Author: Salai

“တော်လှန်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများ၊ ပြည်သူ့အခန်းကဏ္ဍနှင့် မျှော်လင့်ချက်များ”

“တော်လှန်ရေး ရန်ပုံငွေ စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများ၊ ပြည်သူ့အခန်းကဏ္ဍနှင့် မျှော်လင့်ချက်များ”

Read More

စက်တင် (၃၀) သတင်းတိုပေါင်းချုပ်

ဒုံးမြို့တွင် စစ်တပ်လေကြောင်းတိုက်ခိုက်ခံရ၊ ပြည်သူ ၈ ဦး သေဆုံး စက်တင် ၃၀ The Kaladan Post ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးမြို့ကို စစ်တပ်လေယာဉ်များက စက်တင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲပိုင်းတွင် တိုက်ပွဲမရှိသော်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဈေးတန်းနှင့် မူးယစ်ဆေးဖျက်ရေးကော်မတီရုံးဧရိယာတို့တွင် ဗုံးကြဲမှုဖြစ်ပွား၍ ပြည်သူ ၈ ဦး သေဆုံးသည့်အပြင် ကျောင်းဆင်းချိန်ဖြစ်သောကြောင့် ကျောင်းသားများအပါအဝင် လူထိခိုက်မှုများ ဖြစ်ပေါ်ခဲ့သည်။ သေဆုံးသူများထဲတွင် ကလေးငယ်များနှင့် ဒေသခံများပါဝင်ပြီး အမည်များအချို့ကို သိရှိနိုင်ခဲ့ကြသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြင်းထန်ဒဏ်ရာရသူများလည်း အများအပြားရှိပြီး ထိုထဲတွင် ကျောင်းမှ ပြန်လာသည့် ကလေးငယ် ၂ ဦးပါဝင်ကာ အသက်အန္တရာယ် စိုးရိမ်စရာကြီးထွားနေကြောင်း သိရသည်။ ဒေသခံများက ယင်းတိုက်ခိုက်မှုကို ရည်ရွယ်ချက်ရှိရှိ ပြည်သူများကို ဗုံးကြဲခြင်းဟု ခေါ်ဆိုခဲ့ကြပြီး လက်ရှိတွင် စစ်တပ်က ကချင်ပြည်နယ်၌ လေကြောင်းတိုက်ခိုက်မှုများနှင့် မြေကြောင်းထိုးစစ်များကို တိုးမြှင့်ဆောင်ရွက်နေသည်ဟု သိရသည်။ မင်းအောင်လှိုင်၊ တိုင်းပြည် အခြေအနေကို ပညာရေးအားနည်းမှုကြောင့်ဟု အပြစ်တင် စက်တင် ၃၀ The Kaladan Post အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ ပကတိအခြေအနေကို ပြည်သူများ၏ အမြင်မကျယ်မှုနှင့် ပညာရေးအားနည်းမှုကြောင့် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ယင်းသည် ရုရှားနိုင်ငံမှ ပြန်လာသည့် လေယာဉ်ပေါ်တွင် စစ်တပ်လက်အောက်ခံ မီဒီယာများအား ထုတ်ဖော် ပြောကြားရာမှ သိရှိရသည်။ မင်းအောင်လှိုင်က နိုင်ငံရေး၊ ဘာသာရေးနှင့် တိုင်းရင်းသားရေး ဆိုင်ရာ သဘောထားများတွင်...

Read More

စစ်ကောင်စီထံ ဖက်ပြောင်းသွားသော ရဲဘော်(၄)ဦးကြောင့် အညာမြေတပ်ပေါင်းစု စခန်းခွဲတစ်ခု လေကြောင်းတိုက်ခိုက်ခံရပြီး တော်လှန်ရေးရဲဘော် ၃ဦးကျဆုံး

