ဩဂုတ် ၁၁၊ ၂၀၂၆

The Kaladan Post

မ ဗီယက်နမ်နိုင်ငံ၏ အကြီးဆုံးနှင့် အဆင့်မြင့်ဆုံး ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောဖျက် စစ်သင်္ဘောကို စတင် တည်ဆောက်နေပြီ ဖြစ်ကြောင်း တပ်မတော်ပိုင် သတင်းစာက အင်္ဂါနေ့ (ဩဂုတ်လ ၁၁ ရက်) တွင် ဖော်ပြလိုက်ပါတယ်။

အဆိုပါ စစ်သင်္ဘောကို ဒါနန်း (Danang) မြို့ရှိ ကာကွယ်ရေးဝန်ကြီးဌာနပိုင် ဆောင်သူ (Song Thu) သင်္ဘောကျင်းတွင် တည်ဆောက်နေခြင်းဖြစ်ပြီး လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ကိရိယာ အများစုကို ပြည်တွင်း၌ပင် တီထွင် သို့မဟုတ် တပ်ဆင်သွားမည်ဟု Quan Doi Nhan Dan သတင်းစာက ဖော်ပြထားပါတယ်။

တောင်တရုတ်ပင်လယ် အငြင်းပွားမှုများရှိနေသည့် ဗီယက်နမ်သည် ရုရှားထံမှ စစ်လက်နက် တင်သွင်းမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချရန်နှင့် ပြည်တွင်း ကာကွယ်ရေး ထုတ်လုပ်မှုကို တိုးချဲ့ရန် ကြိုးပမ်းနေတာ ဖြစ်ပါတယ်။ ယခု စီမံကိန်းသည် “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော၊ မိမိကိုယ်ကို အားကိုးသော၊ မိမိကိုယ်ကို သန်မာစေသော၊ နှစ်မျိုးသုံးနှင့် ခေတ်မီသော” (autonomous, self-reliant, self-strengthening, dual-use and modern) ကာကွယ်ရေး စက်မှုလုပ်ငန်း တည်ဆောက်ရေး ပေါ်လစီနှင့် အညီဖြစ်ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

ယခု စစ်သင်္ဘော တည်ဆောက်ရေးတွင် စစ်တပ်ပိုင် ဆက်သွယ်ရေး ကုမ္ပဏီ Viettel ကလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ ဗီယက်နမ် ရေတပ်သည် ရုရှားလုပ် ကီလို (Kilo) အဆင့် ရေငုပ်သင်္ဘောများနှင့် ဂျပတ် (Gepard) အဆင့် စစ်သင်္ဘောများကို ဝယ်ယူထားပြီး ပြည်တွင်းဖြစ် စစ်သင်္ဘောများကိုလည်း တိုးချဲ့ ထုတ်လုပ်လျက် ရှိပါတယ်။

Source – Reuters