Author: Salai

ဒဟတ်ပင်ရေနံမှော်အနီူ လမ်းပိုင်တစ်တေရာတွင် စကစစစ်ကြောင်းတိုက်ခိုက်ခံပြီး ၆ဦးသေဆုံးကာ ၁၃ဦး ဒဏ်ရာရရှိ

  အောက်တို ၃ The Kaladan Post ဒဟတ်ပင်ရေနံမှော်အနီး သရက် – မင်းလှ လမ်းပိုင်းတစ်နေရာတွင် စစ်ကောင်စီစစ်ကြောင်းအား ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၂) ရက်နေ့ ညနေ (၄) နာရီ ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း United States Of Burma Army _ USBA တပ်ဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ ရဲဘော် ကိုသာချိုက The Kaladan Post သို့ ပြောဆိုသည်။ အဆိုပါတိုက်ပွဲသည် (၃) မိနစ် သာကြာခဲ့ပါတယ် အပြန်အလှန်ပစ်ခတ်ခြင်းမဟုတ်ပဲ တစ်ဘက်သက်ခြုံခို ပစ်ခတ်ခြင်းတာဖြစ်ပြီးတော့ စစ်ကောင်စီ ဘက်က ကျည်(၁) တောင့်မှ ပြန်မပစ်နိုင် ကြောင်းသိရသည်။ထိုသို့ ပစ်ခတ်နေစဉ် အရပ်သားကုန် တင်ကားတစ်စီး မောင်း၀င်လာသဖြင့် များစွာအနှောက်ယှက်ဖြစ်ခဲ့ရပြီး အဆိုပါကားကို မထိအောင် ရှောင်ပစ်ရင်း ပစ်အားလျှော့ချခဲ့ရသဖြင့် စခ (၁၃) ဦးဒဏ်ရာရပြီး (၆) ဦးကျဆုံး ကြောင်းဖရဲသီး သတင်းရ သိရပါတယ်ဟု ပြန်ကြားရေးတာဝန်ခံက ဆက်လက်ပြောဆိုသည်။ ကပစ(၂) မလွန်မှ အင်အား ၁၀၀ ၀န်းကျင်ပါ စစ်စိမ်းရောင် စစ်ဖောကား (၄) စီးဖြင့် အထက်မင်းလှမြို့နယ် လင်းကယ် ရဲ စခန်း အနီးတဝိုက်ကျေးရွာတွေမှာ ‌(၃) ညအိပ် (၄)ရက် စစ်ကြောင်းထိုးပြီး အပြန် တိုက်ခိုက်ခံရတဲ့နေရာမှာ ရပ်တန့်ခြင်းမရှိပဲ ဒဟတ်ပင်ရေနံမှော်ရောက်မှ ရပ်ပြီး လက်နက်ကြီး အချက်ပေါင်းများစွာ ရမ်းသတ်ပစ်ခတ်ခဲ့ကြသည်။ တိုက်ပွဲအတွင်း ကျဆုံးသူတွေကို ကပစ(၂) ထဲသို့ သယ်ဆောင်သွားပြီး ထိခိုက်ဒဏ်ရာ ရသူတွေကိုလဲ ကပစ (၂) ထဲမှာပဲ ကြိတ်ပြီးကုသနေ ကြသည်။ အဆိုပါတိုက်ခိုက်ခံရ‌တဲ့နယ်မြေအား မကြာခင် စစ်ကြောင်းထိုးပြီး နယ်မြေလာရှင်းမယ်လို့ အပြန်လမ်းတစ်လျှောက်ရှိ ၎င်းတို့ကို ထောက်ခံအားပေးသူများကို အားပေးစကားပြောပြီး အခြားဒေသခံပြည်သူများကိုတော့ တွေ့ကြသေးတာပေါ့ဟု ကြိမ်းမောင်းသွားကြသည်။ သို့ဖြစ်ပါ၍  အကြမ်းဖက်စစ်အုပ်စုမှ စစ်ကြောင်းထိုးလာနိုင်သလို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်လာနိုင် သဖြင့် အဆိုပါ ဒဟတ်ပင် ရေနံမှော်အနီးနားရှိပြည်သူများ သတိဝီရိယထားပြီး စစ်အုပ်စုရဲ့အန္တရာယ် ကို ကြိုတင်ပြင်ဆင်ထားကြပါရန်နှင့် ခရီးသွား ပြည်သူတွေအနေဖြင့် အကြမ်းဖက်စစ်အုပ်စု ယာဉ်တမ်းတွေနဲ့ မီတာ (၃၀၀) အတွင်း အနီးကပ်လိုက်ပါခြင်း လုံး၀ မပြုလုပ်ကြရန်နှင့် ပစ်ခတ်မှု အသံများကြားပါက ဘေးကင်းရာအရပ်မှာ ခေတ္တရပ်နားထားပေးကြပါရန် တပ်ဖွဲ့ရဲ့တာဝန်ခံ ရဲဘော် ကိုသာချိုက...

