင်း နွားထိုးကြီးမြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့၏ထုတ်ပြန်ချက် အရ သိရသည်။ အဆိုပါထုတ်ပြန် ချက်နှင်ပတ်သက်ပြီး နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက “ ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းသည် တပ်အင်အား ၃၀၀ ခန့်နဲ့ စစ်ကြောင်းထိုးတာဖြစ်ပါတယ်ခင်ဗျ လောလောဆယ် ကျွန်တော်တို့နယ် အတွင်းမှာ စစ်ကြောင်းထိုး တာမရှိတော့ပါဘူး ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့စစ်ကြောင်းလည်း ပြန်ဆုတ်သွားပါပြီလို့ “ The Kaladan Post သို့ပြောဆိုသည်။ အဆိုပါတိုက်ခိုက်မှုသည် မနက် ၁၁ နာရီကနေ ညနေ ၅း၃၀ထိ တိုက်ခိုက်ခဲ့ကြရာ တိုက်ပွဲအတွင်းစစ်ကောင်စီဖက်မှ ၁၀ယောက်သေဆုံး ခဲ့ပြီး ၈ယောက်ခန့် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ပြည်သူ့တော်လှန်ရေးတပ်ဖွဲ့ဖက်မှ ထိခိုက်မှုမရှိ ကြောင်းသိရသည်။ ထို့အပြင် MA 11နှစ်လက်၊ Drone Shooter တစ်လက် ၊ ငါးကြင်းမြီးပြောင်း တစ်ချောင်း၊ လက်ပစ် ဗုံး သုံးလုံး ၊ Starlink တစ်လုံး၊ ငွေသားအချို့၊ ကျည်ဘောက် နှစ်ခုနှင့်အတူ ကျည်အချို့ကိုပါ တော်လှန်‌ရေးတပ်ဖွဲ့ဖက်မှ သိမ်းဆည်းရမိခဲ့သည်။ အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များသည် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ရွာပေါင်း ၂၀ကျော်ကို စစ်ကြောင်းထိုးလာစဥ် မီးရှို့လာခဲ့တဲ့ စစ်ကြောင်းဖြစ်ပါသည်။ ထိုအပြင် ၎င်းစစ်ကြောင်းတစ်လျှောက်တွင် ပြည်သူတွေကိုဖမ်းစီးနှိပ်စပ်မှုများကျုးလွန်သည့်အပြင် အပြစ်မဲ့ပြည်သူ (၆)ဦးကိုပါသတ်ဖြတ်ခဲ့ကြောင်းသိရသည်။ အဆိုပါတိုက်ခိုက်မှုကို နွားထိုးကြီး မြို့နယ် ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ပ.က.ဖ)နှင့် အတူ မြင်းခြံခရိုင် တပ်ရင်းတပ်ဖွဲ့များက ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ၎င်းစစ်ကောင်စီစစ်ကြောင်းသည် အထိနာသဖြင့် မြင်းခြံဘက်သို့ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်ပါသည်။ ပြည်သူတွေအနေဖြင့် တော်လှန်ရေးအသိ၊ တော်လှန်ရေးသတိနဲ့ အထူးသတိပြုရန်လိုအပ်ပြီး စစ်ကောင်စီစစ်ကြောင်းသည် တွေ့သမျှကို မရှောင်ဘဲ သတ်ဖြတ်တတ်သောကြောင့် စစ်ကြောင်းသတင်းရရှိပါက သတိထားပြီး အမြန်ဆုံးရှောင်ကြရန်နှင့် လေကြောင်းကိုလည်းအမြဲသထိထားကြဖို့ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံက...

