ဩဂုတ် ၂၁၊ ၂၀၂၆

The Kaladan Post

၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် မာရီယားနား (Mariana) ရေကာတာ ပြိုကျမှုအတွက် သတ္တုတူးဖော်ရေး ကုမ္ပဏီများဖြစ်သော BHP၊ Vale နှင့် Samarco တို့၏ လျော်ကြေး သဘောတူညီချက်တွင် ဘေးသင့်ခဲ့သည့် မာရီယားနား မြို့အပါအဝင် မြို့ပေါင်း ၁၉ မြို့ ထပ်မံ ပါဝင်လာကြောင်း ဘရာဇီး တရားရုံးက ကြာသပတေးနေ့ (ဩဂုတ်လ ၂၀ ရက်) တွင် ထုတ်ပြန်လိုက်ပါတယ်။

ယခု တိုးတက်မှုကြောင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလက သဘောတူညီခဲ့သည့် ဒေါ်လာ ၃၂.၇၄ ဘီလီယံ (ရီယဲလ် ၁၇၀ ဘီလီယံ) တန်ဖိုးရှိ လျော်ကြေး သဘောတူညီချက်၌ ပါဝင်သည့် မြို့ပေါင်း ၄၅ မြို့အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်က ဖြစ်ပွားခဲ့သည့် အဆိုပါ သဘာဝဘေးအန္တရာယ်ကြောင့် လူ ၁၉ ဦး သေဆုံးခဲ့ပြီး မြစ်တစ်လျှောက် သဘာဝပတ်ဝန်းကျင် ပြင်းထန်စွာ ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။

မာရီယားနား မြို့တော်ဝန် ဂျူလီယာနို ဒူအာတေး (Juliano Duarte) က “ဒါကို မြို့တော်အတွက် သမိုင်းဝင် အောင်ပွဲတစ်ခုအဖြစ် ကျွန်တော်တို့ သတ်မှတ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။ ယူကေတရားရုံးတွင် BHP ကုမ္ပဏီအပေါ် သီးခြား တရားစွဲဆိုထားမှုများ ရှိနေသေးပြီး မြို့တော်အစိုးရအနေဖြင့် တရားစွဲဆိုသူများဘက်မှ ဆက်လက် ရပ်တည်ပေးသွားမည်ဟု မေမြို့တော်ဝန်က ဆိုပါတယ်။

Source – Reuters