Read More

စစ်မှုထမ်းကြေးလာကောက်သည့် စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး ၂ယောက်သေဆုံး

  အောက်တို ၂ The Kaladan Post ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့၊ နံနက် ၉ နာရီ ၃၀မိနစ်ခန့်တွင် ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ကမ်းပြိုကြီးရွာမှ စစ်မှုထမ်းကြေးကောက်ခံရန် ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ခဲ့ ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂က သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါထုတ်ပြန်ချက် နှင့်ပတ်သက်ပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့ တိုက်ခိုက်ခဲ့တဲ့ စစ်မှုထမ်းကြေးကောက်ရန်ထွက်လာတဲ့ စကစတွေက အင်အား ၂၀ ကျော်ပါတယ် ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကျွန်တို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ ရဲဘော်များက သဲကောဆည်လမ်းဆုံမှ စောင့်ကြိုတိုက်ခိုက်ခဲ့တဲဖြစ်ပြီး စစ်သား ၁ ဦးနှင့် ရဲ ၁ ဦး သေဆုံးပြီး သေနတ် ၂ လက်အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ပါတယ်”ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန်ရှိသူတစ်ဦးက The Kaladan Post သို့ ပြောဆိုသည်။ တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လက်နက်ငယ်များဖြင့် ၄၀ မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ အထိနာကာ တပ်ပျက်ပြီး ဆုတ်ခွာသွားခဲ့သည်။ တိုက်ပွဲပြီးဆုံးပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များက နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် စစ်သား ၁ ဦးနှင့် ရဲ ၁ ဦး၏ ရုပ်အလောင်းများအပြင် G-3 သေနတ် ၁ လက်၊ ကာဘိုင်သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု၊ ကာဘိုင်ကျည် ၄၂ တောင့်၊ လက်ပစ်ဗုံး ၂ လုံး၊ ဓား ၁ ချောင်း၊ ဘတ်တံဆိပ် ၂ ခု၊ မိုလ်ဘိုင်းဖုန်း ၁ လုံး၊ ငွေသား ၅၂၈၀၀၀ ကျပ်နှင့် မှတ်ပုံ တင်ကတ် ၁ ခုတို့ကို သိမ်းဆည်းရရှိခဲ့သည်။ စစ်ခွေးတွေ ကမ်းပြိုကြီးရွာမှာ စစ်မှုထမ်းကြေး ကောက်နေတာကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ ရဲဘော်တွေက စောင့်ကြိုတိုက်ခိုက်ရာ ၄၀ မမ ဗုံးသီးထိမှန်ပြီး စစ်ခွေး ၂ ကောင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ သေဆုံးမှုအရေအတွက်က ပိုများနိုင်ပြီး ရှင်းလင်းရေးလုပ်နေတုန်း စစ်ခွေးတွေက လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အထိနာသွားသော အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေသဖြင့် တိုက်ပွဲများ ထပ်မံဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့အနီးတဝိုက်တွင် သွားလာ နေထိုင်ခြင်းမပြုရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ က...

