Author: Salai

“တော်လှန်ရေးကာလအတွင်း ကျန်းမာရေးကဏ္ဍ၏ စိန်ခေါ်မှုများ၊ အနာဂတ်ကျန်းမာရေးစနစ်အတွက် မျှော်မှန်းချက်များနှင့် နိုင်ငံတကာပူး ပေါင်းဆောင်ရွက်မှု၏ အရေးပါပုံ”

“တော်လှန်ရေးကာလအတွင်း ကျန်းမာရေးကဏ္ဍ၏ စိန်ခေါ်မှုများ၊ အနာဂတ်ကျန်းမာရေးစနစ်အတွက် မျှော်မှန်းချက်များနှင့် နိုင်ငံတကာပူး ပေါင်းဆောင်ရွက်မှု၏ အရေးပါပုံ”

Read More

အောက်တို (၄) သတင်းတိုပေါင်းချုပ်

မရမ်းကုန်းအုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်အဖွဲ့ နေ့ခင်းအချိန် ပေါ်တာဆွဲဖမ်းဆီးမှုများ ဆက်လက်ပြုလုပ် အောက်တို ၄ The Kaladan Post ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်နှင့် အဖွဲ့သည် ဘုရင့်နောင်ပွဲရုံနှင့် သမိုင်းလမ်းဆုံအနီး၌ နေ့ခင်းအချိန် အိမ်စီးကားဖြင့် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေကြောင်း သိရသည်။ ဖမ်းဆီးခံရသူများ၏ မိသားစုများက ငွေဖြင့် ရွေးယူရန် ကြိုးစားသော်လည်း “လူပဲလိုတယ်” ဟု တုံ့ပြန်ခံရကြောင်း သက်ဆိုင်ရာ မိသားစုများက ပြောဆိုသည်။ အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်သည် အရပ်ဝတ်စစ်သားများနှင့် ပူးပေါင်း၍ ပေါ်တာဆွဲဖမ်းဆီးခြင်းများပြုလုပ်ခြင်းအပြင် ဘုရင့်နောင်နယ်မြေရှိ အနှိပ်ခန်းများနှင့် မာဆတ်ဆိုင်များထံမှလည်း ဆက်ကြေးကောက်ယူလေ့ရှိကြောင်း သတင်းရသည်။ ထို့အပြင် လူမိုက်အဖွဲ့များနှင့် ရန်ပွဲများ ဖြစ်ပွားနေသဖြင့် မရမ်းကုန်းမြို့နယ်အတွင်း စိန်ဝင်းမြင့်၏ လှုပ်ရှားမှုများကြောင့် စိုးရိမ်မှုများ ပိုမိုတိုးလာနေကြောင်း ဒေသခံများက ပြောကြသည်။ သီပေါနှင့် မင်းတပ်မြို့များတွင် စစ်တပ်လေကြောင်းဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၃ ဦးဒဏ်ရာရ အောက်တို ၄ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်နှင့် ချင်းပြည်နယ် မင်းတပ်မြို့တို့ကို ယနေ့ အောက်တိုဘာလ ၄ ရက် နံနက်ပိုင်းတွင် စစ်တပ်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရှိရသည်။ သီပေါမြို့နယ်တွင် နမ့်ဟူးနွဲနှင့် ဂေါ်ဒန်ကျေးရွာအကြား လယ်ကွင်းတွင် ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအသေးစိတ် မသိရသေးသော်လည်း မြို့အတွင်းသို့ မကျရောက်ခဲ့ကြောင်း သိရသည်။ တနင်္နယ်နိုင်လွတ်တော်တော်လှန်ရေးတပ် (TNLA) သတင်းအရ မန်ဟဲကျေးရွာရှိ ရဲစခန်းဟောင်းကို ဂျက်ဖိုက်တာမှ ပေါင် ၂၅၀...

Read More

ပဲ့မခန်းရွာအနီး စစ်ကောင်စီ တပ်ချိန်းရန်ထွက်ခွါလာသူများ တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးကာ ဗိုလ်တစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦး အပါအဝင် ၇ဦး ဒဏ်ရာရ

