ဩဂုတ် ၁၅၊ ၂၀၂၆
The Kaladan Post
ရွှေ့ပြောင်းနေထိုင်သူများအနေဖြင့် အုပ်စုလိုက် နယ်စပ်အား အတင်းအဓမ္မ ဖြတ်ကျော်ကြရန် လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်မှုများ ထွက်ပေါ်လာပြီးနောက် မြောက်အာဖရိကရှိ ၎င်း၏ နယ်မြေဖြစ်သော ဆေဦးတာ (Ceuta) ၌ စပိန်အစိုးရက ရဲနှင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေး အင်အားများကို သောကြာနေ့ (ဩဂုတ်လ ၁၄ ရက်) တွင် တိုးမြှင့်လိုက်ပါတယ်။
စပိန်သည် ရဲတပ်ဖွဲ့ဝင် ၅၀၀ ကျော် ထပ်မံ စေလွှတ်ခဲ့ပြီး စစ်သည်များကိုလည်း အစိုးရ အဆောက်အအုံများနှင့် စူပါမားကက်များ ရှေ့တွင် တပ်ဖြန့်ထားပါတယ်။ စပိန် ပြည်ထဲရေးဝန်ကြီး ဖာနန်ဒို ဂရန်းဒီး-မာလက်စကာ (Fernando Grande-Marlaska) က “ပုံမှန် အခြေအနေ ပြန်ရောက်ဖို့နဲ့ ဇူလိုင်လ ၃၀ ရက်နေ့ကလို ဖြစ်စဉ်မျိုး နောက်ထပ် မဖြစ်ပွားစေဖို့ လိုအပ်တဲ့ တပ်ဖွဲ့ဝင်မှန်သမျှကို ဆက်လက် တပ်ဖြန့်သွားမှာ ဖြစ်ပါတယ်” ဟု သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။
ပြီးခဲ့သည့် ဇူလိုင်လ ၃၀ ရက်နေ့က လူပေါင်း ၇၂,၀၀၀ ကျော် နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်ခဲ့ပြီး ၉၆ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်အပြီးတွင် ယခုကဲ့သို့ လုံခြုံရေး တင်းကြပ်လိုက်ခြင်း ဖြစ်ပါတယ်။ မော်ရိုကို ဘက်ကလည်း နဂိုမသိရသည့် လူမှုကွန်ရက် လှုံ့ဆော်မှုများကို စောင့်ကြည့်နေပြီး နယ်စပ်ဘက်သို့ ဦးတည်သည့် ကားများနှင့် ရထားများကို တားဆီး စစ်ဆေးလျက် ရှိပါတယ်။
နယ်စပ် ဖြတ်ကျော်ရောက်ရှိနေသည့် အသက် ၂၂ နှစ်အရွယ် ဒရစ်စ် ဆာဒစ် (Driss Sadik) က “ဖြတ်ကျော်ဖို့ ကြိုးစားနေသူတွေကို ကျွန်တော် အကြံပေးချင်တဲ့ အရေးကြီးတာတစ်ခုကတော့ အခုအချိန်မှာ မဖြတ်ကျော်ကြပါနဲ့ ညီအစ်ကိုတို့၊ မင်းတို့ ဒုက္ခပဲ ရောက်ကြပါလိမ့်မယ်” ဟု ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့ပါတယ်။
Source – Reuters