ဩဂုတ် ၁၅၊ ၂၀၂၆
The Kaladan Post
ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအတွက် မြောက်ကိုရီးယားနိုင်ငံနှင့် ဆွေးနွေးမှုများ ပြုလုပ်ရန်နှင့် ကိုရီးယားကျွန်းဆွယ် စစ်ရပ်စဲရေး သဘောတူညီချက်ကို “ငြိမ်းချမ်းရေး စနစ်” (peace regime) ဖြင့် အစားထိုးရန် တောင်ကိုရီးယား သမ္မတ လီဂျေမြောင် (Lee Jae Myung) က စနေနေ့ (ဩဂုတ်လ ၁၅ ရက်) တွင် တိုက်တွန်းလိုက်ပါတယ်။
ဂျပန် ကိုလိုနီအုပ်ချုပ်မှုမှ လွတ်မြောက်သည့် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မိန့်ခွန်းတွင် သမ္မတ လီဂျေမြောင်က နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးကြရန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ၁၉၅၀-၅၃ ကိုရီးယားစစ်ပွဲကို အပစ်အခတ် ရပ်စဲရေးဖြင့်သာ စစ်ပွဲ ရပ်တန့်ထားခဲ့သဖြင့် ငြိမ်းချမ်းရေး စာချုပ်ချုပ်ဆိုနိုင်ရေးနှင့် ပြုံးယမ်း၏ နျူကလီးယား စွမ်းရည်များကို ထိန်းချုပ်ရေးအတွက် ဆွေးနွေးရန် ၎င်းက တိုက်တွန်းခဲ့ပါတယ်။
လက်ရှိတွင် နှစ်နိုင်ငံ ဆက်ဆံရေးမှာ အေးစက်နေဆဲဖြစ်ပြီး မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် က တောင်ကိုရီးယားအား အဓိက ရန်သူအဖြစ် သတ်မှတ်ကာ ပေါင်းစည်းရေး မူဝါဒကို စွန့်လွှတ်ထားပါတယ်။ ထို့အပြင် သမ္မတ လီဂျေမြောင်က အိမ်နီးချင်း ဂျပန်နိုင်ငံနှင့် ပတ်သက်၍ အတိတ်ကို ရင်ဆိုင်ရင်း အနာဂတ်အတွက် လမ်းဖွင့်ထားရန်နှင့် ဂျပန်ကို “နီးကပ်သော အိမ်နီးချင်း” (close neighbour) အဖြစ် သတ်မှတ်ကာ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေး ထူထောင်လိုကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
Source – Reuters