အောက်တို ၄ The Kaladan Post ၂၀၂၅ အောက်တိုဘာ ၃ ရက်၊ ညနေ ၄ နာရီ ၂၆ မိနစ်တွင် သရက်မြို့နယ်၊ သရက်-မင်းတုန်းလမ်း၊ ပဲ့မခန်းရွာအနီးတွင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ တပ်ချိန်းရန်ထွက်ခွါလာသူများကို  ခြုံခိုပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်ခဲ့တယ်လို့ United States Of Burma Army တပ်ဖွဲ့ရဲ့  ပြန်ကြားရေးတာဝန်ခံ ရဲဘော် ကိုသာချိုက The Kaladan Post သို့ပြောဆိုသည်။ အဆိုပါဖြစ်စဥ်သည် “မင်းတုန်းမြို့နယ်၊ ကျောက်တိုင်တိုက်နယ်ဆေးရုံ၌ တပ်စွဲထားသော စစ်အုပ်စု၏ ဂိတ်စခန်းမှ တပ်ချိန်းပြီး ပြန်လည်ထွက်ခွာလာသော အင်အား ၆၀ ဝန်းကျင်ပါ စစ်ကား ၂ စီး (ဖောကားအနီ ၁ စီးနှင့် စစ်စိမ်းရောင်ဖောကား ၁ စီး) အား” ခြုံခိုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယမန်နေ့ အောက်တိုဘာလ ၃ရက်နေ့ နံနက်အစောပိုင်းတွင် တပ်ချိန်းရန် လာရောက်သော စစ်ကားများကို လွှတ်ပေးခဲ့ပြီး၊ ပြန်လည်ထွက်ခွာလာချိန်တွင် ကြိုတင်ပြင်ဆင်ထားသည့် နေရာများတွင် စောင့်ကြိုကာ ခြုံခိုတိုက်ခိုက်ခြင်းဖြစ်သည်။ စစ်အုပ်စုသည် လမ်းတစ်လျှောက် သံသယဖြစ်ဖွယ်နေရာများကို လက်ဦးမှုယူ၍ ပစ်ခတ်ရှင်းလင်းရင်း မောင်းလာခဲ့ပြီး၊ အချို့နေရာများတွင် ရှေ့မှ ခြေလျင်တပ်ဖွဲ့ များ ဆင်းလျှောက်ကာ ကားများကို နောက်မှ ဖြည်းဖြည်းချင်း မောင်းလာခဲ့ကြသည်။ တိုက်ပွဲ ဖြစ်ပွားချိန်တွင် စစ်သားအားလုံး ကားပေါ်တွင်ရှိနေပြီဖြစ်သည်။ တိုက်ခိုက်မှုအတွင်း စစ်စိမ်းရောင်ကားကို လွှတ်ပေးကာ နောက်မှလိုက်ပါလာသော ဖောကားအနီအား အဓိကထား၍ ခြေမှုန်းပစ်ခတ်ခဲ့ကြကြောင်းသိရသည်။ သို့သော် ရှေ့မှမောင်းသွားသော စစ်စိမ်းရောင်ကားမှ ရပ်တန့်ကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တရပ်စပ် ပြန်လည်ပစ်ကူပေးခဲ့သဖြင့် အပြန်အလှန်တိုက်ပွဲမှာ ပြင်းထန်သွားခဲ့ခြင်းဖြစ်သည်။ ဖောကားအနီတွင် သဲအိတ်များဖြင့် အကာအကွယ်ယူထားသဖြင့် ထိခိုက်မှုနည်းပါးခဲ့သော်လည်း တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ တပ်သားအဆင့် ၂ ဦး သေဆုံးပြီး၊ ဗိုလ်တစ်ဦးနှင့် ဒုတပ်ကြပ်တစ်ဦးအပါအဝင် ၇ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ကပစ(၂) မှ ဖရဲသီးမှတစ်ဆင့် သိရပါတယ်ဟု တပ်ဖွဲ့ရဲ့တာဝန်ခံက ဆိုသည်။ ကိုယ့်ဘက်မှ ထိခိုက်မှုမရှိခဲ့ပေ။ တိုက်ပွဲမှာ ၅ မိနစ်ခန့် ကြာမြင့်ခဲ့ပြီး၊ အကြမ်းဖက် စစ်ကောင်စီဖက်မှ သေဆုံးသူများ အလောင်းနှင့် ဒဏ်ရာရသူများအား ကပစ(၁၂) သို့...

