Author: Salai

ကနီမြို့တွင် ကင်းလှည့်ရန်ထွက်လာသော စစ်ကောင်စီတပ် ၇ဦးသေဆုံးပြီး လက်နက်ခဲယမ်းပါ သိမ်းဆည်း

  အောက်တို ၉ The Kaladan Post ယင်းမာပင်ခရိုင်၊ ကနီမြို့တွင် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့၊ နေ့လည် ၁၂ နာရီ ၄၀ မိနစ် အချိန်က ကနီမြို့စောင့်တပ်မှ ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်ကို တော်လှန်‌ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း KLG – PDF  ကျောက်လုံးကြီး တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး KLF – PDF ကျောက်လုံးကြီးတပ်ဖွဲ့ရဲတာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့မဟာမိတ်ပူးပေါင်းတပ်တွေက  ကနီမြို့စောင့်တပ်မှ ကင်းလှည့်ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်ကို စောင့်ကြိုပြီးတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် ဒီတိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်ဖက်က ၇ယောက် သေဆုံးပြီးတော့ ဒဏ်ရာရရှိသူတွေကိုတော့ အတိအကျမသိရသေးပါဘူး ကျွန်တော်တို့က ဂမ်းတွေ အကုန်ကောက်မယ်လုပ်တဲ့အချိန်မှ စခဖက်က တပ်ကူလာတဲ့အတွက် ဂမ်းနှစ်ချောင်းဘဲ ကောက်ခဲ့ ရပြီးနောက်ပြန်ဆုတ်ခဲ့ရတာပေါ့ ပြီးတော့ ဒီတိုက်ပွဲဟာ မိနစ် ၂၀ကျော်ကြာ အပြင်းအထန်ဖြစ်ခဲ့ပါ တယ်  ဟု” The Kaladan Post သို့ ပြောဆိုသည်။ ၎င်းတိုက်ပွဲကို  ယင်းမာပင်ခရိုင် (၉+ အဖွဲ့ဝင်) ဗျူဟာ(၄၅) KLG PDF နှင့် နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) လှုပ်ရှားတပ်စိပ်(၁)တို့မှ ပူးပေါင်းစီစဉ်ကာ ရပ်ကွက်(၃)အတွင်း စောင့်ကြိုတိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့ဖက်မှ ထိခိုက်မှုမရှိဘဲ ဘေးကင်းစွာပြန်လည်ဆုတ်ခွါနိုင်ခဲ့ကြောင်းသိရသည်။ ဤတိုက်ခိုက် မှုသည် စစ်ကောင်စီတပ်ဖွဲ့များ၏ လှုပ်ရှားမှုကို ကြိုတင်စီစဉ်ထားသည့် ဗျူဟာမြောက်တိုက်ခိုက်မှု ဖြစ်ပြီး၊ KLG PDF နှင့် ပကဖ ရဲဘော်များ၏ ညှိနှိုင်းဆောင်ရွက်မှုကြောင့် အောင်မြင်စွာ ဆောင် ရွက်နိုင်ခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင် ၇ ဦး သေဆုံးခဲ့သည့် အပြင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ MA-1 သေနတ် ၁ လက်နှင့် MA-11 သေနတ် ၁ လက်တို့ ကို သိမ်းဆည်းရရှိခဲ့သည်။ယခုလို စစ်ကောင်စီတပ်ဖွဲ့များကို ထိရောက်စွာ တိုက်ခိုက်နိုင်ခဲ့ခြင်းသည် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စည်းလုံးညီညွတ်မှုနှင့် ဗျူဟာမြောက်စွမ်းဆောင်ရည်ကို ပြသလျက်ရှိသည်။ KLG PDF နှင့် ပကဖ တို့သည် ဆက်လက်၍ ဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့ များ၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်လျက် ပြည်သူများ၏ လုံခြုံရေးအတွက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း...

Read More

မင်းဘူးခရိုင်အတွင်းရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူးပေါင်းတပ်များမှ တိုက်ခိုက်သိမ်းပိုက်

