Author: Salai

အောက်တို (၁၆) သတင်းတိုပေါင်းချုပ်

မြင်းခြံတွင် ပျူစောထီးစစ်ကြောင်းတိုက်ခိုက်ခံရပြီး ၁၅ ဦးထက်မနည်း သေဆုံး အောက်တို ၁၆ The Kaladan Post မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာကြီးရွာ-ညောင်ပင်ရွာလမ်းပိုင်းတွင် သီတာယုမွန်ပျူစောထီးအဖွဲ့ က ကျေးရွာများကို မီးရှို့စီးနင်းနေစဉ် အောက်တိုဘာ ၁၀ ရက်က တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။ ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့ ဦးဆောင်ပြီး MGN Danger Dynamite နှင့် မြင်းခြံပကဖတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားနှင့် ပျူစောထီး ၁၅ ဦး ထက်မနည်း သေဆုံးခဲ့သည်။ တော်လှန်ရေးတပ်ဖွဲ့များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ပြည်သူ့ကြယ်တစ်ပွင့်တပ်ဖွဲ့မှ ဗိုလ်မိုက်ခဲက ပြောဆိုသည်။ ဤတိုက်ခိုက်မှုသည် ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးနေသည့် စစ်ကြောင်းကို ထိရောက်စွာ တုံ့ပြန်နိုင်ခဲ့ခြင်းဖြစ်သည်။ စစ်တပ်ပြောခွင့်ရ ဇော်မင်းထွန်းက NCA စာချုပ်ဆက်လက်တည်ရှိမည်ဟု ပြောဆို အောက်တို ၁၆ The Kaladan Post အကြမ်းဖက်စစ်တပ်၏ ပြောခွင့်ရ ဇော်မင်းထွန်းက NCA စာချုပ်သည် နိုင်ငံတကာအသိအမှတ် ပြုထားသည့် စာချုပ်ဖြစ်ပြီး၊ လက်မှတ်ထိုးထားသော အဖွဲ့များရှိနေသမျှ ဆက်လက်တည်ရှိမည်ဟု ပြောကြားသည်။ ၎င်းက NCA သည် စက္ကူစုတ်မဟုတ်ဘဲ ငြိမ်းချမ်းရေးသာမက နိုင်ငံတည်ဆောက် ရေးအတွက် အရေးပါသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း ဆိုသည်။ စာချုပ်လက်မှတ်ထိုးထားသည့် EAO အဖွဲ့များ၏ သဘောတူညီမှုဖြင့် ဆောင်ရွက်ခဲ့ပြီး လုပ်ငန်းစဉ်သည် ဆက်လက်လုပ်ဆောင် သွားမည်ဟု ယမန်နေ့အောက်တိုဘာ ၁၅ရက်နေ့က NCA ၁၀ နှစ်ပြည့်အခမ်းအနားအပြီး စစ်တပ် လက်အောက်ခံ ဝါဒဖြန့် မီဒီယာများသို့ ၎င်းက...

Read More

အောက်တို (၁၅) သတင်းတိုပေါင်းချုပ်

KNU ခေါင်းဆောင်ဟောင်းအချို့ NCA ဆယ်နှစ်ပြည့်ပွဲတက်ရောက်မှု အဖွဲ့ကိုယ်စားမပြုဟု KNU ရှင်းလင်း အောက်တို ၁၅ The Kaladan Post နေပြည်တော်တွင် ယနေ့မှစတင်ကျင်းပသော စစ်အုပ်စုဦးစီးပြုလုပ်သည့် တစ်နိုင်ငံလုံးအပစ်ခတ် ရပ်စဲရေးစာချုပ် (NCA) ဆယ်နှစ်ပြည့်ပွဲသို့ ကေအဲန်ယူ (KNU) ခေါင်းဆောင်ဟောင်းအချို့ တက် ရောက်နေသော်လည်း ၎င်းတို့သည် KNU ကိုယ်စားမပြုကြောင်း KNU ပြောခွင့်ရပဒိုစောတောနီး က ကေအိုင်စီနှင့် သီးသန့် အင်တာဗျူးတွင် ယခုလို ရှင်းလင်းပြောကြားသည်။ ယခင် KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ဒူးပလာယာခရိုင်ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းအပါအဝင် ခေါင်းဆောင်ဟောင်း များသည် လက်ရှိတွင် KNU ၌ တာဝန်မရှိတော့ဘဲ သာမန်အဖွဲ့ဝင်များအဖြစ်သာ ရှိသည်ဟု ၎င်းက ဆိုသည်။သို့သော် ၎င်းတို့အနေဖြင့် အဖွဲ့၏စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်တာဝန်ရှိကြောင်း ပြောကြားသည်။ KNU သည် NCA သည် အသုံးမဝင်တော့ကြောင်း၊ စစ်အုပ်စုအနေဖြင့် နိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်မှုမရှိမှသာ ဆွေးနွေးမှုဖြစ်နိုင်မည်ဟု မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် အတူ ထုတ်ဖော်ပြောဆိုထားသည်။ ယခုပွဲသို့ DKBA၊ NMSP၊ PC နှင့် ALP အဖွဲ့မှ ကိုယ်စား လှယ်အချို့လည်း တက်ရောက်နေကြကြောင်းသိရသည်။ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဝင် တစ်ဦးက ၎င်းတို့၏တက်ရောက်မှုကို အဖွဲ့အတွင်း ပြန်လည်သုံးသပ်ဆွေးနွေးမည်ဟု ပြောကြား ည်။ အခမ်းအနားသည် အောက်တိုဘာ ၁၇ ရက်အထိ ဆက်လက်ကျင်းပမည်ဖြစ်သည်။ စစ်တပ်၏ လူထုပစ်မှတ်ထား ဗုံးကျဲတိုက်ခိုက်မှုများ ပြင်းထန်လာနိုင်သဖြင့် သတိပြုနေထိုင်ရန် TLC...

