ဩဂုတ် ၂၂၊ ၂၀၂၆

The Kaladan Post

မြန်မာနိုင်ငံရေး သုတေသီ ဒေါက်တာမင်းဇင် ကို မတရား ဖမ်းဆီးထားသည်ဆိုသည့် အမေရိကန်၏ ပြောကြားချက်ကို တရုတ်နိုင်ငံက ငြင်းဆိုလိုက်ပြီး ၎င်းသည် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေခဲ့ကြောင်း သောကြာနေ့ (ဩဂုတ်လ ၂၁ ရက်) တွင် တုံ့ပြန်လိုက်ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက “တရုတ်နိုင်ငံဟာ ဥပဒေစိုးမိုးတဲ့ နိုင်ငံတစ်ခုဖြစ်ပြီး မတရားဖမ်းဆီးတာဆိုတာမျိုး မရှိပါဘူး” ဟု ပြောကြားခဲ့ပါတယ်။ ၎င်းက ဆက်လက်ပြီး ဒေါက်တာမင်းဇင်သည် တရုတ်နိုင်ငံ၏ အမျိုးသား လုံခြုံရေးကို ထိခိုက်စေသည့် လုပ်ဆောင်ချက်များ ပြုလုပ်ခဲ့သဖြင့် တရုတ်ဥပဒေကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် ဒေါက်တာမင်းဇင် အား မတရား ဖမ်းဆီးခံရသူအဖြစ် သတ်မှတ်ခဲ့ပြီး ၎င်းလွတ်မြောက်ရေးကို ထိပ်တန်း ဦးစားပေးအဖြစ် ဆောင်ရွက်မည်ဟု ထုတ်ပြန်ခဲ့ပါတယ်။ ယခု အငြင်းပွားမှုသည် စက်တင်ဘာလ ၂၄ ရက်နေ့တွင် အိမ်ဖြူတော်သို့ သမ္မတ ရှီကျင့်ဖိန် သွားရောက်မည့် ခရီးစဉ် မတိုင်မီ ပေါ်ပေါက်လာခြင်း ဖြစ်ပါတယ်။

ဒေါက်တာမင်းဇင် သည် တရုတ်အစိုးရ၏ ဖိတ်ကြားချက်အရ စာတမ်းဖတ်ပွဲ တက်ရောက်ရန် ဇွန်လ ၃ ရက်နေ့က ယူနန်သို့ သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပါတယ်။ ၎င်းသည် မြန်မာနိုင်ငံရှိ ပဋိပက္ခများကို သုတေသနပြုသည့် သေနင်္ဂဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျူး (ISP-Myanmar) ကို ပူးတွဲ တည်ထောင်ခဲ့သူဖြစ်ပြီး ၎င်းအပြင် အမေရိကန်နိုင်ငံသား ယူလင်း ချင်း (Youlin Chen) လည်း တရုတ်တွင် ဖမ်းဆီးခံထားရကြောင်း သိရပါတယ်။

Source – Al Jazeera