  အောက်တို ၉ The Kaladan Post ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့၊ ညနေ ၅ နာရီအချိန်တွင် ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်း ပိုင်း၊ မဲဇလီ-ဆည်တော် ကြိုးတံတားရှိ စစ်ဆေးရေးဂိတ်ကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ ပွင့်ဖြူ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် ပူးပေါင်းတပ်ဖွဲ့တို့မှ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက် ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်-၇ တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါသတင်း ထုတ် ပြန်ချက်နှင့် ပတ်သက်ပြီး မင်းဘူးခရိုင်တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ မဟာမိတ်ပူးပေါင်း တပ်ဖွဲ့တွေနှင့် တိုက်ခိုက်သိမ်းပိုက်ခဲတဲ့ မဲဇလီ-ဆည်တော် ကြိုးတံတားရှိ အကြမ်းဖက် စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ စခ တပ်အင်အား (၁၀)ဝန်းကျင်လောက်ရှိပါတယ်။ ဒီ ဂိတ်က စခတွေက ပြည်သူတွေထံကနေ သစ်ကြေးဝါးကြေး ကောက်တာ ဈေးသည်တွေဆီက ငွေတောင်း ရိက္ခာ တောင်းတာတွေလုပ်နေကြတာဖြစ်ပါတယ်။ ပြီးတော့ ဒီဂိတ်ဟာဆိုရင် အကြမ်းဖက်စစ်ကောင်စီ အာဏာသိမ်းပြီးမှ ဖွင့်တဲ့ဂိတ်ဖြစ်ပါတယ် ။ နောက်ဆုံးအနေဖြင့် ပြည်သူလူထုအနေနဲ့ ရန်သူ့ စစ်ကြောင်းနဲ့ မတွေ့အောင်ရှောင်ကြဖို့နဲ့ စစ်ရေးအသိ သတိရှိကြဖို့ တပ်ဖွဲ့ရဲ့တာဝန်ရှိသူက မေတ္တာရပ်ခံထားပါသည်။ အဆိုပါ တိုက်ပွဲသည် ၁ နာရီ ၃၀ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး၊ တိုက်ခိုက်မှု အတွင်း ရန်သူဘက်မှ အလောင်း ၄ လောင်းနှင့် အတူ လက်နက်ခဲယမ်းများ၊ စစ်အသုံးဆောင် ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြသည်။ အဆိုပါတိုက်ခိုက်မှုကို မင်းဘူးခရိုင်အမှတ် ၇ တပ်ရင်း၊ မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မင်းဘူးခရိုင်အမှတ် ၄ တပ်ရင်းမှ လက်နက်ကြီးပစ်ကူပေးခဲ့ကြောင်း ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ဤအောင်မြင်မှုသည် မင်းဘူးခရိုင်အတွင်းရှိ ပူးပေါင်းတပ်ဖွဲ့များ၏ ညှိနှိုင်းဆောင်ရွက်မှုနှင့် ဗျူဟာမြောက် စစ်ဆင်ရေးစွမ်းရည်ကို...

Read More

အောက်တို (၈) သတင်းတိုပေါင်းချုပ်

ဖျာပုံတွင် ကြံ့ဖွတ်ပါတီ ခိုးဝှက်မဲဆွယ်စည်းရုံးမှု စတင် အောက်တို ၈ The Kaladan Post ဧရာဝတီတိုင်း ဖျာပုံမြို့နယ်တွင် ကြံ့ဖွတ်ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများက မဲဆွယ်စည်းရုံးမှု တရားဝင်မစတင်မီ ခိုးဝှက်ပုံစံဖြင့် မဲဆွယ်ရေးလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရှိရသည်။ ပါတီဝင်တွေ့ဆုံပွဲ ဟုအမည်ပေးကာ ပြည်သူများကို အုပ်ချုပ်ရေးအရာရှိများမှ အတင်းအကျပ် ဆင့်ခေါ်ပြီး အမတ်လောင်းများကို မိတ်ဆက်ကာ မဲထည့်ရေးအားစည်းရုံးနေကြသည်ဟု ဆိုသည်။ ထို့အပြင် စစ်တပ်နှင့် ပါတီဝင်များ ပူးပေါင်းကာ အုပ်ချုပ်ရေးနှင့် လုံခြုံရေးလုပ်ငန်းများကို တာဝန်ယူဆောင်ရွက်နေကြသဖြင့် အခြားပါတီများထက် ကြံ့ဖွတ်ပါတီအားသာနေသည်ဟု သိရသည်။ ဖျာပုံဒေသတွင် ပါတီဝင်ဖြစ်ပါက စစ်မှုထမ်းဆွဲခံရမှု ကင်းလွတ်နိုင်သည်ဟု ထောက်ပြောကာ ကျေးရွာများတွင် တရားမဝင်နည်းလမ်းဖြင့် ပါတီဝင်စုဆောင်းမှုများ ဖြစ်ပေါ်နေသည်။ ထို့အပြင် ကြံ့ဖွတ်ပါတီမှ မဲထည့်ပါက လမ်းခင်း၊ မီးဖွဲ့၊ ကျောင်းနှင့် ဆေးခန်းတည်ဆောက် ပေးမည်ဟု မက်လုံးပေးကာ မဲဆွယ်ရေးများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများမှ အတည်ပြုထားသည်။ ဘုံတိုကျေးရွာတွင် စစ်တပ်လေကြောင်းတိုက်ခိုက်မှုဖြင့် လူ ၂၂ ဦးသေဆုံး အောက်တို ၈ The Kaladan Post စစ်ကိုင်းတိုင်း မုံရွာနှင့် ချောင်းဦးအစပ် ဘုံတိုကျေးရွာရှိ ဆီမီးထွန်းပွဲကို အောက်တိုဘာ ၆ ရက်ညတွင် စစ်တပ်လေထီးဖြင့် ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ရာ လူ ၂၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။ သေဆုံးသူများအနက်တွင် PDF အဖွဲ့ဝင် ၆ ဦးနှင့် သပိတ်ဦးဆောင်သူ ၄ ဦး ပါဝင်သွားပြီး ထိုအပြင် CDM...

