အောက်တို (၂၁) သတင်းတိုပေါင်းချုပ်
မိုင်းငေါ့မြို့တွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး နေအိမ်နှင့်ဆိုင်ခန်း ၁၅ ပျက်စီး အောက်တို ၂၁ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် စစ်ကောင်စီက အောက်တိုဘာ ၂၀ ရက် ညပိုင်းက ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးဖြင့် မြို့မဈေးအနီးကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုး သား ၁ ဦးနှင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် နေအိမ် ၁၀ လုံးနှင့် ဆိုင်ခန်း ၅ ခန်း ထိမှန်ပျက်စီးခဲ့သည်။ အောက်တိုဘာ ၁ ရက်မှ ၁၈ ရက်အတွင်း စစ်ကောင်စီ ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုင်းငေါ့အပါအဝင် မန်တုံ၊ ကျောက်မဲ၊ သီပေါ၊ မိုင်းလုံ၊ နမ့်ဆန် ၊ နမ့်တူ၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်များတွင် စုစုပေါင်း ၂၈ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ သည်။ ဤ တိုက်ခိုက်မှုများကြောင့် သံဃာတော် ၂ ပါး၊ ကလေး ၈ ဦး၊ အမျိုးသား ၁၂ ဦးနှင့် အမျိုးသမီး ၁၉ ဦး သေဆုံးခဲ့ပြီး၊ ကလေး ၁၁ ဦး၊ အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၇ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့ပြင် နေအိမ်...
Read More