အောက်တို (၇) သတင်းတိုပေါင်းချုပ်
ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်ရင်းနှင့် ရဲစခန်းသို့ ရှော့တိုက်ဒုံးပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွား အောက်တို ၇ The Kaladan Post မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့၌ တော်လှန်ရေးအဖွဲ့များက အောက်တိုဘာလ ၆ ရက် ညနေပိုင်းတွင် ခလရ ၅၀ တပ်ရင်းနှင့် ဂန့်ဂေါမြို့မရဲစခန်းများသို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ခလရ ၅၀ တပ်ရင်းသို့ ဒုံး ၂ လုံးနှင့် ရဲစခန်းသို့ ဒုံး ၃ လုံးကျရောက်ခဲ့ပြီး ရဲများနှင့် စစ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ယောအလင်းတန်းအဖွဲ့မှ ပြောကြားသည်။ တိုက်ခိုက်မှုကြောင့် ရဲစခန်းအတွင်း ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး ခလရ ၅၀ တပ်ရင်းမှူး ဦးဆောင်သည့် သီတင်းကျွတ်ပျော်ပွဲ ရှင်ပွဲတော်လည်း ပျက်သွားခဲ့သည်ဟု သိရသည်။ ထိုအကြောင်းအရာနောက်တစ်ဖက်တွင် စစ်တပ်ကလည်း ၁၂၀ မမ လက်နက်ကြီးများဖြင့် ဇဟောကျေးရွာအပေါ် ပြန်လည်ပစ်ခတ်ခဲ့ရာ ပြည်သူတစ်ဦး ဒဏ်ရာရရှိပြီး နွားများ သေဆုံး၊ ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့သည်။ ယောအလင်းတန်းအဖွဲ့ကလည်း ဒေသခံပြည်သူများအား စစ်ရေးသတိထားရန် တိုက်တွန်းထားသည်။ နမ္မတူမြို့ ဘုန်းကြီးကျောင်းသို့ လေယာဉ်မှ ဗုံးကြဲချမှုဖြစ်ပွား အောက်တို ၇ The Kaladan Post ရှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့ အမှတ် (၈) ရပ်ကွက်ရှိ ဗုဗ္ဗာရုံဘုန်းကြီးကျောင်းကို အောက်တိုဘာလ ၇ ရက် နံနက်ပိုင်းတွင် စစ်တပ်၏ တိုက်လေယာဉ်မှ ဗုံးများကြဲချခဲ့ကြောင်း ဒေသခံများနှင့် TNLA ထုတ်ပြန်ချက်အရ သိရသည်။ တိုက်ပွဲမရှိသည့်အချိန်တွင် ဗုံးကြဲချမှုဖြစ် ပွားပြီး...
Read More