Read More

အောက်တို (၃) သတင်းတိုပေါင်းချုပ်

မင်းလှမြို့နယ်တွင် ကပစ ၂ စစ်ယာဉ်တန်း တိုက်ခိုက်ခံရ စစ်သား ၆ ဦး သေဆုံး အောက်တို ၃ The Kaladan Post မကွေးတိုင်း မင်းလှမြို့နယ် သရက်-မင်းလှ လမ်းပိုင်း၌ အောက်တိုဘာ ၂ ရက် ညနေက တော်လှန်ရေးတပ်များက ကပစ ၂ အောက်စစ်ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။ စစ်အင်အား ၁၀၀ ဝန်းကျင်ပါ စစ်ကား ၄ စီးအား တိုက်ခိုက်ရာ စစ်သား ၆ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ အဆိုပါ စစ်ယာဉ်တန်းမှာ လင်းကယ် ရဲစခန်းအနီးကျေးရွာများတွင် စစ်ကြောင်းထိုးပြီး ပြန်လာစဉ် တိုက်ခိုက်ခံခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်သည့်နေရာတွင် စစ်တပ်ဘက်က ရပ်တန့်မလုပ်ဘဲ ဒဟတ်ပင်ရေနံမှော်အထိ ဆက်မောင်းကာ လက်နက်ကြီးများဖြင့် ပြန်ပစ်ခတ်ခဲ့ကြောင်း၊ ထိခိုက်ဒဏ်ရာရသူများကို ကပစ ၂ ထဲတွင် ကြိတ်ပြီး ကုသနေကြောင်း သတိရသည်။ USBA တပ်ဖွဲ့မှ ပြည်သူများအား အဆိုပါဒေသတွင် သတိရှိနေထိုင်ရန်နှင့် စစ်ယာဉ်တန်းအနီး မလိုက်ပါရန် သတိပေးထားသည်။ မင်းအောင်လှိုင် မန္တလေးတက္ကသိုလ် ရာပြည့်ပွဲတော်သို့ တက်ရောက်မည် အောက်တို ၃ The Kaladan Post မန္တလေးတက္ကသိုလ် ရာပြည့်ပွဲတော်ကို အောက်တိုဘာ ၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး အကြမ်းဖက် မင်းအောင်လှိုင်နှင့် မိန်းမ ကြူကြူလှ တက်ရောက်ဖွင့်လှစ်မည်ဟု သိရသည်။ ထိုအခမ်းအနားသို့ တက်ရောက်မည့် ကျောင်းသား၊ ဆရာ၊ မန္တလေးမြို့ခံများ၏ ကိုယ်ရေးအကျဉ်း၊ နောက်ကြောင်းရာဇဝင်များကို...

Read More

စစ်သုံးပမ်း ၂၇ဦးဖမ်းဆီးခဲ့သော PRA-Maway တပ်ဖွဲ့မှ ကွဲပြားသော အမိန့်ပေးကွပ်ကဲမှု၊ တပ်အင်အားပြန့်ကြဲမှု၊ ဘဏ္ဍာရေးလေလွင့်မှုများကို အကျစ်လစ်ဆုံး ပေါင်းစည်းကာ တညီတညွတ်တည်း တိုက်ပွဲဝင်ရန် တိုက်တွန်း