Read More

အောက်တို (၁၄) သတင်းတိုပေါင်းချုပ်

နတ်ရေကန်တောင်ကမ္ဘာလုံးစခန်းအား AA တပ်ဖွဲ့က သိမ်းပိုက်၊ တိုက်ပွဲများ ဆက်လက်ပြင်းထန် အောက်တို ၁၄ The Kaladan Post မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်ရှိ နတ်ရေကန်တောင်ကမ္ဘာလုံးစခန်းကို အာရက္ခ တပ်တော် (AA) နှင့် မဟာမိတ်တပ်ဖွဲ့များက အောက်တိုဘာ ၁၀ ရက်တွင် သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးခဲ့ကြောင်း သတင်းရရှိသည်။ AA တပ်ဖွဲ့ဝင်များက စခန်းသိမ်းပိုက်မှုကို အနီးကပ်ရိုက်ကူးထားသည့် ရုပ်သံဖိုင်များ လူမှုကွန်ယက်တွင် အောက်တိုဘာ ၁၀ရက်နေ့က ပျံ့နှံ့ခဲ့သည်။ အဆိုပါရုပ်သံဖိုင်ဟာ တောင်ကမ္ဘာလုံးစခန်းတိုက်ခိုက် သိမ်းပိုက်နေချိန် တွင် အာရက္ခ တပ်တော် (AA) တပ်ဖွဲ့ဝင်တွေက အနီးကပ်ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်ဖြစ်ကြောင်း သိရသည်။ စစ်ကောင်စီတပ်သည် နတ်ရေကန်တောင်ခြေရှိ ကျေးရွာများကို နေ့စဉ်ဗုံးကြဲ တိုက်ခိုက်နေသဖြင့် ကျေးရွာများ မီးလောင်ပျက်စီးခဲ့ရသည်။ အောက်တိုဘာလ ပထမအပတ်တွင် ကမ္ဘာလုံးစခန်း၏ ကာကင်းစခန်းများအားလုံးကို AA နှင့် မဟာမိတ်တပ်များက သိမ်းပိုက်ခဲ့ပြီး၊ လက်ရှိတွင် အမ်း-ပဒါန်းလမ်းဟောင်းနှင့် လမ်းသစ်ကို ပိတ်ဆို့ထိန်းချုပ်ထားကာ စစ်ကောင်စီ၏ စစ်ကူနှင့် ထွက်ပြေးတပ်ဖွဲ့များကို ဆက်လက်တိုက်ခိုက်လျက်ရှိသည်။ နတ်ရေကန်တောင်အနီး တဝိုက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး၊ စစ်ကောင်စီတပ်က အောက်တိုဘာ ၁၃ ရက် အထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် စစ်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရ အောက်တို ၁၄ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားသည့်...

