ဩဂုတ် ၁၉၊ ၂၀၂၆

The Kaladan Post

ဖလော်ရီဒါပြည်နယ်၏ ဒီမိုကရက်တစ် အမေရိကန် ဆီးနိတ် ပဏာမရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် ဆိုရှယ်လစ် အန်ဂျီ နစ်ခ်ဆွန် (Angie Nixon) က အမျိုးသားလုံခြုံရေး အရာရှိဟောင်း အဲလက်စ် ဗင်းဒ်မန်း (Alex Vindman) ကို မမျှော်လင့်ဘဲ အနိုင်ရရှိခဲ့ကြောင်း အင်္ဂါနေ့ (ဩဂုတ်လ ၁၈ ရက်) တွင် သိရပါတယ်။

အသက် ၄၂ နှစ်အရွယ် နစ်ခ်ဆွန် သည် ၂၀၂၀ ပြည့်နှစ်မှစ၍ ဖလော်ရီဒါ ပြည်နယ်လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး လာမည့် နိုဝင်ဘာ ရွေးကောက်ပွဲတွင် ရစ်ပါဘလီကန် ဆီးနိတ်အမတ် အက်ရှ်လီ မူဒီ (Ashley Moody) နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ပါတယ်။ မူဒီသည် လက်ရှိ နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မာကို ရူးဘီယိုး (Marco Rubio) ၏ ဆီးနိတ်အမတ် ရာထူးသက်တမ်း ကျန်ရှိသည့် ၂ နှစ်အတွက် ယှဉ်ပြိုင်နေခြင်း ဖြစ်ပါတယ်။

အလက်စကာ ပြည်နယ်တွင်လည်း ဆီးနိတ် ပဏာမရွေးကောက်ပွဲ ကျင်းပခဲ့ရာ လက်ရှိ ရစ်ပါဘလီကန် အမတ် ဒန် အက်စ် ဆူလီဗန် (Dan S. Sullivan) သည် အမည်တူ ရစ်ပါဘလီကန် ကိုယ်စားလှယ် ဒန် ဂျေ ဆူလီဗန် နှင့် ဒီမိုကရက်တစ် ကိုယ်စားလှယ် မေရီ ပဲလ်တိုလာ (Mary Peltola) တို့နှင့် ယှဉ်ပြိုင်ခဲ့ရပါတယ်။ သမ္မတ ထရမ့်က “သတိထားကြပါ၊ ဒီနေ့ အစစ်အမှန် ဒန် ဆူလီဗန်ကို မဲပေးကြပါ” ဟု လူမှုကွန်ရက်တွင် ရေးသားကာ မဲဆန္ဒရှင်များကို သတိပေးခဲ့ကြောင်း သိရပါတယ်။

Source – Reuters