အောက်တို ၃ The Kaladan Post PRA-Magway သည် နိုင်ငံတဝှမ်း စစ်ရှိန်မြင့်တက်လာမှုနှင့်အညီ မကွေးဒေသတွင် စစ်ဆင်ရေးများ ကို မဟာမိတ်များနှင့် ပူးပေါင်းကာ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းနှင့် ပုသိမ်-မုံရွာလမ်းတစ်လျှောက် ရှိ ဒေသများတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖော်ဆောင်နေပြီး ဤတိုက်ပွဲများတွင် စစ်ကောင်စီတပ် ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု များပြားခဲ့ကြောင်း PRA-Magway တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါ သည်။ ထို့အပြင် ငဖဲမြို့နယ် နတ်ရေကန်ဝန်းကျင်တိုက်ပွဲများမှ ထွက်ပြေးလာသော တပ်မ (၉၉) နှင့် စကခ (၁၇) လက်အောက်ခံ တပ်ဖွဲ့ဝင် ၂၇ ဦးကို PRA-Magway မှ အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားပါသည်။ အဆိုပါထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး  PRA-Magwayတပ်ဖွဲ့ရဲ့တာဝန်ရှိသူ တစ်ဦးက “ ကျွန်တော်တို့ဖမ်းဆီးခဲ့တဲ့ စစ်သုံးပန်းများဟာ တစ်ချိန်တည်းဖမ်းဆီးထားတာ မဟုတ်ဘဲ နဲ့ ၇ပိုင်းနှင့် ၉လပိုင်းတို့မှာ နတ်ရေကန်ဝန်းကျင်တိုက်ပွဲကနေ အမျိုးထွက်လာကြတဲ့သူတွေဖြစ်ပါ တယ် ဒီဖမ်းဆီးသူတွေထံမှ လက်နက်အနည်းငယ် ယူဆေင်လာတဲ့သူတွေပါရှိသလို လက်နက်ထား ခဲ့ပြီး ထွက်ပြေးလာတဲ့သူတွေလည်း ပါတယ်ဟု “ The Kaladan Post သို့ ပြောဆိုသည်။ ၎င်း ဖမ်းဆီးခံရသူများမှာ အဓမ္မစစ်မှုထမ်းဥပဒေဖြင့် ပေါ်တာဆွဲခံရပြီး အပတ်စဉ် (၇) မှ (၁၃) အထိ သင်တန်းဆင်းထားသူများ ဖြစ်သည်။ ဤစစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားရှိသည်။ မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်တပ်သည် အာဏာသိမ်းပြီးနောက် အဖက်ဖက်မှ ရှုံးနိမ့်ပြိုလဲနေသော်လည်း၊ ရွေးကောက်ပွဲဖြင့် နိုင်ငံရေး ထွက်ပေါက်ရှာဖွေခြင်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကို အသုံးပြု၍ နိုင်ငံတကာဆက်ဆံရေး ထူထောင်ခြင်း၊ အဓမ္မစစ်မှုထမ်းဥပဒေဖြင့် စစ်အင်အားဖြည့်တင်းခြင်းတို့ဖြင့် တကျော့ပြန် အား ကောင်းလာရန် ကြိုးပမ်းလျက်ရှိသည်။ ယခုအခါ စစ်ကောင်စီသည် နိုင်ငံတဝှမ်း ထိုးစစ်ဆင်ရေး များ ပြုလုပ်နေသည်။ နွေဦးတော်လှန်ရေးတွင် လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များသည် အလျားလိုက်ပုံစံဖြင့် အောင်မြင်မှုများ ရရှိခဲ့သော်လည်း၊ ၅ နှစ်နီးပါး ကြာမြင့်လာသည့်တိုင် တစ်ဖွဲ့ချင်း အားကောင်းမှုမှာ ကန့်သတ်ဖြစ်ပြီး တပ်ပေါင်းစုစုစည်းမှု အားနည်းနေခဲ့ကြောင်း PRA-Magway ထုတ်ပြန်ချက်တွင်ထည့်သွင်းထားပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ တကျော့ပြန် အားကောင်းလာမှုကြောင့် ထိန်းချုပ် ဒေသအချို့ ပြန်လည်လက်လွှတ်ရမှုများ ရင်ဆိုင်ရခြင်းဖြစ် ကြောင်း ၎င်းတပ်ဖွဲ့က ထောက်ပြထားသည်။ ထို့ကြောင့် ယခုအချိန်သည် တော်လှန်ရေးအင်အားစု များ၏ တပ်ပေါင်းစုမူဝါဒကို လက်တွေ့အကောင်အထည်ဖော်ရမည့်ကာလဖြစ်ဟု ဆိုသည်။ ဒီ တပ်ပေါင်းစုမူဝါဒကို အကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် “ ကျွန်တော်တို့တော်လှန်ရေး တပ်ဖွဲ့တွေအနေနဲ့ ကျွန်တော်တို့၏ ရည်းမှန်းကဘာလဲဆိုတာသိဖို့လိုတယ် ပြီးတော့ ဘုံလုပ်ငန်းစဥ် ကို ကြည့်ပြီးတော့ တူတဲ့ဟာကို အရင်ရှေ့ရှုးပြီးတော့ ရည်မှန်းချက်ကဘာလဲ ဆိုတာကို အဓိက ထားပြီးတော့ စဥ်းစားဖို့လိုလိမ့်မည်ဟု “ ဆက်လက်ပြောဆိုသည်။  ဖိနှိပ်မှုပေါင်းစုံကို ခံစားခဲ့ရသော လူထုကို အာရုံထားပြီး၊ တစ်ဖွဲ့ချင်းအားကောင်းရေးထက် တော်လှန်ရေးတစ်ခုလုံး အားကောင်းလာ စေရန် ဦးတည်ရမည်ဖြစ်သည်။ ကွဲပြားသော အမိန့်ပေးကွပ်ကဲမှု၊ တပ်အင်အားပြန့်ကြဲမှု၊ ဘဏ္ဍာရေးလေလွင့်မှုများကို အကျစ်လစ်ဆုံး ပေါင်းစည်းကာ တညီတညွတ်တည်း တိုက်ပွဲဝင်ရန် လိုအပ်သည်ဟု PRA-Magway က...

Read More
en_USEnglish