Read More

“တော်လှန်ရေးမှာ ပြန့်ကျဲနေတဲ့ အင်အားစုများအား ဘုံရည်မှန်းချက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဘာကြောင့် အရေးကြီးတာလဲ”  

“တော်လှန်ရေးမှာ ပြန့်ကျဲနေတဲ့ အင်အားစုများအား ဘုံရည်မှန်းချက်တွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဘာကြောင့် အရေးကြီးတာလဲ”

 

Read More

ပေါက်ခေါင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခံရ

အောက်တို ၁၄ The Kaladan Post ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် ဗျူဟာ (၂၁) ကွပ်ကဲမှုအောက်ရှိ ပြည်ခရိုင်တပ်ရင်း အမှတ် (၂) ၃၆၀၂ တပ်ရင်းမှ ရဲဘော်များက စစ်ကောင်စီတပ်ဖွဲ့များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ပြည်ခရိုင် တပ်ရင်း အမှတ် (၂) သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပြည်ခရိုင်တပ်ရင်း အမှတ် (၂) ရဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက “ ကျွန်တော်တို့တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ တောင်လည်စခန်းကနေ ဘော်ဒါအထိုင်ချစခန်းသို့ လူချိန်းလာတဲ့သူတွေ ဖြစ်ကြပြီး သူတို့ဟာ ဘော်ဒါအထိုင်စခန်းမှ ပြန်လာချိန်ကျွန်တော်တို့ဖက်က စောင့်ကြိုပြီးတော့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဒီတိုက်ခိုက်မှုမှ စကစတွေ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ပေမယ့် အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး အကြောင်းကတော့ ဒီစကစတွေနေတဲ့နေရာတွေမှ ကျွန်တို့ဖက်ကလူတွေမရှိတော့ သတင်းစုံစမ်းရေးမှာ အခက်အခဲတွေရှိနေပါတယ် ဟု ‘The Kaladan Post သို့ ပြောဆိုသည်။ ဤစစ်ဆင်ရေးများသည် စစ်ကောင်စီတပ်ဖွဲ့များ၏ လှုပ်ရှားမှု များကို ထိရောက်စွာ ဟန့်တားနိုင်ခဲ့ပြီး လက်နက်ပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၁၁ ရက် ည ၈:၀၀ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာအနီး (ဂွေးပင်ကုန်း) တွင် ဘော်ဒါအထိုင်စခန်းမှ လူအချိန်းအပြောင်းပြုလုပ်ပြီး ပြန်လည်ထွက်ခွာလာ သော စစ်ကောင်စီ တပ်ဖွဲ့ အင်အား ၄၄ဦးပါ စစ်ကြောင်းကို ပြည်ခရိုင်တပ်ရင်း တပ်ခွဲ (၃)မှ ရဲဘော်များက မိုင်းဆွဲတိုက် ခိုက်ခဲ့သည်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရ သူများကို ထမ်းစင်ဖြင့်ပြန် လည်ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ အောက်တိုဘာလ ၁၂ ရက် နံနက်ပိုင်းတွင် ရဲဘော်များက နယ်မြေရှင်းလင်းရေး ပြုလုပ်စဉ် စစ်ကောင်စီတပ်ဖွဲထံမှ ကျန်ရစ်ခဲ့ သော စစ်သုံးကျောပိုးအိတ် ၁ လုံး၊ MA ကျည်ဘောက် ၁ ခု၊ BA-100 ဗုံးသီး ၁ လုံး ၅.၅၆ မမ ကျည် ၇၀ တောင့်နှင့် power bank ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့သည်။ ထို့အတူ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၄ ရက် နံနက် ၂:၃၀ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ်၊ တောင်လည်ကျေးရွာအထိုင်စခန်းမှ အင်အား ၅၀ ဦးပါ စစ်ကောင်စီတပ်ဖွဲ့၏ ခြေလျင်စစ်ကြောင်း ကို ပြည်ခရိုင်တပ်ရင်း တပ်ခွဲ (၃)၊ တပ်ခွဲ (၄) နှင့် ရွှေတောင် (ပကဖ) တို့မှ ပူးပေါင်း၍ အုတ်ဖို ကျေးရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ထပ်မံ၍ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၈ ရက် ည ၈:၀၀ နာရီခန့်တွင် ပေါက်ခေါင်း မြို့နယ်၊ ချင်းလည်ဂိတ်မှ ကင်းပုန်းဝပ်ရန် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ အင်အား ၂၀ ဦးခန့်ပါ စစ်ကြောင်းနှင့် ပြည်ခရိုင်တပ်ရင်း တပ်ခွဲ (၃) နှင့် ရွှေတောင် (ပကဖ) မှ ရဲဘော်များ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။ ဤတိုက်ပွဲတွင် ရဲဘော်များဘက်မှ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း...

Read More
en_USEnglish