ဩဂုတ် ၆၊ ၂၀၂၆
The Kaladan Post
အမေရိကန်က ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်တွင် စတင်ကောက်ခံခဲ့သော ၁၂.၅ ရာခိုင်နှုန်း အခွန်သစ်ကြောင့် အမေရိကန်ဒေါ်လာ ၇.၄ ဘီလီယံ (စင်ကာပူဒေါ်လာ ၉.၅ ဘီလီယံ) တန်ဖိုးရှိ စင်ကာပူ ပို့ကုန်များ ထိခိုက်မှုရှိနေကြောင်း ကုန်သွယ်ရေးဝန်ကြီး ဂန်ကင်ယောင်း (Gan Kim Yong) က ပြောကြားလိုက်ပါတယ်။
အဆိုပါ အခွန်စည်းကြပ်မှုသည် ၁၉၇၄ အမေရိကန် ကုန်သွယ်ရေးအက်ဥပဒေ ပုဒ်မ ၃၀၁ အရ ကောက်ခံခြင်းဖြစ်ပြီး စင်ကာပူ ပို့ကုန်စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်ရှိသည့် ဖန်ဘီလူးဆိုင်ရာ ကိရိယာများနှင့် ဓာတုပစ္စည်းများ ပါဝင်နေပါတယ်။ သို့သော် စွမ်းအင်နှင့် စွမ်းအင်ထွက်ပစ္စည်းများ၊ အီလက်ထရွန်နစ်နှင့် လေကြောင်းဆိုင်ရာ ပစ္စည်းအချို့၊ ဆေမီကွန်ဒတ်တာများနှင့် ဆေးဝါးများကိုမူ ကင်းလွတ်ခွင့် ပေးထားပါတယ်။
အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုဖြင့် ထုတ်လုပ်သော ကုန်ပစ္စည်းများ တင်သွင်းမှုကို တားမြစ်သည့် ဥပဒေ သို့မဟုတ် သဘောတူညီချက် စင်ကာပူတွင် မရှိခြင်းကြောင့် အခွန် စည်းကြပ်ခြင်းဖြစ်သည်ဟု အမေရိကန်ဘက်က ဆိုပါတယ်။ ကုန်သွယ်ရေးဝန်ကြီး ဂန်ကင်ယောင်းက “အရေးကြီးတာက အဲဒီလို တားမြစ်ချက်တွေ ထုတ်ပြန်ထားပြီးသား နိုင်ငံတွေ အပါအဝင် စီးပွားရေးနိုင်ငံ ပေါင်း ၆၀ ထဲက ဘာနိုင်ငံမှ အခွန်ကင်းလွတ်ခွင့် အပြည့်အဝ မရရှိခဲ့ပါဘူး” ဟု ဗုဒ္ဓဟူးနေ့ (ဩဂုတ်လ ၅ ရက်) လွှတ်တော်တွင် ပြောကြားခဲ့ပါတယ်။
စင်ကာပူနိုင်ငံအနေဖြင့် အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုပါဝင်သည့် ကုန်သွယ်မှုများတွင် ပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုထားပြီး အမေရိကန်နှင့် သဘောတူညီချက်ရယူရန် ကိစ္စများကို သေချာစွာ စဉ်းစားသွားမည်ဟု ဆိုပါတယ်။ စင်ကာပူသည် အဓိက ကုန်သွယ်ရေးစဟပ် တစ်ခုဖြစ်ပြီး နှစ်စဉ် ကုန်စည်နှင့် ဝန်ဆောင်မှု ကုန်သွယ်မှု စုစုပေါင်း စင်ကာပူဒေါ်လာ ၂.၅ တရီလီယံ ရှိသဖြင့် မည်သည့် တင်သွင်းမှု တားမြစ်ချက်မဆို သက်ရောက်မှု အကြီးအမား ရှိနိုင်ပါတယ်။
Source – Reuters