ဩဂုတ် ၂၀၊ ၂၀၂၆

The Kaladan Post

တရုတ်၏ စစ်ရေး ဖိအားပေးမှုများကို တုံ့ပြန်ရန် လာမည့် ၂၀၂၇ ခုနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်ကို ၁၈ ရာခိုင်နှုန်း တိုးမြှင့်ကာ ထိုင်ဝမ်ဒေါ်လာ ၁.၁၂၂၅ တရီလီယံ (အမေရိကန်ဒေါ်လာ ၃၁.၄၁ ဘီလီယံ) စံချိန်တင် သုံးစွဲရန် ထိုင်ဝမ်အစိုးရက ကြာသပတေးနေ့ (ဩဂုတ်လ ၂၀ ရက်) တွင် တရားဝင် အဆိုပြုလိုက်ပါတယ်။

၂၀၂၇ အထွေထွေ ဘတ်ဂျက်ကို အတည်ပြုသည့် အစိုးရအဖွဲ့ အစည်းအဝေးအပြီးတွင် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခု တိုးမြှင့်လိုက်သည့် ကာကွယ်ရေး အသုံးစရိတ်သည် ဂျီဒီပီ (GDP) ၏ ၃ ရာခိုင်နှုန်းထက် ကျော်လွန်မည် ဖြစ်ပါတယ်။ သမ္မတ လိုင်ချင်းတဲ (Lai Ching-te) သည် တပ်မတော် ခေတ်မီရေးနှင့် ပြည်တွင်းဖြစ် ရေငုပ်သင်္ဘော တည်ဆောက်ရေးတို့ကို အဓိက မူဝါဒအဖြစ် လုပ်ဆောင်လျက် ရှိပါတယ်။

အမေရိကန်ပြည်ထောင်စုကလည်း ထိုင်ဝမ်အား ကာကွယ်ရေး အသုံးစရိတ် ပိုမို သုံးစွဲရန် တိုက်တွန်းထားပါတယ်။ ပြီးခဲ့သည့်သီတင်းပတ်က ဟန်ကွမ် (Han Kuang) စစ်ရေးလေ့ကျင့်မှု ပြီးဆုံးခဲ့ပြီးနောက် တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါ လေ့ကျင့်မှုများကို “အလဟဿ ဖြစ်စေသည့် အပြသဘောမျိုး” (wasteful charade) ဟု ခေါ်ဆိုခဲ့ပြီး “စစ်မီး ထိတ်လန့်မှုကို ပိုမိုမြင့်တက်စေခဲ့သည်” (stoked war panic) ဟု ဝေဖန်ခဲ့ပါတယ်။

Source – Reuters