Read More

ဩဂုတ် (၂၅) သတင်းတိုပေါင်းချုပ်

မြစ်ကြီးနားတွင် လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် ကျောင်းသူတစ်ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ ဩဂုတ် ၂၅ The Kaladan Post ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ပစ်ခတ်သော လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၁၃ နှစ်အရွယ် ၅ တန်းကျောင်းသူ မယုသဉ္ဇာခိုင် သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယခုဖြစ်ရပ်သည် ဩဂုတ်လ ၂၄ ရက် ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် ရမ်ပူရပ်ကွက်၊ အပိုင်း ၁၂ တွင် ဖြစ်ပွားခဲ့သည်။ လက်နက်ကြီးကျည်သည် ဦးပိန်တံတားအနီး ကိုနိုင်စိုး၏ နေအိမ်ရှေ့တွင် ပေါက်ကွဲခဲ့သည်။ မယုသဉ္ဇာခိုင်သည် စာကျက်နေစဉ် လက်နက်ကြီးအစထိမှန်ကာ ရင်ဘတ်ပေါက်ပြဲဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံးခဲ့သည်။ ဒဏ်ရာရသူများမှာ အသက် ၂၀ နှစ်အရွယ် မဇင်မင်းနှင့် အသက် ၆၅ နှစ်အရွယ် ဒေါ်ငွေတို့ ဖြစ်ပြီး ၎င်းတို့သည် လက်နက်ကြီးအစထိမှန်ကာ ဒဏ်ရာများ ရရှိခဲ့သည်။ ပေါက်ကွဲမှုကြောင့် နေအိမ်များ၊ ဆိုင်ကယ်နှင့် အဖိုးတန်ပစ္စည်းများ ပျက်စီးခဲ့ကြောင်း သိရသည်။ ဒေသခံတစ်ဦးက လက်နက်ကြီးကျည်သည် လမ်းကြောင်းလွဲချော်ပြီး ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။ မြစ်ကြီးနားမြို့ပေါ်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ၀ိုင်းမောဘက်သို့ မကြာခဏ ပစ်ခတ်လေ့ရှိကြောင်း ဒေသခံများက ဆိုသည်။ ဂုတ်ထိပ်တံတားကို စစ်တပ်က ဒရုန်းဖြင့် ဖျက်ဆီးပြီး TNLA နှင့် PDF ကို အပြစ်ပုံချ ဩဂုတ် ၂၅ The Kaladan...

Read More

ဩဂုတ် (၂၄) သတင်းတိုပေါင်းချုပ်

ချောက်မြို့ အနော်ရထာတံတားဂိတ်တွင် ဗိုလ်မှူးရဲသွေးထွန်း၏ ဆက်ကြေးတောင်းခံမှု ဩဂုတ် ၂၄ The Kaladan Post မကွေးတိုင်း၊ ချောက်မြို့၊ အနော်ရထာတံတားဂိတ်တွင် တာဝန်ကျဗိုလ်မှူး ရဲသွေးထွန်းက တံတားပေါ်ဖြတ်သန်းသည့် ကုန်တင်ကားများ၊ ဆီကားများနှင့် ခရီးသည်တင်ကားများထံမှ ကားတစ်စီးလျှင် ငွေကျပ် ၃ သိန်းအထိ ဆက်ကြေးတောင်းခံနေကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။ ထို့ပြင် အိမ်စီးကားများနှင့် ဆိုင်ကယ်များကိုလည်း အကြောင်းအမျိုးမျိုးပြ စစ်ဆေးပြီး ငွေညှစ်မှုများ ပြုလုပ်နေသည်။ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးကာ စစ်မှုထမ်းအဖြစ် လူစားထိုးရောင်းစားမှုများလည်း ရှိနေသည်။ တံတားအောက်မှ ဖြတ်သန်းသည့် စက်လှေနှင့် သင်္ဘောများထံမှလည်း ကုန်မပါလျှင် ၁ သိန်း၊ ကုန်ပါလျှင် ၅ သိန်း ကောက်ခံသည်။ ဗိုလ်မှူးရဲသွေးထွန်းနှင့်အဖွဲ့သည် တရားမဝင်ကုန်စည်းများ ဖြတ်သန်းခွင့်အတွက် လိုင်းကြေးရယူပြီး လိုင်စင်မဲ့ကားများကို မိတ္တီလာမှ ဆိပ်ဖြူအထိ တစ်စီးလျှင် ငွေကျပ် ၃၀ သိန်းဖြင့် သယ်ယူပို့ဆောင်ပေးနေသည်။ အကြမ်းဖက်စစ်တပ်၏ တင်းကျပ်သော စစ်ဆေးရေးမူဝါဒသည် ဗိုလ်မှူးအတွက် ငွေရှာပေါက်ဖြစ်လျက်ရှိသည်။ ဤလုပ်ရပ်များသည် ဒေသခံများနှင့် ခရီးသည်တင်ကုန်ကားအသိုင်းအဝိုင်းအပေါ် သက်ရောက်မှုများရှိနေကြောင်း သတင်းရင်းမြစ်များက ပြောဆိုသည်။   ကျောက်မဲနှင့် မိုင်းငေါ့တွင် စစ်တပ်လေကြောင်းဗုံးကြဲမှုကြောင့် ပြည်သူများ သေဆုံးပြီး ပျက်စီးမှုများ ဖြစ်ပေါ် ဩဂုတ် ၂၄ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA ထိန်းချုပ်ထားသော ကျောက်မဲနှင့် မိုင်းငေါ့မြို့နယ်များတွင် စစ်တပ်၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူတချို့ သေဆုံးခဲ့ကြောင်း TNLA ၏ ထုတ်ပြန်ချက်နှင့်...

Read More
en_USEnglish