Read More

အောက်တို (၂) သတင်းတိုပေါင်းချုပ်

ကန့်ဘလူ အုန်းတောရွာ ပျူစောထီးကင်းစခန်း တိုက်ခိုက်သိမ်းပိုက် အောက်တို ၂ The Kaladan Post စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် အုန်းတောရွာရှိ ပျူစောထီးကင်းစခန်းကို အောက်တိုဘာ ၁ ရက်ညက ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ပွဲတွင် ပျူစောထီး ၂ ဦး သေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိခဲ့ကြောင်း အဆိုပါ တပ်ဖွဲ့များက ထုတ်ပြန်ခဲ့သည်။ ထို့အပြင် လက်နက်ကြီးငယ် အပါအဝင် သေနတ် ၇ လက်နှင့် ခဲယမ်းပစ္စည်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သတင်းရရှိသည်။ တိုက်ခိုက်မှုတွင် ကန့်ဘလူခရိုင် ပကဖတပ်ရင်း၊ အမှတ် ၃ (PDF) တပ်ရင်းနှင့် နယ်မြေခံ ပကဖများ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ တိုက်ပွဲအပြီးတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ထိုသို့စစ်ဆင်ရေးသည် ရန်သူ၏ ထိရောက်စွာ တိုက်ခိုက်နိုင်ကြောင်း သက်သေပြသသည့် အောင်ပွဲတစ်ခုဖြစ်ကြောင်း တိုက်ပွဲသမားများက ပြောကြားခဲ့သည်။ နမ္မတူမြို့ပေါ် လေကြောင်းဗုံးကြဲရာ ပြည်သူ သေ ၃ ဦး၊ ၈ ဦးဒဏ်ရာရ အောက်တို ၂ The Kaladan Post ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့ အမှတ် ၈ ရပ်ကွက် ပုဗ္ဗာရုံဘုန်းကြီးကျောင်းနှင့် လူနေရပ်ကွက်ပေါ်သို့ အောက်တိုဘာ ၂ ရက်နံနက် ၇ နာရီ ၂၃ မိနစ်အချိန်တွင် စစ်တပ်က တိုက်လေယာဉ်မှ ဗုံးကြဲချခဲ့ကြောင်း သိရသည်။ ထိုကြောင့် ပြည်သူ ၃ ဦး သေဆုံးပြီး ကလေးများအပါအဝင်...