Read More

ပုပ္ပါးတပ်ဖွဲ့မှ အခြေခံစစ်ပညာသင်တန်း (အပတ်စဥ်-၄) အောင်မြင်စွာကျင့်ပ

  အောက်တို ၈ The Kaladan Post ပုပ္ပါးတပ်ဖွဲ့ (Popa Guerilla Force – PGF) သည် အခြေခံစစ်ပညာသင်တန်း (အပတ်စဉ် – ၄) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်နေ့တွင် အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါသည်။ အဆိုပါသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ပုပ္ပါး တပ်ဖွဲ့တွင် တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ကျင့်ပခဲ့တဲ့ အခြေခံစစ်ပညာ အပတ်စဥ်(၄) သင်တန်းမှာ စစ်သည်များ တပ်စုနှစ်စုစာ တက်ရောက်ခဲ့ကြပြီးတော့ သူတို့တွေကို အခြေခံစစ်ပညာနှင့် ပြည်သူ့ဆက်ဆံရေးကို အဓိကထားသင်ကြားပေးခဲ့တာဖြစ်ပါတယ် ပြီးတော့ ဒီသင်တန်း‌တွေကို နှစ်လကျော်ကြာ သင်တန်းပေးခဲ့ပါတယ်” ဟု  The Kaladan Post သို့ ပြောဆိုသည်။ ထို့အပြင် ပုပ္ပါး တပ်ဖွဲ့သည် ပြည်သူ့ရဲဘော်တွေ အသက်အန္တရာယ် လုံခြုံမှုရှိအောင် ကမ်းပိန်းတစ်ခုပြုလုပ်လျက်ရှိပြီး ၎င်းကမ်ပိန်းတွင် တော်လှန်ပြည်သူတွေ အနေဖြင့် တတ်စွမ်းသမျှဖြင့် ပါဝင်အားဖြည့်ပေးကြရန် တပ်ဖွဲ့ရဲ့တာဝန်ရှိသူက တောင်းဆိုထားပါသည်။ အဆိုပါ  “စကားဝါမြေပြင် ကျည်ကာဆင်” ကမ်းပိန်းသည် ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့မှ စတင်ဖွင့်လျှစ်ခဲ့ပြီး ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်နေ့ထိ နှစ်လတာသတ်မှတ်ထားပါသည်။ ဒီး “စကားဝါမြေပြင် ကျည်ကာဆင်” ကမ်းပိန်းကို ဒီနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် ဖွင့်လျှစ်မှာ ဖြစ်ပြီး ထွက်ထိုင်ထီနောက်ဆုံးလေးလုံးကို ပေါက်မဲအဖြစ်သတ်မှတ်ပြီး ၎င်းနံပါတ် ကမ်စမ်းသူကို Dayang 110 ဆိုင်ကယ်တစ်စီး ဆုကြေးအဖြစ် ချီးမြှင့်သွားမှာဖြစ်ကြောင်းသိရသည်။ “စကားဝါမြေပြင် ကျည်ကာဆင်” လှုပ်ရှားမှုတွင် မိဘပြည်သူများအနေဖြင့် တတ်စွမ်းသမျှ ကဏ္ဍအသီးသီးမှ ပါဝင်ပံ့ပိုးပေးကြရန် လေးစားစွာ တိုက်တွန်းနှိုးဆော်အပ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။    ...