  စက်တင် ၃၀ The Kaladan Post   ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၈ရက်နေ့ ညနေတွင် အညာမြေတပ်ပေါင်းစု စခန်းခွဲတစ်ခုကို အကြမ်းဖက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး တော်လှန်ရေးရဲဘော် ၃ဦး ကျဆုံးခဲ့ကြောင်း အညာ မြေတပ်ပေါင်းစုက ယမန်နေ့ စက်တင်ဘာလ ၂၉ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ထုတ်ပြန် ချက်နှင့် ပတ်သက်ပြီး အညာမြေတပ်ပေါင်းစုရဲ့ တာဝန်ရှိသူတစ်ဦးက “ ကျွန်တော်တို့တပ်ပေါင်းစု စခန်း ခွဲတစ်ခုကို ဗုံးကျဲတိုက်ခိုက်သွားတဲ့လေကြောင်းက ပခုက္ကူတပ်မ ၁၀၁ကနေတက်လာတဲ့ ပါရာမော်တာ ဖြစ်ပါတယ် ဗုံးနစ်လုံးကျဲချသွားတော့ ယခုလိုပြည်သူ့ ရဲဘော်နှစ်ဦး မြင့်မြတ်စွာကျဆုံးသွားတာပေါ့ဗျ ဒီလို အတိအကျကို ဗုံးကြဲချမှုဟာလည်း ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၉ရက်နေ့က အကြမ်းဖက်စကစ ထံ ဝင်သွားတဲ့ ယခင်က ကျွန်တော်တို့ရဲဘော်ဟောင်း ၄ယောက်က သတင်းအတိအကျပေးလို့ဗုံးကြဲခံ လိုက်ရပါ “ဟု The Kaladan Post သို့ပြောဆိုသည်။ ၎င်း လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ့ တော်လှန်ရေးရဲဘော် အညာမြေတပ်ပေါင်းစုမှာ တာဝန်ထမ်းဆောင်နေသူ ရဲဘော် သေမင်း ၊တာဝန် စခန်းမှူး၊ တပ်စိတ်မှူး၊ အသက်( ၂၀)နှစ်၊  ရဲဘော် ဗလ ၊အသက် (၁၈) God of myaing နှင့် ရဲဘော် နိုင်ကြီး၊ အသက် (၃၄)နှစ်၊ PI pdf ရဲဘော်သုံးဦး ကျဆုံးခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါဖြစ်စဥ်သည် တော်လှန်ရေး တပ်ဖွဲ့တွေအနေဖြင့် မိမိတို့တပ်ဖွဲ့ကနေ အကြမ်းဖက် စကစထံ ဖက်ပြောင်းသွားတဲ့ ရဲဘော်တွေရှိပါက  အကြမ်းဖက်စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုပြုလုပ်မှာ အသေအခြာပင်ဖြစ်သောကြောင့် မလိုအပ် ဘဲ တော်လှန်ရေးရဲဘော်တွေ ကျဆုံးထိခိုက်မှုမရှိလေအောင် တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေ အနေဖြင့် အထူးသတိထားရဖြစ်ပြီး မိမိတို့တပ်အထိုင်ချစခန်းများအား အမြန်ဆုံးပြောင်းရွှေ့သွားရန် လိုအပ်ကြောင်း သုံးသပ်မှုများ ရှိနေသည်။ ထို့အပြင် အဖိုးတန်လှသော ဤဆုံးရှူံး မှုများအတွက် အညာမြေတပ်ပေါင်းစုမှ ဖော်မပြနိုင် အောင် ကြေကွဲခံစားရပါကြောင်းနှင့် တော်လှန် ရေးအတွက်၊ ရဲဘော်များ၏ မိဘများအတွက် အညာမြေ တပ်ပေါင်းစုမှ ဒီဆုံးရှုံးမှုများကို ပြန်လည်တောင်းယူ ကုစားပါသွားမည်ဟု ၎င်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ ဤသို့ ကျဆုံးခဲ့ကြသော ရဲဘော်များ၏ မျက်နှာကို ထောက်ရှူသောအားဖြင့် တော်လှန်ရေးတွင် ရိုးသားစွာ၊ ယုံကြည်စွာ၊ ခိုင်မာစွာ၊ လမ်းစဉ်မှန်စွာ ပါဝင်ပေးကြပါရန် ရဲဘော်များနှင့် ပြည်သူများအား အညာမြေတပ်ပေါင်းစုမှ လေးစားစွာ ထပ်လောင်း...

Read More

စကစတပ်သား ထက်မြတ်ထွန်း လက်နက်အပြည့်စုံဖြင့် မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်းထံ အလင်းဝင်

