အောက်တို (၁၃) သတင်းတိုပေါင်းချုပ်
မိုင်းလုံနှင့်မတူပီမြို့များတွင် လေကြောင်းတိုက်ခိုက်မှုဖြစ်ပွား၊ နေအိမ်နှင့်ဘုရားကျောင်း များပျက်စီး အောက်တို ၁၃ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် မိုင်းလုံမြို့ရှိ လည်ကြီးနှင့်ပစီးကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံးကြဲတိုက်ခိုက်သဖြင့် နေအိမ် ၄ လုံးထိခိုက်ပျက်စီးခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။ ထို့အပြင် အောက်တိုဘာ ၁၁ ရက်နေ့တွင်လည်း တော့ဆန်ရွာမကျေးရွာအတွင်း ပေါင် ၂၅၀ ဗုံး ၂ လုံးကြဲချရာ နေအိမ်နှင့် ဘုန်းကြီးကျောင်းဇရပ် ပျက်စီးသွားခဲ့သည်။ တစ်ဖက်တွင် ချင်းပြည်နယ် မတူပီမြို့၌လည်း အောက်တိုဘာ ၁၀ ရက်ည စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရသည်။ တိုက်ပွဲမရှိသော်လည်း လေယာဉ်မှ ဗုံးကြဲချခြင်းဖြစ်ပြီး ဘုရားကျောင်းနှင့် မီးသတ်ရုံးအနီး နေအိမ်များ ထိခိုက်ခဲ့သည်။ စစ်တပ်က လက်ရှိတွင် မတိုင်မီ ရွေးကောက်ပွဲအတွက် ထိန်းချုပ်မှု နယ်မြေများ ပြန်လည်သိမ်းယူရေး လေကြောင်းနှင့် မြေပြင်တိုက်ခိုက်မှုများ တိုးမြှင့်ဆောင်ရွက်နေသည်ဟု သတင်းရင်းမြစ်များက ဖော်ပြသည်။ မင်းအောင်လှိုင်က စိုးဝင်းကို အဓိကအဖွဲ့အစည်းများမှ ဖယ်ထုတ်၊ ကျော်စွာလင်းနှင့် ညိုစောတို့အား တာဝန်ပိုင်းများ ပေးအပ် အောက်တို ၁၃ The Kaladan Post အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒုစစ်ခေါင်းဆောင် စိုးဝင်းကို အရေးပါသော အမျိုးသားအဆင့်ကော်မတီနှင့် ဗဟိုကော်မတီများ ၁၃ ခုခန့်မှ ဖယ်ထုတ်ပြီး ညိုစောနှင့် မင်းအောင်လှိုင်ကို ဦးဆောင်အဖြစ်...
Read More