Read More

အောက်တို (၁) သတင်းတိုပေါင်းချုပ်

လှိုင်သာယာတွင် အုပ်ချုပ်ရေးမှူး ငွေကြေးညှစ်ယူ၊ လူငယ်စာရင်းတောင်းခံမှုများ တိုးမြင့် အောက်တို ၁ The Kaladan Post ရန်ကုန်တိုင်း၊ လှိုင်သာယာအရှေ့ပိုင်း အမှတ် (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဆန်းမြင့်သည် စက်ရုံများ၊ အဆောင်များနှင့် နေအိမ်များထံမှ လစဉ် ဧည့်စာရင်းကြေးအဖြစ် ငွေ ကျပ် ၃ သိန်းမှ ၅ သိန်းတိတိ တောင်းခံနေကြောင်း သိရှိရသည်။ ဧည့်စာရင်းမပေးပါက ထောင်ချခံရမည်ဟု ဖိအားပေးပြီး အဆောင်ပိုင်ရှင်များနှင့် အလုပ်သမားများထံ ငွေကြေးညှစ်ယူနေကြောင်း ဒေသခံများက ဖော်ပြခဲ့သည်။ ထို့အပြင် အဆောင်ပိုင်ရှင်များအားလုံးကို စစ်မှုထမ်းမည့် လူငယ်များကို လစဉ် ရှာပေးရန် ဖိအားပေးကာ အဆောင်တွင်း နေထိုင်သူများအနက်မှ နာမည်စာရင်းပေးခိုင်းနေကြောင်း ဆိုသည်။ လူငယ်စာရင်းမပေးပါက ဖမ်းဆီးသွားမည်ဟု ကြောက်ပွားသည့် ကြိမ်ဖန်များ ရှိပြီး အချို့ အဆောင်ပိုင်ရှင်များက ငွေညှစ်ခံရခြင်းနှင့် လူငယ်စာရင်းပေးရန် ဖိအားခံရခြင်းကြောင့် အဆောင်ပိတ်ရန် အခြေအနေတတ်လာနေသည်။ ထို့ပြင် ဆန်းမြင့်နှင့် လူမိုက်အဖွဲ့များက ညအချိန် လှည့်လည်ပြီး လူငယ်များကို ဖမ်းဆီးကာ စစ်မှုထမ်းစာရင်းသို့ သွင်းခြင်း၊ စစ်မှုထမ်းကြေး ကောက်ခံခြင်းတို့ကို ဆက်လက် ပြုလုပ်နေကြောင်း ဒေသခံများက ထပ်မံ အဆိုပြုကြသည်။ NUGက စစ်အုပ်စုအမည်ပြောင်း “လုံခြုံရေးကော်မရှင်” ကို အကြမ်းဖက်အဖွဲ့အဖြစ် ထပ်မံကြေညာ အောက်တို ၁ The Kaladan Post အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သည် “နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်” ဟု အမည်ပြောင်းထားသည့် စစ်အုပ်စုကို အကြမ်းဖက်အဖွဲ့ အဖြစ် ထပ်မံကြေညာလိုက်ကြောင်း...

Read More

စစ်ကောင်စီရှံးနိမ့်၊ ULF VO2 ၏ လက်နက်သိမ်းဆည်းမှုနှင် “အနောက်မြောက်လွင်ပြင်သို့” ကမ်ပိန်း