Read More

Chindwin Rocket Brother တပ်ဖွဲ့ဦးဆောင်မှုဖြင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်အတွင်းသို့ Rocket (၁၀) လုံးဖြင့် အောင်မြင်စွာတိုက်ခိုက်

  အောက်တို ၇ The Kaladan Post ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂ရက်နေ့တွင် မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အတွင်းသို့ Chindwin Rocket Brother (CRB) ဦးဆောင်သော မဟာမိတ်အဖွဲ့များသည် သီတင်း ကျွတ်အကြို အနေဖြင့် ၉ ကြိမ်မြောက် ဒုံးကျည် ၁၀ လုံးဖြင့် အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်မှု တစ်ခုပြုလုပ်ခဲ့ ကြောင်း CBR က သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး (CRB) Chindwin Rocket Brother တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့တိုက်ခိုက် ခဲ့တဲ့ ဒုံးကျည် ၁၀ လုံးဟာ (နမခ) အတွင်းသို့ အောင်မြင်စွာ ကျရောက်ပေါက်ကွဲခဲ့ပါတယ် ဒီတိုက် ခိုက်မှုအတွင်းမှာ စစ်တိုင်းရုံးမှ အကြမ်းဖက် စစ်ကောင်စီ အရာရှိ (၅)ဦးနှင့် ရိက္ခာဂို‌ဒေါင် စောင့် စစ်သား ၂ဦးတို့ဟာ နေရာမှာတင် ပွဲခြင်းပြီး သေဆုံးသွားပါတယ်’ဟု The Kaladan Post သို့ ပြောဆို သည်။ ဤ တိုက် ခိုက်မှုသည် စစ်ကောင်စီတပ်ဖွဲ့များအတွက် သိသာထင်ရှားသော ထိခိုက်မှု များ ဖြစ်ပေါ်စေခဲ့သည့် အပြင် အဆိုပါတိုက်ခိုက်မှုတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီတပ်တွင်း မိသားစု ၅ စုထိခိုက်ခဲ့ပြီး၊ ထိုအထဲမှ မိသားစုဝင် ၅ ဦးလည်း ပွဲချင်းပြီး သေဆုံးခဲ့ကြသည်။ ၎င်းတိုက်ခိုက်မှု အတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သော ကျန်ရှိမိသားစုဝင် များကို အရေးပေါ်အခြေအနေဖြင့် ၄/၃၀၀ တပ်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်းသိရသည်။ ထို့အပြင် တိုက်ခိုက်မှုကြောင့် စစ်ဌာနချုပ် အတွင်းရှိ ရိက္ခာဂိုထောင် ၂ လုံး ပြိုကျပျက်စီးခဲ့ပြီး၊ စစ်ကောင်စီ တပ်ဖွဲ့၏ ထောက်ပံ့ရေးစနစ်ကို သိသာထင်ရှားစွာ ထိခိုက်စေခဲ့သည်။ ဤတိုက်ခိုက်မှုကို Chindwin Rocket Brother (CRB) ဦးဆောင်ပြီး၊ မဟာမိတ်အဖွဲ့များဖြစ်သည့် ချိုမိုင်မိုင် (ကနီ)၊ Chindwin Brother၊ Budalin Defense Force၊ Bandula Defense Force၊ Federal Democratic Force၊ Burmer Army၊ မုံရွာခရိုင်တပ်ရင်း (၁၄) ဗိုလ်လက်ကောက်နှင့် ယင်းမာပင်ခရိုင် အမှတ် (၉) တပ်ရင်းတို့ ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြသည်။ ဤပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်း တော်လှန်ရေးအင်အားစုများ၏ စည်းလုံး ညီညွတ်မှုနှင့် ဗျူဟာမြောက်စွမ်းရည်ကို ထင်ဟပ်ပြသခဲ့သည်။ သီတင်းကျွတ်အကြို ဤတိုက်ခိုက် မှုသည် အနောက်မြောက်တိုင်းစစ်ဌာန ချုပ်အတွင်း စစ်ကောင်စီ၏ လှုပ်ရှားမှုများကို ထိရောက်စွာ ဟန့်တားရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ CRB နှင့် မဟာမိတ်အဖွဲ့များသည် ဒေသတွင်း စစ်ရေးအရ အရေးပါသော ရိက္ခာထောက်ပံ့ရေးစနစ် ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပြီး၊ စစ်ကောင်စီတပ်ဖွဲ့၏ စွမ်းရည်ကို အားနည်းစေရန် ရည်မှန်းခဲ့သည်။ ဤတိုက်ခိုက်မှုသည် ဒေသတွင်းရှိ ပြည်သူများ အကြား တော်လှန်ရေးအင်အားစုများအပေါ် ယုံကြည်မှုကို...

Read More
en_USEnglish