  စက်တင် ၃၀ The Kaladan Post   စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့ နွယ်တမယ် တံတားရှိဂိတ်တွင် တာဝန်ကျစဥ် ခ.လ.ရ(၂၅၄)မှ တပ်သား ထက်မြတ်ထွန်းသည် လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၅) တပ်ရင်းက သတင်းထုတ်ပြန်ထားပါသည်။ အဆိုပါသတင်းထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး မင်းဘူးခရိုင် အမှတ်(၅)တပ်ရင်းမှူး ကိုမိုးကြိုးက “ ကျွန်တော်တို့ထံအလင်းဝင်လာသူ တပ်သား ထက်မြတ်ထွန်းသည် ယခင်က မြင်းခြံဘက်က တော်လှန်ရေးအဖွဲ့အစည်းတစ်ခုမှာ ထောက်ပို့တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပါ တယ် သူဟာ စလင်းတပ်နယ် ခလရ ၂၅၄ရောက်ကာ ဆင်ဖြူမြို့နွယ်တမယ် တံတားမှာတာဝန်ကျခဲ့ပြီး သူညီနဲ့ ချိတ်ဆက်ရခဲ့ပါတယ် သူတို့ညီအစ်ကို အချိတ်ဆက်ရရှိချိန်ကတည်းက အခွင့်သာတာနဲ့ အမျှ လက်နက်ယူဆောင်ပြီး အလင်းဝင်ရန် ဆုံးဖြတ်သူဖြစ်ပါတယ်။ သူ့ညီမှ တဆင့်ကြားခံ တစ်ယောက်က နယ်မြေခံတပ်ရင်းဖြစ်တဲ့ ကျွန်တော်တို့ မင်းဘူးခရိုင်တပ်ရင်း ၅က တာဝန်ရှိသူ တစ်ဦးကို ချိတ်ဆက်ကာ  သူထွက်ပြေးလာပြီး ကျွန်တော်တို့က သွားကြိုပေးရပါတယ်”ဟု The Kaladan Post သို့ ပြောဆိုသည်။ စစ်ကောင်စီတပ်သား ထက်မြတ်ထွန်းသည် ကိုယ်ပိုင်အမှတ် ပစ/၁၅၃၄၆၅ စစ်ပညာသင်တန်း အပါတ် စဉ် ၁/၂၀၂၄ သည် မင်းဘူးခရိုင်တပ်ရင်း (၅)တပ်ဖွဲ့ထံ MA-၂ (၁)လက်၊ ကျည်ဘောက် (၃)ခု၊ ဘောက်ဝိုင်း (၁)ခု ၊လက်ပစ်ဗုံး ( ၁)လုံး ၊ ၅.၅၆ ကျည် (၁၄၅)တောင့် ယူဆောင်ကာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် အလင်းဝင်ခဲ့ခြင်းဖြစ်သည်။ ထက်မြတ်ထွန်းသည် ယခင်က မြင်းခြံဘက်မှာ ထောက်ပို့ ရဲဘော်ဟောင်းတစ်ဦးဖြစ်ပြီး ထောက်ပို့လုပ်ငန်းလုပ်ဆောင်စဥ် ၂၀၂၃ခုနှစ်၇ လပိုင်းတွင် လမ်းပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့တွေ၏ ပေါ်တာဆွဲခံခဲ့ရသူဖြစ်သည်။  ပြင်ဦးလွင် – မန္တလေး​ကြား မန္တလေးစုဆောင်း ရေးတပ် ၉၁၀တွင် ၃လ သင်တန်းတက်ခဲ့ပြီးနောက် တောင်ကြီး ဟိုပုံးမြို့တွင် ၆လ သင်တန်းတက် ရောက်ခဲ့သူဖြစ်သည်။  ထိုသို့ အလင်းဝင်လာသူ တပ်သား ထက်မြတ်ထွန်းကို မင်းဘူး ခရိုင်၊ အမှတ်(၅) တပ်ရင်းမှ သိန်း(၁၀၀)ကျပ်တိတိကို ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ခဲ့ပြီး ၎င်းဖြစ်ချင်သည့် ဆန္ဒအတိုင်း ဆက်လက်လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။ ထို့အပြင်ယခုလို အကြမ်းဖက်စစ်တပ်၏ လက်အောက်မှ ရုန်းထွက်ကာ တော်လှန်ရေးတပ်ဖွဲ့များထံ ပူးပေါင်းပါဝင်လိုသူများကို မင်းဘူးခရိုင်ရှိ တော်လှန်ရေးတပ်ဖွဲ့များမှ ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုလျှက်ရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင်...

Read More

စက်တင် (၂၉) သတင်းတိုပေါင်းချုပ်

ကြို့ပင်ကောက်ရွာ ဒရုန်းဗုံးကြဲ တိုက်ခိုက်မှုတွင် ကျောင်းသားတစ်ဦး သေဆုံး စက်တင် ၂၉ The Kaladan Post ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ဥယျဉ်ကြီးရွာကို စစ်တပ်က တိုက်ပွဲ မဖြစ်ပွားဘဲ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ နေအိမ်တွင် စာကျက်နေသည့် အသက် ၁၈ နှစ်အရွယ် ၁၀ တန်းကျောင်းသား မောင်အိုင်စတိုင်း ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက ဆိုသည်။ စက်တင်ဘာ ၂၈ ရက် ညနေပိုင်းတွင် အလယ်ကုန်းရဲစခန်းမှ စစ်သားများက အဆိုပါ ရွာကို ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဗုံးစ ရင်ဘတ်ကို ထိမှန်ခဲ့သဖြင့် ကျောင်းသားမှာ ချက်ချင်း သေဆုံးခဲ့ပြီး နေအိမ်လည်း ပျက်စီးခဲ့ကြောင်း သိရသည်။ စာမေးပွဲ ကာလ ဖြစ်သဖြင့် အိမ်ပေါ်တွင် စာကျက်နေချိန် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဒေသခံ တစ်ဦးက စစ်သားများ၏ တိုက်ခိုက်မှုကြောင့် ရွာသားများ ထိတ်လန့်ခဲ့ရကြောင်း ပြောဆိုသည်။ အဆိုပါ အလယ်ကုန်းရဲစခန်းမှ စစ်သားများသည် စက်တင်ဘာ ၂၆ ရက်နှင့် ၂၇ ရက်တို့တွင်လည်း ကြို့ပင်ကောက်မြို့နယ်နှင့် အုတ်ဖိုမြို့နယ် အစပ်ရှိ ကျေးရွာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒေါင်စပါးကွင်ရွာ၊ မြို့ကိုင်ရွာ၊ ဖလံပင်ရွာနှင့် ရွာသစ်ရွာတို့ကို ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ နေအိမ်များ ပျက်စီးခဲ့သည်။ ရွာသားများ မှာ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။ ဒေသတွင်...

Read More
en_USEnglish