  အောက်တို ၁ The Kaladan Post ကနီမြို့နယ်၊ ချောင်းမတိုက်ပွဲတွင် စစ်ရှုံးပြီး ထွက်ပြေးလာသော စစ်ကောင်စီတပ်များအား ဖမ်းဆီး နိုင်ခဲ့ပြီး လက်နက်များနှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း Union Liberation Front – ULF V 02 က ယမန်နေ့ စက်တင်ဘာလ၃၀ရက်နေ့က သတင်းထုတ်ပြန် ခဲ့သည်။ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး Union Liberation Front – ULF V02တပ်ဖွဲ့ရဲတာဝန်ရှိသူတစ်ဦးက” ကနီမြို့နယ် ချောင်းမ‌ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာသော ပသစအပါအဝင် စကစအင်အား ၁၅၀ခန့်ဖြစ်ပါတယ် အဲ့ဒီစစ်ကြောင်းက ချောင်းမတိုက်ပွဲကနေ စစ်ပုံပျက်ပြီး ကစဥ့်ကလျားထွက် ပြေးသွားကြတဲ့ စကစတွေကို လိုက်လံရှာဖွေဖမ်းစီးခဲ့တာဖြစ်ပြီး လက်ရှိမှာလည်း နယ်မြေရှင်းလင်း ရေး လုပ်ဆောင်တာပြီးသွားပါပြီး ကျွန်တော်တို့လုပ်ငန်းတွေလည်း ပုံမှန်အတိုင်းလည်ပတ်နေပါပြီ “ဟု The Kaladan Post သို့ ပြောဆိုသည်။ ထို့အပြင် စစ်အာဏာရှင်အား အမြန်ဆုံးအနိုင်တိုင်ထုတ် နိုင်ရေးအတွက် Union Liberation Front – ULF V 02 တပ်ဖွဲ့မှ အနောက်မြောက်လွင်ပြင်သို့ ခေါင်း စဥ်ဖြင့် ကမ်းပိန်းပြုလုပ်လျက်ရှိပြီး အဆိုပါကမ်းပိန်းကို တော်လှန်ပြည်သူများအနေဖြင့် ပါဝင်အား ဖြည့်ပေးကြပါရန် တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက တိုက်တွန်းထားပါသည်။ “အနောက်မြောက်လွင်ပြင်သို့’ ကမ်ပိန်းသည် ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၀ရက်နေ့မှ အောက်တို ဘာလ ၄ရက်နေ့အထိ ကနဦး သတ်မှတ်ထားတာဖြစ်သော်လည်း သတ်မှတ်ထားသောငွေမှ (၂၁ )ရာခိုင်သာ ရရှိသေးအတွက် နောက်ထပ်တစ်လကို ကမ်းပိန်းကာလအဖြစ်ထပ်တိုးဖို့ စီစဥ်ထားကြောင်း ၎င်းက ဆက်လက်ပြော ဆိုသည်။ တော်လှန်ပြည်သူတွေအနေဖြင့် ဒီစစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းသည်အထိ တိုက်ထုတ် ဖို့လိုအပ်နေသေးသောကြောင့် ဒီတော်လှန်ရေးကို မိမိတာဝန်အဖြစ်သတ်မှတ်ကာ “အနောက် မြောက်လွင်ပြင်သို့” ကမ်ပိန်းအား သတ်မှတ်ထားသော ရာခိုင်နှုန်းပြည့်မီနိုင်ရန်အတွက် မိမိတို့ နိုင်သလောက်ဖြင့် ပါဝင်အားဖြည့်ပေးကြရန် Union Liberation Front – ULF V 02 တပ်ဖွဲ့ရဲ့တာဝန်ရှိသူ တစ်ဦးက တိုက်တွန်းထားပါသည်။ ထုအပြင် ၂၀၂၅ခုနှစ်၊စက်တင်ဘာလ ၁၂ ရက်နေ့တွင် ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၂ ဦးကို အသေဖမ်းဆီးနိုင်ခဲ့ပြီး MA-1 သေနတ် ၂ လက်၊ ၅.၅၆ မမ ကျည်ဆန် ၁၇၀ တောင့်နှင့် ကျည်ဘောက် ၈ ခုကို သိမ်းဆည်းရရှိ ခဲ့သည်။ ထို့နောက် စက်တင်ဘာ ၁၈၊ ၂၀၂၅ ရက်နေ့တွင် ထပ်မံ၍ ထွက်ပြေးလာသော စစ်ကောင်စီ တပ်မှ ဒုတပ်ကြပ် ၁ ဦးနှင့် တပ်သား ၂ ဦးတို့ကို အရှင်ဖမ်း ဆီးနိုင်ခဲ့ပြီး MA-1 သေနတ် ၂ လက်၊ MA-2 သေနတ် ၁ လက်၊ ၅.၅၆ မမ ကျည်ဆန် ၂၀၀ တောင့်၊ ကျည်ဘောက် ၈ ခုနှင့် ဖုန်း ၄ လုံးကို သိမ်းဆည်းရရှိခဲ့သည်။ စက်တင်ဘာ ၂၉၊ ၂၀၂၅ ရက်နေ့တွင်လည်း ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၁ ဦးကို သေဆုံးသည်အထိ ဖမ်းဆီးနိုင်ခဲ့ပြီး MA-1 သေနတ် ၁လက်၊ ၅.၅၆ မမ ကျည်ဆန် ၅၀ တောင့်နှင့် ကျည်ဘောက် ၃ ခုကို ထပ်မံသိမ်းဆည်းရရှိခဲ့သည်။ စုစုပေါင်း စစ်ကောင်စီတပ်သား ၆ ဦးအနက် ၃ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပြီး ၃ ဦးမှာ သေဆုံးခဲ့ကာ MA-1 သေနတ် ၅ လက်၊ MA-2 သေနတ်...

Read More
en_USEnglish